Ep (2)

2.3K 247 17
                                    




" ဒေါက် . . . ဒေါက် . . . ဒေါက် "



" တံခါးဖွင့်ပါဦး ကလေးရဲ့ "



စိတ်မပါလက်မပါ ရောက်တက်ရာရာ စာအုပ်တစ်အုပ်ကို ထိုင်ဖတ်နေရာမှ တံခါးအပြင်ဘက်ကကြားရသော သူမအသံ ။ ချစ်လွန်းလို့ အမြဲလို ပြန်ငြိတွယ်ဖြစ်တဲ့ သူမရင်ခွင်က တကယ်တော့ တမြည့်မြည့်နှင့် အသက်ရှုကြပ်သေစေမည့် အဆိတ်အတောက် ။



မခွဲခွာဘူးသည့် တစ်လဆိုသော အချိန်ကာလ၌ ကိုယ် သူမအား လွမ်းခဲ့ရသလောက် သူမလည်း အမှန်တကယ် လွမ်းလျခဲ့ရသည်ဟု စကားလုံးလှလှလေးတေွအောက် ယစ်မူးစွာယုံမှားခဲ့ရသည့် ဦးေနှာက်မပါသော ကိုယ် ။ ချစ်ခြင်းတရားကို ခမ်းနားဟိုက်မောစွာ ဖော်ကြူးကြရင်း နေခြည် ေနွးေနွးမှာ သူမမျက်နှာကို မြင်ခွင့်ရတော့ ခပ်ကြောင်ကြောင်နဲ့ သေမလိုကြည်နူးမိသေး ။



ဂီတသံတစ်ချို့မြည်နေတဲ့ သူမဖုန်းကို လျှာလျှာရှည်ရှည်ကောက်ကိုင်ရင်း " ပြန်ရောက်တာတောင် ဦး ကို ဖုန်းမဆက်ဘူးနော် သဲငယ် " ဆိုတဲ့ ယောက်ျားတစ်ယောက်ရဲ့ အသံကို မကြားရသေးခင် အထိပေါ့ ။



သူမနဲ့ စံအိမ်ကို ချန်ထားခဲ့ရင်း တစ်လလောက် ပုန်းေအာင်းနေခဲ့တဲ့ ကိုယ့်တိုက်ခန်းကိုယ်ပြန်လာတော့ မနက်အစောကြီး စိတ်ကောက်ထွက်လာတဲ့ ချစ်သူကို သူမပြန်လာေချာ့သည်က နေ့လည် ၁၂ နာရီ ။ ကိုယ်များ ေကျာင်းသွားခဲ့ရင် သူမ ဘယ်လိုလုပ်မလဲနော် ။



ကိုယ့်ရဲ့ ေကျာင်းချိန်ဆိုတာကလည်း သူမဦးေနှာက်ထဲ ရှိမှရှိပါလေစ ။



" ဒုန်း . . ဒုန်း . . ဒုန်း "



" ကလေးရေ တံခါးဖွင့်ပါဦးလို့ ! ! "



" ဘေးအခန်းက လူက မားကို ပြောနေတယ်ကလေးရဲ့ မဆူနဲ့တဲ့ "



နည်းနည်းလေးတောင် စိတ်မရှည်တက်တဲ့ သူမ ။ ဧည့်ခန်းကနေ တံခါး၀ကို ကိုယ်လမ်းေလျှာက်ရမည်လည်း တွက်ဦးမှပေါ့ ။ အခုတော့ တံခါးခေါက်သံကနေ တံခါးထုသံတေွကို ဖြစ်လို့ ။



" ကဲ . . ဖွင့်ပြီ ! ဖွင့်ပြီ "



တံခါးဖွင့်လိုက်သည်နှင့် သူမမျက်နှာက ေကျနပ်သယောင် တက်ဆင်ထားတဲ့ အပြုံးလှလှကိုလည်း မြင်ရပြီး ကိုယ့်ဆံနွယ်တေွဆီ နူးည့ံစွာထိုးဖွလာတဲ့ သူမလက်​ေချာင်းတေွ ။



