2

455 38 0
                                    


*____ ကုမ္ပဏီမှာ အလုပ်မလုပ်ချင်ဘူး တခြားကုမ္ပဏီကလွတ်‌တဲ့‌နေရာမရှိတော့ဘူးလား။ အကြံပေးကြပါဦး*

ဝင်း တွစ်တာသုံးရင်းမှ ဖိုစ့် တင်ထားသောစာတန်းကိုမြင်လိုက်ရ၏။

"ချီးးး....သူဘာတွေလုပ်နေတာလဲ"

မယ်ထဝင်းမှာအိပ်ဖို့ပြင်နေရင်းမှ ထထိုင်မိ၏။ ဒီသူငယ်ချင်းလေးကတော့ အတင်းကိုရုန်းထွက်ချင်တဲ့ယုန်သူငယ်လေးလိုပင်။ သို့နှင့် ဘိုက် ကလည်းမနေ့က ဖိုစ့်ပြောသည့် လစာကိုလည်းသဘောတူလိုက်သည်မဟုတ်လား။

"မင်းးးး ဘာတွေလုပ်နေတာလဲ"

ထိုသို့ကောမန့်ပေးလိုက်ပြီး သူ့ပိုစ့်မှာလာမန့်ထားတဲ့ ၅ ယောက်လောက်ရဲ့စာတွေကိုဝင်ဖတ်လိုက်၏။

🦥_ဟေး..အဲ့ကုမ္ပဏီကကောင်းတယ်မို့လား.
Thammast ကျောင်းကဆင်းတဲ့သူတွေများတယ်တဲ့_

🐁_အရူးလား..ငါသာဆို အဲ့က သူဌေးငယ်ငယ်လေးနဲ့နေရတာနဲ့ကိုကျေနပ်နေပြီ~~_

🐈 Replied 🐁

🐈_ငါကောပဲ ဟိဟိ🤭_

🦫_ကံ‌ကောင်းလိုက်တာကွာ ငါဆိုခုထိအလုပ်မရှိသေးဘူး (TT)_

📖_ ဘာလို့ ကုမ္ပဏီက ဂျာကြီး ကိုတိုက်ရိုက်မေးမကြည့်တာလဲ 🤷@bbright_vc _

တစ်ယောက်တစ်မျိုးဆီနှင့် မန့်တွေကိုဖတ်အပြီး နောက်ဆုံးတစ်ယောက်ဟာ အကောင့်တစ်ခုကို မန်းရှင်း လုပ်ထား၏။
ထို့ကြောင့် ဘိုက် အကောင့်ဟုတ်လား သိချင်တဲ့ Win က ဝင်ကြည့်လိုက်၏။

BU ဘွဲ့ယူဝတ်စုံနဲ့ ခပ်ပြုံးပြုံးရိုက်ထားတဲ့သူ့ပုံဟာ နောက်ခံနေရောင်ခြည်နဲ့အတင်းကိုလှပနေတော့သည်။ Win ထိုပုံကိုအသာ save လိုက်သေးသည်။ ထို့နောက်အကောင့်ထဲ ဝင်စစ်မိ၏။

လွန်ခဲ့တဲ့ 5 ရက်ကပဲ ပုံတင်ထားပြီး သူမတ်တပ်ရပ်ကာ အဝေးကို‌မျှော်ကြည့်ရင်း‌ကော်ဖီသောက်နေပုံဖြစ်၏။ Caption ကတော့ ကော်ဖီခွက်ပုံလေးပင်။

"ကော်ဖီကြိုက်တာ ခုထိပဲ...အား...
ချစ်လိုက်တာ"

ကုတင်ပေါ်ကို လှဲချရင်းထိုပုံကြီးကို ချဲ့လိုက် ကြုံ့လိုက်ဖြင့် ကြည့်နေမိသည်။

I'm Fell (U+Z)Where stories live. Discover now