မမကို အခုလို ဖြစ်ဖို့ထိ မရည်ရွယ်ပေမဲ့ 'နှင်း'လောဘကြောင့် မမ သေဆုံး သွားခဲ့ ရတယ် ။ ကိုယ်တိုင်ကလဲ အပြစ်မကင်းတော့ 'ကို့'ကို ရင်ဆိုင်ဖို့ ကြောက်ရွံ့နေခဲ့ မိတယ် ။
ဒါပေမဲ့ အတ္တစိတ်က ကြီးစိုးနေတဲ့ မကောင်းတဲ့ စိတ်အခြမ်းကို 'နှင်း' အနိုင်မယူနိုင်ဘူး။

" 'ကို့'ကို အရင်ကရောအရမ်း ချစ်ခဲ့သလို အခုလဲ အရင်တုန်းကထက် ပိုပီး ချစ်နေတုန်း ပါဘဲ..."

လက်ထဲက ကော်ဖီ ခွက်လေးကို ပြန်ချလိုက်ပီး ကျနော် တစ်ချက်ပြုံး လိုက်သည်  ။

" ဒါဆို ... ငါနဲ့ လက်ထပ်မလား.."

ကျွန်မ ကိုယ့်နား ကိုပင် မယုံနိုင်...
'ကို'ဘက်က လက်ထပ်မလားတဲ့ ။
ဒီလို အခြေအနေမှာ 'ကို့'ဘက်က ဒီလိုစကားမျိုး ပြောထွက်လာ လိမ့်မယ်လို့ ကျွန်မ လုံးဝ မထင်ထားခဲ့တာ ။
ကျွန်မ ဘယ်လောက် မျှော်လင့် ခဲ့ရတဲ့ စကားလဲ ။ ကျွန်မ ရင်ထဲမှာ အပျော်ကြီး ပျော်နေ မိသည်.. 'ကို'ကို ပိုင်ဆိုင် ရဖို့အတွက် ဘယ်လောက်တောင် ကြိုးစား ခဲ့လိုက် ရသလဲ ။

" 'ကို' တကယ် ပြောနေတာလား ... 'နှင်း'က 'ကို'နဲ့ ဆိုရင် ဘယ်ချိန်ဘဲ ဖြစ်ဖြစ် လက်ထပ် နိုင်တယ် "

" ဒါဆို ...ငါမင်းနဲ့ နောက်အပတ် အတွင်း အမြန်ဆုံး လက်ထပ်ချင်တယ် ... "

" 'နှင်း' အကုန်လုံး စီစဉ်လိုက် ပါ့မယ် ...
ကျေးဇူးပါ'ကို' ...'နှင်း'ဆီ ကိုပြန်လာ ပေးလို့...."

စားပွဲပေါ် တင်ထားတဲ့ ကျနော့်ရဲ့လက်ကို အုပ်မိုးပီး ဆုပ်ကိုင် လာတဲ့ သူ့လက်တွေကို ကျနော် အကြောင်း အရင်းမဲ့ ကြည့်နေ မိသည် ။
ခဏအကြာ ကျနော့် နောက်လက် တစ်ဖက်နဲ့ သူ့လက်ကို ဖယ်ချ လိုက်ပီး...

" ဒါဆို ...ငါပြန်လိုက် အုံးမယ်....."

ထွက်သွားတဲ့ ကျောပြင်လေးကို ငေးကြည့်ရင်း ကျွန်မ ပြုံးလိုက် မိသည် ။
'ကို့'ကို ပိုင်ဆိုင် ရလိမ့်မယ်လို့ စိတ်ကူးသာယဉ် ဖူးတာ အခု လက်တွေ့ ပိုင်ဆိုင် ရတော့ မယ်ဆိုတော့ ကျွန်မ အတွက်တကယ်ကို ပီးပြည့်စုံသွား ရပါပီ ။

'ကို့'နဲ့ လက်ထပ်ပီးရင် ကျွန်မကောင်းကောင်း မွန်မွန် နေထိုင် တော့မယ် ။
'ကို့'ကိုလဲ အမြဲ စိတ်ချမ်း သာအောင် ထားမယ် ။ 'ကို'နဲ့ အတူ အေးချမ်းတဲ့ ကမ္ဘာလေး တစ်ခု တည်ဆောက် ချင်တာ ကျွန်မရဲ့ စိတ်ကူး အိမ်မက် တစ်ခုဘဲ ။
အခုတော့ လက်တွေ့ အကောင်အထည် ဖော်နိုင် တော့မယ် ။

 My Sunshine Where stories live. Discover now