Chapter(389) - မြောက်မြားလှသည့် မစ်ရှင်များ

Start from the beginning
                                    

အခုချိန်မှာ ကိစ္စများက ထိုအထိ ရောက်လာပြီ ဖြစ်တာကြောင့် လန်ဂျီရွှယ်သည်လည်း ဂိုဏ်းသခင်ကို ကာကွယ်ပေးချင်သည့် အကြံများ ပျောက်ဆုံးသွားပြီး လင်ရွှမ်းဇီအား ပြန်ကြည့်လာ၏။

"အမှန်အတိုင်း ပြောရရင်တော့ ဂိုဏ်းသခင်က ဒီထဲမှာ ငါတို့ကို တစ်စုံတစ်ယောက်ကို ရှာခိုင်းလိုက်တာ"

"ဘယ်သူလဲ?"

"ငါတို့ ကောင်းကင်တောင်ထွတ်ဂိုဏ်းရဲ့ ဂိုဏ်းသခင်လေး ရန်ဖူယောက်"

လန်ဂျီရွှယ်က ပြန်ဖြေသည်။

ဂျီယွန်ဝေမှာ ပိုလို့ပင် ဆွံအသွားမိသည်။ သူက နှုတ်ခမ်းများအား တွန့်ကွေးလိုက်ရင်း လှောင်ပြောင်တော့လေသည်။

"ကောင်းကင်တောင်ထွတ်ဂိုဏ်းက ငါတို့ ဂျီမိသားစုကို တကယ်ပဲ မျက်စိထဲ ထည့်မထားဘူး။ လတ်စသတ်တော့ သူတို့က လူတစ်စုလောက်ပဲ ပို့လိုက်တာ မဟုတ်ဘူးပဲ။ သူတို့က အတွေ့အကြုံရှာဖို့အတွက် ဂိုဏ်းသခင်လေးကိုတောင် ဒီထဲ ပစ်ထည့်ဖို့ ဆန္ဒရှိတယ်။ မင်းတို့တွေ ဒီကိစ္စကို ငါတို့ဂျီမိသားစုဆီက တိတ်တဆိတ် ဖုန်းကွယ်ထားမှသာ ငါတို့ ဂျီမိသားစုက တစ်ခြားသူတွေအပေါ် စိတ်ထားကျဉ်းမြောင်းပြီး တွက်ကပ်တတ်တဲ့ပုံ ပေါက်တော့တယ်"

လန်ဂျီရွှယ်က သူ့အား လှောင်ပြောင်ပြောဆိုသည့် သရော်စကားများကို ဒီအတိုင်း ပြောခွင့်ပေးထားသည်။

ယွမ်ထျန်းဝမ်က မေးသည်။

"ရန်ဖူယောက်က ဘယ်အချိန်လောက်က ဒီကို ဝင်လာခဲ့တာလဲ?"

လန်ဂျီရွှယ်က ပြန်ဖြေသည်။

"လွန်ခဲ့တဲ့ နှစ်လလောက်ကပါ"

"အဲ့ဒီလောက် စောတာလား?"

ချင်းကျူက လန်ဂျီရွှယ်အား စာနာစိတ်ဖြင့် ကြည့်လိုက်သည်။

"နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲကို လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက ထွက်သွားတယ် ဆိုရင် အသက်ရှင်ရက် ထွက်ခွာသွားနိုင်မယ့် ဖြစ်နိုင်ခြေက ပိုပြီးတော့တောင် နည်းပါးသွားပြီ။ သူက ဝိညာဉ်ပင်တွေအတွက် အာဟာရ ဖြစ်သွားလောက်ပြီ"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now