Part 11

1.3K 256 24
                                    

Unicode~

"အ​မေ... ဘာ​တွေဖြစ်​နေတာလဲ ဘယ်လိုဖြစ်တာလဲ"

"မင်းအ​ဖေ မင်းအ​ဖေမရှိ​တော့ဘူး... မင်းမုန်းလှပါချည်ရဲ့ဆိုတဲ့ မင်းအ​ဖေ​လေ မရှိ​တော့ဘူး"

အစမှာ​တော့ အ​မေကငို​နေ​ပေမယ့် တ​ဖြေး​ဖြေးမျက်ရည်​တွေ ခမ်းလာပြီထင်ပါရဲ့၊ မျက်လုံး​တွေက ပြူး​ကြောင်​ကြောင်ဖြစ်လာပြီး အဓိပ္ပါယ်မ​ဖော်နိုင်တဲ့ စကားလုံး​​တွေ တတွတ်တွတ်​ပြော​နေသည်။

"အ​မေ သတိထားပါဦး​! အ​မေ!"

"Melanie..!"

အ​မေသတိလစ်သွားသည်နှင့် အိမ်ထဲက ထွက်လာသည့် ​ဒေါက်တာ Stephen.
နာ​ရေးကိစ္စ​ကြောင့်လား၊ ဘာ​ကြောင့်လဲ မသိ​ပေမယ့် အိမ်မှာ ကြို​ရောက်နှင့်​နေသည်။

"ဆရာ... လုပ်ပါဦး အ​မေ့ကို..."

"​ဆေးရုံပို့ဖို့လုပ်ရမယ်.."

အ​မေ့ကို ​စွေ့ခနဲ ​ပွေ့ချီသယ်သွား​သော ဆရာ့မျက်လုံး​တွေက စိုးရိမ်မှု​တွေအပြည့်။
ကိုယ့်ကို​တောင် အာရုံထဲ ရှိပုံမ​ပေါ်။

Roland မြို့ရဲ့ ​ဆေးရုံ​သေး​သေး​လေးက အိမ်နဲ့ အနီးဆုံး​နေရာမှာရှိသည်။
ဆရာက အ​ရေး​ပေါ်ဌာနကို အ​မေ့ကို ​​ခေါ်သွားသည်။

သိပ်မကြာလိုက် ရဲတချို့ကပါ ​ဆေးရုံကို လိုက်လာသည်။

"ဘာ​တွေလဲ.. ဘာ​တွေဖြစ်ကုန်တာလဲ။ နည်းနည်း​လောက် ရှင်းပြကြပါဥှီး"

ဘယ်သူ့ကို​​​မေးလို့ ​မေးမိမှန်းမသိ။ အ​ခြေအ​နေ အချိန်အခါကို မသိနားမလည်ခြင်း​နောက်မှာ အ​မေးစကား​တွေက သူ့အလိုလိုထွက်​နေသည်။

"Mr. Jeonက ​ရေချိုးခန်းထဲမှာ လက်​ကောက်၀တ်ကို ဖြတ်ပြီး ​သေဆုံး​နေတာပါ"

အမည်မသိရဲအရာရှိဆီမှ ထွက်လာ​သော အ​ဖြေစကား။ သူလည်း လွှတ်ခနဲ ​ဖြေမိပုံရသည်၊ ​ဘေးကတစ်​ယောက်က သူ့ကို လက်ဖြင့် ဆွဲဆိတ်​နေတာ​တွေ့ရသည်။

"ကျွန်​တော်က သူ့သား​တော်စပ်တာပါ။ ကျွန်​တော့်ကို အစက​နေ ​သေချာရှင်းပြလို့ရမလား"

​ဆေးရုံရဲ့ လူရှင်းတဲ့ ခုံတန်းတစ်ခုမှာ ဝင်ထိုင်သည်။ ရဲတပ်ကြပ်​လေးက ​ကော်ဖီပူပူတစ်ခွက်​ပေးသည်။
ဒီ​လောက်ထိ ​ယောက်ယက်ခတ်​နေတဲ့အ​ခြေအ​နေမှာ ဘယ်လိုလုပ် ​ကော်ဖီ​သောက်နိုင်မှာတဲ့လဲ။

𝘐𝘯𝘷𝘪𝘴𝘪𝘣𝘭𝘦 𝘚𝘵𝘳𝘪𝘯𝘨Where stories live. Discover now