" လိမ္မာတယ် "



ကိုယ့်နဖူးထက်က ဆံစများဆီ ပြိုဆင်းလာတဲ့ သူမနှုတ်ဖျားက အနမ်းဆုလာဘ် ။ တစ်ခါတစ်လေမှ အိပ်မက်ယောင်သလို ကြင်နာမှုလေးကို နေ၀င်ချိန်အထိ အိပ်မက်ယောင်ဖို့ တစ်နေကုန်တစ်နေကန်း စောင့်နေတက်တဲ့ ကိုယ် . . . ကိုယ် ။



ကိုယ် မလိမ္မာလျှင်တော့ သူမက ခွင့်လွှတ်တက်သူ မဟုတ် ။



" ဒါက ကလေးငှားထားတဲ့ အခန်းလား ? အကျယ်ကြီးပဲနော် ဒါ့ကြောင့်လည်း ကလေးက ဒီနေရာမှာ တစ်လလောက်နေနိုင်နေတာကို ရိုးရိုး တိုက်ခန်းလေးသာဆို ကလေးက ဘယ်နေမလဲ . . နော့ "



ဆိုဖာမှာ၀င်ထိုင်တဲ့သူမက သူမထက်ပင်ကြီးကြီးကျယ်ကျယ်နိုင်တက်သည့် ကိုယ့်စရိုက်ကို မသိမသာ လာခလုတ်တိုက်သည် ။ ထားပါလေ . . အဲ့ဒါကတော့ အမှန်တရားပဲဟာ ။



" ဒီကို ဘာလာလုပ်တာလဲ ? "



" လိုချင်တာရပြီးသွာတော့ ကြင်ကြင်နာနာတောင် မရှိတော့တဲ့ ချစ်ရသူကို လွမ်းလွန်းလို့ လာကြည့်ရတာပေါ့ "



သူမနဲ့ မျက်နှာချင်းဆိုင်ဆိုဖာမှာ ၀င်ထိုင်လို့ ခပ်​ေလှာင်​ေလှာင်ရယ်မိသည် ။ ​ဪ . . တကယ်ဆိုနော် သူမနှုတ်ဖျားက အပေါစားဆန်ဆန်ထွက်ကျလာတဲ့ လွမ်းတယ်ဆိုတဲ့ စကားကို တကယ်ရင်ဘတ်ကြီးနဲ့ခံစားရသူဟာ ကိုယ်ပါ ။ ဟော့ဒီက သူမလည်ပတ်ကြိုးဆွဲထားခံရတဲ့ ကိုယ်ပါလို့ ။



" အဲ့ဒီတော့ သိပ်လွမ်းလွန်းလို့ သဲငယ်လို့ ခေါ်တဲ့တစ်ယောက်နဲ့တေွ့အပြီး ကျွန်မဆီရောက်လာတယ်ပေါ့နော် "



သူမ မျက်ခုံးတို့က တခနပင့်တက်သွားသည် ။ သူမ မျက်နှာမှာတော့ဖြင့် ထိတ်လန့်ရိပ်ကို ယောင်လို့တောင် မတေွ့ရ ။ ခပ်ဖွဖွရယ်သံဖြင့်သာ အဆုံးသတ်ပြန်သည့် သူမပုံစံ ။ ယုံကြည်မှုတေွက ကိုယ့်နှလုံးသားကို ကစားဖို့ဆို သိပ်ရှိနေပါရော ။



" အင်း . . ဟုတ်တယ် ဦးနဲ့အရင်တေွ့ခဲ့တာ အဲ့ဒါကလည်းလေ သိတယ်မလား ? ကလေးက မနက်ဆို ေကျာင်းသွားနေမလားလို့ပါ "



Park Chaeyoung က သိပ်ကို ရိုးရှင်းလွန်းသည် ။ သူမ အရှုပ်ထုတ်တေွ ကိုယ့်ရေှ့မှာပေါ်သွားလည်း ဘာအရေးလဲပေါ့ ။ ရှားပါးလွန်းပေမယ့် အလုပ်ကိစ္စပါလို့ ပြောဖို့ လက်လွန်ခြေလွန်ဖြစ်နေတဲ့ အခြေအနေမျိုးမှာ သူမက ရိုးရှင်းစွာ ၀န်ခံတက်မြဲ ။



