Chapter(390) - အကြီးအကျယ် ရန်ဖြစ်ကြခြင်း

Start from the beginning
                                    

"အဲ့ဒါနဲ့ပဲ ကျွန်တော့်ကို စတေးလိုက်ဖို့ အဖေ့ကို အဆိုပြုလိုက်တယ်ပေါ့?"

လန်ဂျီရွှယ်က သူ့ကိုယ်သူ အဆင်သင့်ပြင်လိုက်ပြီး ပြန်ဖြေသည်။

"အဲ့ဒါက စတေးခံတယ်လို့ သတ်မှတ်လို့ မရဘူးလေ။ ပိုင်မိသားစုရဲ့ သခင်မလေး ပိုင်ဟဲစုက ပိုင်မိသားစုခေါင်းဆောင် ပိုင်ရိချန်ရဲ့ အနှစ်သက်ဆုံး ဆက်ခံသူပဲ။ ပိုင်မိသားစုမှာ သခင်လေး မရှိသေးတဲ့အပြင် ပိုင်မိသားစုရဲ့ ခေါင်းဆောင်ကလည်း ပိုင်ဟဲစုသာ လက်ထပ်လိုက်တာနဲ့ ပိုင်ဟဲစုကို ချက်ချင်း သခင်လေးနေရာပေးမယ်လို့ ကိုယ်တိုင်ကိုယ်ကျ ကတိပေးထားဘူးတယ်။ ပိုင်မိသားစုက ဟွမ်ဖူမိသားစုကို ကူညီပေးဖို့ အရာအားလုံး လုပ်ပေးမှာ။ သြဇာအာဏာရှိတဲ့ မိသားစုပဲဖြစ်ဖြစ် ဂိုဏ်းတွေကပဲ ဖြစ်ဖြစ် ပိုင်မိသားစုကိုတော့ မျက်နှာသာပေးကြတာပဲ "

"အဲ့ဒီတော့ ဟွမ်ဖူမိသားစုရဲ့ ဂုဏ်ကျက်သရေက ခင်ဗျားနဲ့ ဘာများ သက်ဆိုင်နေလို့လဲ?"

ဟွမ်ဖူဂျင်သည် လန်ဂျီရွှယ်အား ဖြစ်ညှစ်ပြီး သတ်ပစ်ချင်နေသည်။

"ခင်ဗျားရဲ့ နှလုံးသားထဲမှာ ကျွန်တော့်ရဲ့ လက်ထပ်ခြင်းက ခင်ဗျား နှစ်သက်သလို တန်ဖိုးဖြတ်လို့ရတဲ့ ဈေးနှုန်းတစ်ခုပဲလား? ဟွမ်ဖူမိသားစုက ခင်ဗျားကို စားဖို့သောက်ဖို့ နှစ်အနည်းငယ် ပေးခဲ့တာနဲ့ပဲ ငယ်ငယ်ကတည်းက မိသားစုအပေါ် ကူညီဖို့ အသေစိတ်ပိုင်းဖြတ်ထားတယ်။ ကျွန်တော်ကျတော့ အစပိုင်း နှစ်နှစ်မှာ ခင်ဗျားကို အနိုင်ကျင့်ခဲ့တာကလွဲရင် ကျန်တဲ့ အနှစ် နှစ်ဆယ်မှာ ခင်ဗျားကိုပဲ ဂရုစိုက်ပြီး ခင်ဗျားကိုပဲ အာရုံစိုက်ထားတဲ့အပြင် နေရာတိုင်း ခင်ဗျားကိုပဲ ပထမနေရာမှာ ထားခဲ့ပြီး ခင်ဗျားအပေါ်မှာပဲ စိတ်ပိုင်းဖြတ်ထားခဲ့တာ မဟုတ်ဘူးလား? လန်ဂျီရွှယ်, တကယ်ပဲ ခင်ဗျားရဲ့ နှလုံးသားကို တူးထုတ်ပြီး ကျောက်တုံးနဲ့များ လုပ်ထားတာလားလို့ ကြည့်ချင်တယ်!"

ဟွမ်ဖူဂျင်သည် ၎င်းက သည်းခံဖို့ အလွန်အမင်း ခက်ခဲသည်ဟု ခံစားနေရသည်။ လန်ဂျီရွှယ်က သူ့ကို ညီငယ်လေးအဖြစ်၊ ဂိုဏ်းတူဂျူနီယာ အဖြစ်သာ အမြဲတမ်း သဘောထားပြီး သူ့အပေါ်ထားသည့် စိုးရိမ်မှုနှင့် ယုံကြည်မှုက အချစ်ရေးနဲ့ အမြဲတစေ မသက်ဆိုင်ကြောင်း သူသိသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းOn viuen les histories. Descobreix ara