RVTIACF chapter-(33)

Start from the beginning
                                    

ဒီလူရှုပ်အပ်စုက သူတို့မိသားစုစီးပွားရေး အသီးသီးနဲ့ အဆက်အစပ်မရှိကြဘဲ အဲ့အစား အတူတူပျော်ပါးအပြင်ထွက်ကြလေ့ ရှိသည်။

ဒီအချိန်မှာတော့ သူတို့နားဝိုင်းနေတဲ့ တခြားအရက်သမားတွေကြောင့် နောက်ဝိုင်ပုလင်းကို ဖွင့်ဖို့ဖြစ်လာသည်။ သူတို့ရဲ့ စူးရှကျယ်လောင်တဲ့ ရယ်သံတွေက ဘားကတခြားဧည့်လာတွေကို ခေါင်းခဲစေသည်။

ယိချန်ထရပ်ပြီး သန့်စင်ခန်းကိုဝင်ကာ သူ့ကိုယ်သူနှိုးဖို့ ရေအေးအေးလက်တစ်ဖဝါးစာကို မျက်နှာပေါ် လောင်းချလိုက်ပြီး သူမော့ကာ မှန်သားထက်က သူ့ရဲ့ရောင်ပြန်ပုံရိပ်ကို ကြည့်နေမိသည်။

သူကလေး ငယ်ငယ်လေးကတည်းက ကျောင်းမှာအကျော်ကြားဆုံးသူ ဖြစ်ခဲ့သည်။ တက္ကသိုလ်ကို ရောက်ပြန်တော့လည်း သူ့အတန်းဖော်အများက ဘုရားသခင်လိုမျိုး မှတ်ယူကြပြန်သည်။ သူကဘက်စကတ်ဘော ကစားတဲ့အခါတိုင်း လူအများကြီးလာပြီး သူ့ကိုအားပေးလိမ့်မည်သာ။

သူ့ဘဝတစ်လျောက်လုံး အတော်ဆုံးလူဖြစ်ခဲ့တာကြောင့် ရှူထောင့်အများကြီးမှာ သက်တူရွယ်တူတွေထက် ရှေ့ကိုကြိုဦးနေတယ်လို့ ယုံကြည်ခဲ့၏။ အခုချူရှောင်းကို တွေးမိတော့ သူမကသူ့ထက် ခြေလှမ်းအတော်များများ ရှေ့ကိုကြိုလျောက်ထားပြီး သူ့ကိုဖုန်တောထဲမှာ ချန်ရစ်ထားခဲ့သည်။

မိသားစုကုမ္ပဏီမှာ အလုပ်သင်သင်ဝင်ပြီး.....ပရောဂျက်အစည်းအဝေးတွေ ဝင်ပါသည်.....သူတို့ကုမ္ပဏီ လေလံဆွဲတာနဲ့ ခြိမ်းခြောက်သည်...ေ*ာက်ကျိူးနည်း! သူကတော့ သူမိသားစုကုမ္ပဏီ လေလံဆွဲနေတာတောင် မသိရှာ။ ချူရှောင်းနဲ့ယှည်ရင် သူကတစ်နေကုန် ပိုင်ရွယ်ဝေ့သွားတဲ့နေရာတိုင်းကို အဖော်ပြုပေးနေတာပဲရှိသည်။

သူ့ကိုနောက်ချန်ထားခံရတဲ့ ခံစားချက်ကြီးက စိတ်တိုလာစေတာကြောင့် သူ့ရောင်ပြန်ပုံရဲ့ အလယ်ကိုပဲစူးစူးနစ်နစ် စိုက်ကြည့်နေမိသည်။ လက်သီးကိုလည်း ခပ်တင်းတင်းဆုပ်ထားကာ နောက်ဆုံးတော့ သူ့ဆုံးဖြတ်ချက်အတိုင်း လုပ်လိုက်၏။

သူ့ဖုန်းကိုထုတ်ပြီး ယိကျန့်ဟုန်ကိုခေါ်တာပြောလေသည်။

"အဖေ...ကျွန်တော်....ကုမ္ပဏီကို ဝင်ချင်တယ်?"

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now