Chapter(389) - မြောက်မြားလှသည့် မစ်ရှင်များ

Start from the beginning
                                    

လန်ဂျီရွှယ်၏ အမူအယာထဲမှာ စိုးရိမ်မှု ခပ်ဖျော့ဖျော့ လေးပေါ်လာသည်။ သူ့ရဲ့ သိမ်မွေ့ပြီး ကြော့ရှင်းသော မျက်နှာက စိတ်ပူပန်မှုတစ်ချို့ဖြင့် အရောင်ပြောင်းသွားခဲ့လေသည်။

"အဲ့ဒါကြောင့် ဂိုဏ်းသခင်က စိတ်မရှည် ဖြစ်လာပြီး ငါတို့ကို ဒီထဲ ခိုးဝင်စေချင်ခဲ့တာကိုး"

"အဲ့ဒါအပြင်ကို သူက ခင်ဗျားတို့ကို တစ်ခြားတာဝန်တွေလည်း ပေးလိုက်သေးတယ် ဟုတ်တယ်မှတ်လား?"

လင်ရွှမ်းဇီက ထပ်မေးသည်။

လန်ဂျီရွှယ်က လင်ရွှမ်းဇီအား ခြောက်ကပ်ကပ် အပြုံးဖြင့် ကြည့်လာသည်။

"ရွှမ်းဇီ, ငါ မင်းနဲ့ နည်းနည်းလေးပဲ အဆက်အသွယ်ရှိလို့သာ မဟုတ်ရင် ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက် သိနေတာကြာပြီလို့ ထင်မိလိမ့်မယ်။ ငါ့ရဲ့ လှုပ်ရှားမှုတိုင်းက မင်းဆီက အမြဲမြင်ခံနေရပြီး ဖုံးကွယ်ထားဖို့ နေရာမရှိဘူး"

ယန်ထျန်းဟန်၏အမူအရာမှာ မည်းမှောင်သွားပြီး လင်ရွှမ်းဇီကို စိုက်ကြည့်နေသည်။

လင်ရွှမ်းဇီသည်လည်း နာကျင်မှုတစ်ချို့ ခံစားလိုက်ရ၏။

လန်ဂျီရွှယ်က ဘာဖြစ်နေမှန်း သူမသိဘူး။ သူ့ဘက်က လင်ရွှမ်းဇီကို ပြောသမျှ စကားလုံးတိုင်းက မရေမရာနဲ့ ဝေတေဝါးတား အဓိပ္ပါယ်တွေကြီးပဲ။ ဒါပေမဲ့ ကောင်းကင်ဘုံက သက်သေပြနိုင်ပါတယ် ဒါတွေအားလုံးက သူ့နောက်ဆုံးဘဝတုန်းက လန်ဂျီရွှယ်နဲ့ သူ့ရဲ့ ခင်မင်မှုကြောင့် လန်ဂျီရွှယ်ရဲ့ စရိုက်ကို ကောင်းကောင်း နားလည်နေတာ တစ်ခုတည်းပါပဲ။ ဒါကသာ လန်ဂျီရွှယ် အမှန်အတိုင်းပြောနေတာလား လိမ်နေတာလား ဆိုတာကို တစ်ချက်ကြည့်လိုက်တာနဲ့ သိနိုင်တဲ့ တစ်ခုတည်းသော အကြောင်းပြချက်ပဲ!

လင်ရွှမ်းဇီအနေနဲ့ ဆက်ပြီးတော့သာ မေးလိုက်ရသည်။

""ဒါဆို ခင်ဗျားရဲ့ တခြားပန်းတိုင်က ဘာလဲ?"

လန်ဂျီရွှယ်က ခဏလောက် စဉ်းစားပြီး အုပ်စုကို လှည့်ကြည့်လိုက်သည်။

"အခြားရည်ရွယ်ချက်ကတော့ နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲမှာ ဝိညာဉ်ချီစုဆောင်းတဲ့ ကိရိယာကို ရှာဖို့ပဲ။ မှော်ရတနာရဲ့ တည်နေရာအတိအကျက မသေချာသေးပေမယ့် နတ်ဆိုးသားရဲ သစ်တောရဲ့ အနောက်ဘက် အစွန်းဆုံးနားလောက်မှာ ရှိလောက်မယ်"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now