သူမလုပ်တဲ့ အမှားပဲဟာနော် ။ ကိုယ်ကလည်း သူမ ဘာလုပ်လုပ် ချစ်နေတက်သည်ကိုး ။ သူမကလည်း ပါးပါးနပ်နပ်ကြီး အဲ့ဒီအားနည်းချက်ကို သိသူ ။ ကိုယ် ဘာများလုပ်နိုင်မလဲ ။



မကျေနပ်လည်း လဲသေလိုက်လို့ မပြောသည်ကပင် ကံကောင်းလွန်းလှပြီ ။



" ဒါနဲ့ မားသိချင်တာကလေ ကလေးက ဘယ်လိုလုပ် ဦးကို သိနေရတာလဲ ? "



ဆိုဖာနောက်​ေကျာကို မှီချလိုက်ရင်း ဆိုးခဲ့ပြီးသား လက်သည်းနီကို စိတ်၀င်စားသယောင်ပြန်ကြည့်လို့ ခြေချိတ်ထိုင်သည့် သူမပုံစံက တစ်ခုခုကို အပြစ်ရှာချင်သည့်ပုံ ။ ပြီးတော့ သေချာလွန်းစွာပဲ ထိုတစ်ခုခုဟာ ကိုယ် ။



ရန်ပွဲတိုင်းဟာ အဲ့လိုပါပဲ ။ သူမအပြစ်ကနေ ကိုယ်အပြစ်ပဲ ဖြစ်သွားတက်မြဲ ။



" မနက်က မား ဖုန်းလာနေလို့ . . . "



" အဲ့ဒီတော့ ကိုင်လိုက်တယ်ပေါ့ "



" ဘာလဲ ? မကိုင်ရဘူးလား ! ? "



" အင်းလေ . . မကိုင်သင့်ဘူးပေါ့ ကလေးရဲ့ ! ဘယ်လိုပဲဖြစ်ဖြစ် ကျင့်၀တ်တို့ ၊ စည်းကမ်းတို့ဆိုတာ ရှိရမယ်လေ "



သူမ နှုတ်ဖျားက ကျင့်၀တ်တေွ စည်းကမ်းတေွ ထွက်လာတော့ ကိုယ်တစ်လောကလုံးကြားသည်အထိ ဟားတိုက်လို့သာ ရယ်ပစ်ချင်သည် ။ ကိုယ့်နှလုံးသားကိုနင်းေချပြီး တစ်ခြားယောက်ျားတေွဆီမှာလည်း သာယာနေတက်တဲ့ Park Chaeyoung ကရော ဘယ်လောက်တောင် ကျင့်၀တ်တေွ ကောင်းမွန်နေသလဲလို့ ။



" အဲ့လောက်တောင် စည်းတေွတားထားချင်ရင်လည်း ဘာဖြစ်လို့ ကျွန်မကို အိမ်ပေါ် ခေါ်တင်ထားသေးလဲ ကျွန်မတို့လမ်းခွဲပြီး တစ်နေရာဆီမှာ နေလိုက်ကြတာပေါ့ "



" အိမ်ပေါ် ခေါ်တင်မထားတော့ရော ကလေးက သွားစရာနေရာရှိလို့လား "



သူမရဲ့ ေလှာင်ရိပ်တေွေအာက်မှာ ကိုယ်သည်က အမြဲစွန့်အ ရမြဲ ။ သူမ နင်းခြေထားသည်က ကိုယ့်နှလုံသားတစ်ခုတည်း မဟုတ်ခဲ့ ။ ကိုယ်ဘ၀ ၊ ကိုယ့်သိက္ခာ ၊ ကိုယ့်မာန ။ ကိုယ့်အရာရာဟာ သူမခြေဖု၀ါးေအာက်သာ ။



