​တွေ့လား.. ကျွန်​တော်က ​မောင့်အတွက် သိပ်အသုံးဝင်မ​နေပါဘူး။ စိတ်ဒုက္ခ​ပေးရုံသက်သက် ​ရောက်လာတဲ့လူလိုပဲ။
​မောင့်အတွကိ ပါရမီဖြည့်​ပေးဖို့ဆို ​ဝေး​ရော​ပေါ့။

ဒီအတိုင်း ကိုယ်အသုံးမကျတာ​လေး​တွေပဲ ကွက်​တွေးပြီး ​မောင့်အနားက ထွက်ခွာသွားသင့်တာ။
​____

"ဘာလို့ ​ခေါ်တာလဲ! ကျွန်​တော် သူနဲ့စကား​ပြော​နေတာ မမြင်ဘူးလား"

"Jeon JungKook! စိတ်ထိန်းစမ်းပါ.. အခု မင်းကို ​ကျောင်းက နားခိုင်း​တော့မယ် သိရဲ့လား!"

Melanieက သူ့သားရင်ဘတ်ကို တဘုန်းဘုန်းထုပြီး ငိုလိုက်​အော်လိုက် ​ပြော​နေ​ပေမယ့် ​JungKookက နား​ဝေတိမ်​တောင် ဟိုကြည့်ဒီကြည့်။

မိခင်တစ်​​ယောက်အ​နေနဲ့ သားဖြစ်သူရဲ့​ဝေဒနာကို ကြည့်ရင်း ရင်ကွဲလုလု။
ဝဋ်ကြီးလိုက်တာ သားရယ်... မရှိတဲ့လူကိုမှတဲ့လား။
​အ​မေဘယ်လို​ဖြေသိမ့်ရမလဲ​​တောင် မသိ​တော့ဘူး။

နုတစ်ခါကြမ်းတစ်လှည့်ဖြစ်​နေ​သော သူ့စိတ်​ကြောင့် JungKookအတွက် ပိုခက်ခဲမှာစိုးရိမ်ရသည်။
ဒီ​​ဝေဒနာကို ဘယ်လိုကိုင်တွယ်ရမလဲမသိသူမို့ စမ်းတဝါး​ဝါးဖြစ်လှပြီ။

"​ဒေါက်တာ.. တစ်ခုခု လုပ်ပါဦး"

"ကျွန်​တော် အကြံ​​ပေးချင်တာက​တော့ ​ကျောင်းနားလိုက်ပါ။ ဒီစာသင်နှစ် တစ်နှစ် နှစ်နှစ်​လောက်ပါပဲ"

"ဒါဆို JungKookက သူ့အတန်း​ဖော်​တွေနဲ့ ယှဥ်ရင် ​နောက်ကျ ကျန်​နေမှာ​ပေါ့"

"အဓိကနဲ့ သာမညကို ခွဲခြားထားပါ မဒမ်"

"ဟုတ်တယ် အန်တီ။ JungKookက အရမ်းဉာဏ်​ကောင်းတာပဲမလား။ အရမ်း​လည်း နောက်မကျပါဘူး။ သု​တေသန​တွေဆိုတာကလည်း သူ​နေ​ကောင်းချိန် အိမ်မှာ လုပ်လို့ရတာပဲ​လေ"

Andreက ​​ဖျောင်းဖျောင်းဖျဖျ​ပြောဆိုရှာသည်။
ဒီလိုအချိန်မှာ ​ဝေဖန်သင့်ရဲ့လားမ​သေချာ​ပေမယ့် အန်တီMelanieက အတ္တကြီးလွန်းသည်။
ပညာ​ရေးနဲ့ ပတ်သက်ပြီး သူ​ပေးသမျှဖိအား​တွေက JungKookဆီ တိုက်ရိုက်သက်​​ရောက်​နေတာကို သူမသိဘူးလား။

𝘐𝘯𝘷𝘪𝘴𝘪𝘣𝘭𝘦 𝘚𝘵𝘳𝘪𝘯𝘨Where stories live. Discover now