Ep (15)

1.8K 152 31
                                    



 " စိတ်ညစ်စရာ ရှိလို့လား "

ကျွန်မ လက်အတွင်းမှ စီးကရက်ကို ပြောင်းယူရှိုက်ဖွာသည့် ဦး ကြောင့် ရင်ခွင်အတွင်းမှ မော့ကာ မေးမိသည် ။ ဆိုဖာနောက်ကျောကို ခပ်လျော့လျော့မှီထိုင်ထားတဲ့ ဦး က ခြေတစ်ဖက်ချိတ်ထိုင်ထားရင်း သန်မာတောင့်တင်းသော သူ့ လက်မောင်းများကြား၌ ကျွန်မကိုယ်ကိုလည်း နစ်မြုပ်စွာ ထွေးပွေ့ထားသေး၏ ။

" ဒါဖြင့် ဦး ရဲ့ ငယ်ကရော စိတ်ညစ်စရာတွေရှိနေသလား "

ဦး ဟာ ထိုစီးကရက်ကို မျက်ခုံးတစ်ချက်ပင့်ကြည့်ရင်း မေးခွန်းပြုသည် ။ ထို့နောက် ထပ်တစ်ကြိမ် ရှိုက်ဖွာခြင်းခံရသည့် စီးကရက်နှင့် ဦး အာခံတွင်းမှ ပျံဝဲလွတ်မြောက်လာကြသည့် စီးကရက်ငွေ့လွင့်လွင့်တို့ ။ ကျွန်မ စိတ်တို့ ထိုအခိုးအငွေ့များနှင့်အတူ မျောနေသည် ။

လွန်ခဲ့သော နာရီပိုင်းက အခန်းတွင်းမှ ပြိုင်တူထွက်ခွာသွားခဲ့ကြသော ဦး နှင့် ကလေး တွင် မည်သို့ စကားဝိုင်းရှိခဲ့လိမ့်မည်နည်း ။ ကျွန်မ အနည်းငယ် မေးခွန်းထုတ်ကြည့်ချင်မိသော်ငြား ဦး သည် ထိုအကြောင်းအရာကို စကားပင်မစ ငြိမ်သက်လွန်းနေ၏ ။

ရှားတောင့်ရှားခဲ ဆိတ်ငြိမ်ခြင်းတွေရယ်ပါ ။ ဦး ဟာ ကျွန်မနဲ့ဆိုရင် အမြဲလို အေးချမ်းတဲ့ အပြုံးရေးရေးတော့ ခပ်ထည်ထည်မျက်နှာထက်မှ နေရာပေးထားနေကျ ။

" ဟင့်အင်း .  . မရှိပါဘူး "

ဦး က ဖွဖွရယ်လို့သာ ကျွန်မ နဖူးအား တစ်ချက်နမ်းလေရဲ့ ။ ဦး နှုတ်ဖျားမှ စီးကရက်နံ့မွှန်သည်က မကြုံဖူးသည့် ပထမဆုံးမို့လည်း စိမ်းသက်လှသည် ။

" ကျွန်မ က ဦး ကို ဘေးမှာထားပြီး စိတ်ညစ်အောင် လုပ်မိနေပြီထင်တယ် "

" မဟုတ်ရပါဘူး ငယ် ရယ် "

" ကျွန်မကို စာစုလေးတွေနဲ့ စာရွက်ကလေးတွေ ပြန်ပေးပါလားဟင် ? အခုတလော နည်းနည်းကလေး နှစ်သိမ့်မှုလိုအပ်နေသလိုပဲ "

ရောက်တက်ရာရာ စကားတစ်ခွန်းကို ကောက်ဆိုမိပေမယ့် ကျွန်မ တကယ် အဲ့ဒီစာစုလေးတွေကို လိုအပ်နေသလိုပါပဲ ။ ကျွန်မ မသိလိုက်ခင်မှာ ကျွန်မ အနားရောက်ရှိနေတက်တဲ့ အဲ့ဒီ အရောင်စုံစာရွက်လေးတွေက ကျွန်မကို ဘယ်လောက်တောင် စိတ်သက်သာရာ ရစေလိုက်သလဲ ။ ကျွန်မ ဦး ကို ရွေးချယ်မိခဲ့တဲ့ အချက်တွေထဲက တစ်ခုဟာ အဲ့ဒီအရောင်စုံစာရွက်လေးတွေ​တောင် ပါနေမှာ ။

ရင်ခွင်နန်း သခင်Where stories live. Discover now