" ဒီတိုက်ခန်းကိုတောင် တို့ပေးတဲ့ မုန့်ဖိုးမကုန်သေးလို့ ငှားနေနိုင်တာများ "



" နောက်ဆိုရင် ကျွန်မဘာသာ အလုပ်လုပ်ပြီး တစ်ယောက်တည်းနေမှာ ရှင့်အနားမှာ နေရတာထက်စာရင်တော့ အများကြီးသာမှာပါ "



နာကျင်လွန်းရတဲ့ ရင်ထဲက အပူမီးေတွပေါ့ Park Chaeyoung ရယ် ။



" ကလေး ၀တ်ထားတဲ့ အကျ် ီဘယ်လောက်တန်လဲသိလား ? ကလေးကိုင်နေတဲ့ ဖုန်း ~ ပြီးတော့ ကလေးစီးနေတဲ့ကား Park Chaeyoung နားမှာသာ ရှိမနေရင် ကလေးဆယ်ဘ၀လောက် အလုပ်လုပ်ရင်တောင် အဲ့ဒါတေွနား မကပ်နိုင်ဘူး တက္ကသိုလ်​ေကျာင်းသူ မင်းအတွက် ဘာအလုပ်ကများ တို့ဘေးမှာ ရှိတာထက် သာအောင်နေနိုင်မှာလဲ . . . ဟင် "



ကိုယ် အဲ့ဒါတေွကို မက်မောလို့များ သူမဘေးမှာ ရှိနေတယ်လို့ သူမမှတ်ယူလေသလား ။ တကယ်တော့ ကိုယ် ထိန်းမရ ၊ သိမ်းမရ နာနာကျင်ကျင် ဖတ်တွယ်ရင်း မက်မောမိသည်က သူမဆိုသည့် လူသားတစ်ယောက်တည်းသာ ။



တကယ်ဆို သူမသိဖို့ ကောင်းပါရဲ့ ။



" ပြီးတော့ တစ်ချိန်လုံး ဘာအလုပ်မှ မလုပ်ခဲ့ဘူးတဲ့ ရေပေါ်ဆီ မင်းကရော ဘာအလုပ်များလုပ်နိုင်မှာ မို့လို့လဲ ? တိုက်ခန်းစုတ်စုတ်လေးထဲမှာ ခပ်နွမ်းနွမ်းအ၀တ်အစားတေွနဲ့ မင်းမနေနိုင်ပါဘူး ကလေးရယ် မင်းက မားထက်တောင် brand တေွညွှန့်နေမှ ကြိုက်တဲ့သူလေ "



သူမ ပေးမှ ၊ ေကျွးမှ စားရသောက်ရမည့်ကိုယ်က ဘာတေွများ အတွန့်တက်နေသည်လဲပေါ့နော် ။ တစ်ခါတစ်လေတော့လည်း အဲ့ဒီလိုမျိုး အဆင့်အတန်းကို ကွဲကွဲပြားပြား ပြပေးလိုက်တာက ကိုယ့်နေရာကိုယ်မသိပဲ လောဘတက်ချင်နေမိတဲ့ အပြစ်သားအတွက် နှစ်သိမ့်မှုတစ်ခုဖြစ်သွားတယ်လို့ပဲ မှတ်ယူရမည်ပေ့ါ ။




အဲ့ဒီထက်နာေအာင်ပြောလိုက်စမ်းပါ Park Chaeyoung ရယ် ။ အမှတ်မရှိတဲ့ကျွန်မ ရှင့်ကို တစ်သတ်လုံး မုန်းသွားချင်လို့ ။



" အဟက် ! အဲ့ဒီလောက်ထိ ကျွန်မပုံစံကို ချိုးနှိမ်ပြလိုက်ရတော့ ​စိတ်​ေကျနပ်သွားလား "




" ကလေးက အမြဲတမ်း တလွဲတေွတေွးနေတာကိုကွ ! အပြင်လောက က ကလေးထင်သလောက်လွယ်ကူမနေဘူးဆိုတာကို ရှင်းပြတာ "



