အို!!..

*ဒီမျောက်မသား မနက်စောစောစီးစီးလည်းမဟုတ် အဲ့ဒါဖြစ်နေတာလား*

"မင်းကျန်းမာရေးကောင်းရဲ့လား နေရင်းထိုင်ရင်း အဲ့လိုထဖြစ်တဲ့သူကို မတွေ့ဖူးဘူး။ ကိုယ့်အသိဆရာဝန် ရှိတယ် ပြကြည့်မလား"

အဲ့ဒါ ကိုသျှန်းကြောင့်လေ အစ်ကို  ကျွန်တော့်ကို မြှူဆွယ်လို့ဖြစ်တာ

"အင့်.. ကျွန်တော် ရေချိုးခန်းထဲပဲ သွားလိုက်မယ်"

"ကိုယ်စောင့်နေမယ် လုံးဝအဆင်မပြေတော့ဘူးဆိုရင် ဆရာဝန်ဆီ သွားကြတာပေါ့"

"ဟုတ်..ကဲ့"

ရှက်လိုက်တာ ရှက်လွန်းလို့အငွေ့ပျံသွားချင်သည်။

အောက်ကကောင်မှာ မြင်မကောင်းလောက်အောင် ဒေါကန်နေပြီမို့တတ်နိုင်သမျှ လမ်းကို မြန်မြန် လျှောက်လိုက်သည်။
ရေချိုးခန်းထဲရောက်သည်နှင့် လက်တစ်ဖက်ကိုအလုပ်ပေးကာ ခပ်မြန်မြန်ဖြေလျှော့ လိုက်၏။

၅မိနစ်...

၁၀ မိနစ်...

"လိမ္မာစမ်းပါ ငါ့ကောင်ရယ် မင်းတောင်းဆိုတဲ့ဟာက အခုတော့မရနိုင်သေးဘူးလေ "

ရေချိုးခန်းတွင် တစ်ယောက်တည်း တိုက်ပွဲပြင်းထန်နေသလို အပြင်ဘက်တွင်လည်း

အာကာနက်သျှန်း လည်း ထိုင်နေရတာပျင်းလာသည်နှင့် အခန်းတွင်လျှောက်ပတ်ကြည့်ရင်း စာကြည့်စားပွဲခုံမှာ တင်ထားတဲ့ဓာတ်ပုံလေးကို စိတ်ဝင်စားလို့ယူကြည့်လိုက်သည်။

ကလေးလေး၄ယောက် ရဲ့ ပုံဖြစ်ပြီး ကလေးတွေအားလုံးက တစ်ယောက်နှင့်တစ်ယောက် ပုခုံးဖက်ထားကြသည်။ဘယ်ဘက်ထောင့်စွန်းက ကလေးက ဓနဘုန်းဉာဏ်၊ သူ့ဘေးက ကလေးက ရာဇဘုန်းဥာဏ်

*အဟင်း မျောက်မသားက ဆူပုတ်ပုတ်လေး*

နောက်တစ်ယောက်က စံမြန်းထိပ်ထား
ညာဘက်အစွန်ဆုံးက ကောင်လေးက ဘယ်သူလဲ မျက်နှာလေးကို ရင်းနှီးပေမဲ့ ဘယ်လိုမှ စဥ်းစားလို့မရ

"ဟေ့!"

တံခါးဝကထွက်ပေါ်လာသည့် ခွေးအိုကြီးရဲ့ အသံကြောင့် ဓာတ်ပုံကိုပြန်ချလိုက်သည်။

𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞𝐬 Where stories live. Discover now