"ဖိအားမ​ပေးတာ အ​ကောင်းဆုံးပဲ။ လူနာက အရမ်းဖိအားများ​နေပုံရတယ်။ ​ဒီ​နေ့ပြပွဲအတွက်လည်း စိတ်ဖိစီးမှု​တွေ များ​နေသလိုပဲ"

ကုတင်​ပေါ်မှာ ငူငူကြီးထိုင်​​နေ​သော JungKookမှ...

"အချစ်​လေး... ကိုယ့်​နောက်လိုက်လာတာမလား ဟုတ်တယ်မလား"

​သူ​ခေါ်လိုက်တဲ့​နေရာကို အားလုံးလှည့်ကြည့်​မိ​ပေမယ့် ဘယ်သူဆို ဘယ်သူမှမရှိ။
JungKookဆိုတဲ့ စိတ်​ဝေဒနာရှင်က တစ်​လောကလုံးကလူ​တွေကို အာရုံထဲက ​မေ့​ဖျောက်ထားပုံရသည်။

Schizophrenia စိတ်ကစဥ့်ကလျား​ရောဂါ​၏ အဓိကလက္ခဏာအ​​နေနဲ့ ​ပေါ်လာ​သော Kim Taehyungဆိုသည့်​ကောင်​လေးကိုသာ အ​တွေးထဲရှိ​နေပုံရသည်။

ဒီ​​ဝေဒနာ၏ သ​​ဘောတရားက သူ့စိတ်ထဲဖြစ်​ချင်​နေသမျှကို မဖြစ်ဖြစ်​အောင် ဖန်တီးယူလိုက်တာမျိုး။
သူ့ကမ္ဘာသူဖန်တီးပစ်တာမျိုး။

မျိုးရိုးလိုက်ခြင်း သို့မဟုတ် ဦး​နှောက်ပိုင်းဆိုင်ရာ ချို့ယွင်းခြင်း​ကြောင့် ဖြစ်တတ်​သော်လည်း Jeon JungKookက​တော့ ပတ်၀န်းကျင်ဖိအား​ကြောင့် ဖန်တီးယူလိုက်ခြင်းဖြစ်သည်။

နှစ်​ပေါင်းများစွာ ​ကျောင်းစာတစ်ခုတည်းကို စိတ်နှစ်ခဲ့ရခြင်း၊ အ​ဖော်မဲ့အထီးကျန်ခြင်းနှင့် မိသားစုဖိအားများကို ခံစားခဲ့ရ​သောအခါ သူလိုချင်တဲ့ အ​ပေါင်းအသင်းတစ်​ယောက်ကို စိတ်၏အတွင်းဘက်ဆုံးတစ်​နေရာမှ ဖန်တီးမိခြင်း။

ကံဆိုးချင်​တော့ အဲ့ဒီလူကိုမှ နက်နက်ရှိုင်းရှိုင်းချစ်မိသွား​လေပြီ။
သာမာန်လူတစ်​ယောက်ကို ဖန်တီးမိရင်​တောင် ​မေ့​ဖျောက်ပစ်ဖို့ခက်တဲ့ ဒီ​စိတ်​​ဝေဒနာ။
သူ့အလှည့်ကျ Kim Taehyungက သာမာန်လူတစ်​ယောက်ထက် ​ကျော်လွန်၍ ချစ်မိသူ။

နှလုံးသားကြီးတစ်ခုလုံး၊ ဘဝကြီးတစ်ခုလုံး ပုံ​ပေး၍ အပျက်စီးခံ၍ ချစ်ချင်သူ။

ကိုယ့်အချစ်က ကိုယ့်အတွက်​တော့ အရာရာပါ။
တခြားလူ​​တွေအတွက် မမြင်ရသူဆို​ပေမဲ့​ပေါ့...။
____

ဒီအ​တောအတွင်းမှာ JungKookရဲ့ စိတ်​ဝေဒနာက တစ်စထက်တစ်စဆိုးလာသည်။
အဓိက အ​ကြောင်းအရင်းမှာ လူနာကိုယ်တိုင်​​ပျောက်ကင်းလို​သော ဆန္ဒမရှိခြင်း။

𝘐𝘯𝘷𝘪𝘴𝘪𝘣𝘭𝘦 𝘚𝘵𝘳𝘪𝘯𝘨Where stories live. Discover now