ဆက်ခနဲ့ မက်တပ်ထရပ်လိုက်တဲ့ သူမက သူမ၀တ်ဆင်လာသည့် ခရမ်းရောင် Dress အတိုလေးကို ဆွဲဆန့်သည် ။ နက်နဲလျိုးဝှက်တက်သည့် အရောင်အဆင်းနှင့် ကိုယ့်ရဲ့ ေနွးေထွးစွာ ေအးစက်တက်သည့် သခင် ။ သူမလေ . . အဲ့လောက် အထက်စီးဆန်ဆန် ရှင်းပြဖို့ မကောင်းပါဘူး ။



" ကလေး ပစ္စည်းတေွ သိမ်းဖို့ မိနစ် ၂၀ အချိန်ပေးမယ် လောက်တယ်မလား ? ကားပါကင်က စောင့်နေမယ်နော် "



ကိုယ့်ပါးပြင်တစ်ဖက်ကို ​လက်​ေချာင်းတေွနဲ့ ဖွဖွပွတ်သပ်ပြီး ထွက်ခွာတဲ့ သူမ ။ ဘယ်လောက်မှ မရှိတဲ့ပစ္စည်းတေွကို ကိုယ့်စိတ်ထဲမှာ ချက်ချင်းထရပ်လို့ သိမ်းနှင့်နေပြီ ။ သူမဟာ ကိုယ့်ထက်ပဲ အသက်များစွာကြီးလို့လား ။ ကိုယ်ဟာပဲ အားနည်းလွန်းစွာ သူမ စိတ်အလိုကျ နာခံတက်လွန်းနေသလား ။



သေချာသည်ကတော့ သူမဟာ သူမစကာလုံးတေွအတွက် ကိုယ့်ကို တစ်သ​ွေမသိမ်း နာခံတက်လောက်အောင် ဩဇာညောင်း လွန်းသည် ။ သူမ တော်တာပေါ့နော် ။ တကယ်ဆို သူမအသံ နွဲ့နွဲ့သာသာလေးနဲ့ အမိန့်တေွပေးဖို့ဆိုတာ ဘယ်လွယ်မလဲ ။






********************






" ဒါလေး စားကြည့်မလား ? "



" မစားပါဘူး "



ကိုယ့်နှုတ်ဖျားနားတေ့ပေးသည့် ငါးအူ​ေချာင်းတစ်​ေချာင်းကို မျက်နှာလွှဲလို့ငြင်းပယ်မိသည် ။ အခြားလက်တစ်ဖက်အတွင်းက တစ်​ေချာင်းသည်ကတော့ဖြင့် သူမအာခံတွင်းတေွအတွင်း ငုံထေွးနှင့်ပြီးသား ။ လမ်းဘေးက အစားအစာတေွကို သူမဘယ်လိုနည်းနဲ့များ စိတ်သန့်သလဲနော် ။



" ဘာဖြစ်လို့ ဘာတစ်ခုမှ မစားတာလဲ "



" ဘာတစ်ခုမှ စားချင်စရာမရှိလို့ပေါ့ "



သူမက ငါးအူ​ေချာင်းကိုကိုက်ရင်းပဲ ခပ်ဖွဖွရယ်လို့ ကိုယ့်အားကြည့်သည့်အခါ ကိုယ် ပေစောင်းစောင်းသာ ပြန်ကြည့်မိသည် ။ ဗိုက်ဆာပါတယ်ဆိုပြီး ဆိုင်တစ်ခုခုမှာမ၀င်ပဲ နီးရာ​ေစျးတန်းတစ်ခုကို ကောက်မောင်းလာကတည်းက သူမဟာ မုန်းချင်စရာကောင်းနေလေပြီ ။



သူမ ၀တ်လာသည့် ခရမ်းရောင် dress ကို ပေါ့ပေါ့ပါးပါးမရှိဟုဆိုကာ ေစျးအတွင်းက အကျ် ီဆိုင်တစ်ခုမှာ ၀ယ်၀တ်သည့် အ၀ါရောင် တီရှပ်နှင့် ဂျင်းပန်တစ်ထည် ။ တစ်ထည်၀ယ်လျှင် တစ်ထည်အလကားရသော ေစျးပေါလှသည့် ထို တီရှပ်ကို ကိုယ့်ကိုပါအတင်း၀တ်ခိုင်းလိုက်သေး ။



