"ဘယ်လိုလဲ ခေါင်းနည်းနည်းကြည်သွားပြီးလား ဟင်"

"အင်း အဆင်ပြေသွားပြီ ပြန်တော့မယ်"

"ကိုသျှန်းကလည်း လောလိုက်တာ ကျွန်တော် ဘာမုန့်မှတောင် မကျွေးရသေးဘူး ခဏစောင့်"

"ရ.."

"မစားမချင်း မပြန်ရဘူး"

ထို့နောက် အခန်းထောင့်ရှိ ရေခဲသေတ္တာကို ဖွင့်ကာ ရှိသမျှမုန့်တွေ အကုန် ထုတ်နေသည့် မျောက်မသားလေးအား ထိုင်ကြည့်နေလိုက်သည်။

"ဒါလေးစားကြည့်ပါလား မုန့်ရဲ့ အပြင်သားက ကြက်ဥနဲ့ လုပ်ထားတာမို့ အိအိလေး"

လက်ထဲသို့ အနက်ရောင်မုန့်ဘူးလေး ထည့်ပေးလာတာကြောင့် ယဥ်ကျေးမှုအရ တစ်ခုလောက်တော့ စားပေးရမည်။

မုန့်လေးကလည်း စားချင်စရာအတိပင်
အပြင်သားလေးက ဝါဝင်းနေပြီး တို့ကြည့်လိုက်တာနဲ့ ဘယ်လောက်ထိအိကြောင်း သိနိုင်သည်။ လက်ညှိုးနှင့်လက်မကို သုံး၍ မုန့်တစ်ခု ယူလိုက်ပြီး ဖြည်းညှင်းစွာ ကိုက်လိုက်သည်။အထဲတွင် စတော်ဘယ်ရီယိုပါ၍ အရသာက လုံးဝပြည့်စုံနေ၏။

စတော်ဘယ်ရီယို က လက်မကို ဖြတ်၍ လက်ဖဝါးထိပါ ယိုစီးလာသည်မို့  လျှာနှင့် အသာအယာလေး လျက်လိုက်မိသည်။

ရှေ့မှာ လူရှိနေတာကိုမေ့သွားပြီး မယဥ်ကျေးတဲ့ အပြုအမူတွေ လုပ်လိုက်တာပဲ

ဘာလုပ်လိုက်တာလဲ

ကိုသျှန်းက သူ့ကိုဘာလုပ်ပြလိုက်တာလဲ

တငွေ့ငွေ့ပူတက်လာသည့် အောက်ပိုင်းရပ်ဝန်းကို လျစ်လျူရှုလိုက်သော်လည်းမရ ပိုပြီးပူတက်လာသည်။

*အောက်ကကောင် ငါ့ကို သောက်ရှက်မခွဲနဲ့...*

ပေါင်နှစ်ဖက်ကို အတင်းစိကာ ကြိတ်မှိတ်ခံစားနေရသည်က တကယ့်ငရဲပင်

"ဟေး မင်းဘာဖြစ်တာလဲ မျက်နှာကြီးနီလို့
ဗိုက်အောင့်တာလား"

"ဟင့်အင်း"

"အကောင် ကိုက်သွားတာလား ကိုယ့်ကိုပြ"

စိတ်မြန်လက်မြန်လုပ်တတ်သည့် ကိုယ့်အကျင့်အတိုင်း ကောင်စုတ်လေးရဲ့  ပေါင်ပေါ်တင်ထားတဲ့ လက်ကိုဆွဲဖယ်....

𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞𝐬 Where stories live. Discover now