Chapter(390) - အကြီးအကျယ် ရန်ဖြစ်ကြခြင်း

Start from the beginning
                                    

လန်ဂျီရွှယ်ကတော့ ဟွမ်ဖူဂျင်အား ရူးသွပ်စွာ ဒေါသပေါက်ကွဲပြနေသည့် ကလေးငယ်တစ်ယောက်ကို ကြည့်သလိုသာ ကြည့်နေပြီး ခေါင်းကိုက်မှုတစ်ချို့ ခံစားလိုက်ရသော်လည်း ရင်ထဲတော့ ခံစားသွားမိသည်။

"အားဂျင်, ဒီကိစ္စက မင်းထင်ထားသလို မဟုတ်ဘူး"လန်ဂျီရွှယ်က သူ့နှဖူးအား ဖိထားရင်း နူးညံ့စွာ ပြောသည်။

"ကျွန်တော်ထင်သလိုမဟုတ်ဘူး, ဒါဆို ဘာလဲ?" ဟွမ်ဖူဂျင်က အလွန်အမင်း ဒေါသထွက်နေသည်။

"သူတို့က ကျွန်တော့ကို လှည့်စားဖို့အတွက်နဲ့ ခင်ဗျားက ကျွန်တော့်ကို လက်ထပ်ထိမ်းမြားပြီး ကလေးယူခွင့်ပေးခဲ့တယ်တဲ့ ပြီးတော့ မင်္ဂလာဆောင်ကျရင် ဧည့်ခံပွဲရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပြန်လာခဲ့လိမ့်မယ်လို့တောင် ပြောသေးတာ။ ဖွီး! သူတို့ ဒီထက်ပိုပြီး ပေါက်ကရဆန်တဲ့ စကားတွေ ပြောလို့ ရဦးမလား!?"

လန်ဂျီရွှယ်ရဲ့ မျက်စံများက အနည်းငယ် ပြောင်းလဲသွားပြီး တိတ်တဆိတ် မျက်လွှာချသွားခဲ့သည်။

ဟွမ်ဖူဂျင်သည် ထိုပုံစံအား မြင်သောအခါ ရုတ်တရက် အံ့အားသင့်သွားတော့လေသည်။ သူက လန်ဂျီရွှယ်အား အချိန်အတော်လေး ကြာသည်အထိ စိုက်ကြည့်နေပြီးမှ မယုံကြည်နိုင်စွာ ပြောလာခဲ့သည်။

"စီနီယာအစ်ကိုကြီး, ခင်ဗျားတကယ်ပဲ အဲ့ဒီလိုမျိုး အလေးအနက် တွေးထားခဲ့တယ်လို့တော့ မပြောနဲ့နော်"

လန်ဂျီရွှယ်က ခေါင်းညိတ်ပြလာသည်။

"ငါတကယ်ပဲ အဲ့ဒီလို ပြောခဲ့တယ်"

ဟွမ်ဖူဂျင်မှာတော့ မိုက်မဲတဲ့ လက်သီးနဲ့ အထိုးခံလိုက်ရသလိုပင်

"ဘာလို့လဲ?"

လန်ဂျီရွှယ်က သက်ပြင်းချသည်။

"မင်းက မငယ်တော့ဘူး, ပြီးတော့ ဟွမ်ဖူမိသားစုထဲက အခြေအနေကိုလည်း သဲသဲကွဲကွဲ မသိပြန်ဘူး။ ဟွမ်ဖူမိသားစုရဲ့ ဂုဏ်ကျက်သရေကို ထိန်းသိမ်းဖို့ တစ်ခုတည်းသော နည်းလမ်းက ပိုင်မိသားစုနဲ့ ပေါင်းစည်းလိုက်ဖို့လေ"

ဟွမ်ဖူဂျင်ရဲ့ အသံက တုန်ယင်နေပြီး အံကို တင်းတင်းကြိတ်ကာ ပြောလာသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now