သူမကသာ ေစျးတန်းအတွင်း တစ်ခုပြီးတစ်ခုစားသောက်နေပေမယ့် ကိုယ်သည်တော့ တစ်ခုတစ်လေမျှ ပါးစပ်ထဲမထည့်ဖြစ် ။ ဒီကြားထဲ အပေါစားအကျ် ီအသားကြောင့် အရေပြားတေွက ယားယံလာသလားတောင် မသိ ။ သူမဟာလေ ။ ကလေးဆန်ပြန်ရင်လည်း နှစ်ယောက်မရှိဘူး ။



" စားမကြည့်ပဲနဲ့ ဘယ်လိုလုပ်စားချင်စရာမရှိဘူးလို့ ပြောရတာလဲ "



ကိုယ် ဒီလိုအစားအစာတေွ ဘယ်တုန်းကမှ မစားခဲ့တာ သူမသိပါရက် ။ တမင်တကာ လာရစ်နေသေးသည် ။ ကိုယ့်ဘာသာ အေးအေးဆေးဆေး စားပါတော့လား ။



" စားမကြည့်ချင်လို့ စားချင်စရာမရှိဘူးလို့ ပြောတာလေ "



ဘာမှပြန်မပြောတော့ပဲ အရမ်းကြီးပြုံးပြနေတဲ့ သူမကြောင့် ဘုဆက်ဆက်သာပြောလာခဲ့သည့်ကိုယ်က ဘာလုပ်လို့ဘာကိုင်ရမည်မသိ မျက်နှာလွှဲမိသည် ။ သူမ ကိုယ့်အား ေချာ့မည်ဆိုလျှင် ပြုံးပြဖို့ပဲလိုသည်ဆိုတာကိုလည်း သူမ သိနေပြန်သည် ထင်ပါရဲ့ ။



သူမ သိပ်လည်ပါတယ်ဆို ။ ကိုယ်က အ လွန်းနေတာမျိုးမဟုတ်ပဲ သူမကကို လည်လွန်းနေတာ ။ အင်းပေါ့နော် . . အဲ့ဒီလို ပန်ကာထိပ်က ၀က်အူမို့လည်း ယောက်ျားတေွကို ခနလေးတွဲပြီး ခနလေးပစ်ထားခဲ့တာပေါ့ ။



တကယ်တော့ဖြင့် ကိုယ်သ၀န်တိုရသည်ဆိုလျှင်တောင် ဘယ်သူနှင့်သ၀န်တိုရမှန်းမသိလောက်ေအာင် သူမဟာ လျှပ်တပြတ်အတွင်း လက်ချိုးရေလို့ရသော အမျိုးကောင်းသားတို့နှင့် တွဲပြီး ၊ ပြတ်ပြီး ဖြစ်နေလေပြီ ။ ကိုယ်၏ ပူပူလောင်လောင် ခံစားချက်များက နောက်ကျကျန်ခဲ့ရမြဲ ။



" ကလေး ဆိုဂျူက မရှိတော့ဘူး "



ကိုယ့်လက်မောင်းတစ်ဖက်ပေါ် မှီနွဲ့လို့ သူမပြောလာသည့်စကား ။ ေရှ့၌ စမ်း​ေချာင်းငယ်လေးရှိသည် ။ ညှင်သာစွာ စီးဆင်းနေသည့် ရေသံတို့က သာယာငြိမ့်ညောင်းလှပြီး ကမ်းစပ်၌ ကြည်လင်သော ေကျာက်စရစ်ခဲများစွာရှိနေသည်က ပနံ့သင့်လှသည် ။ သူမဟာတော့ ထိုမြင်ကွင်းကို ကားအတွင်းမှာထိုင်ရင်း ကိုယ့်ရင်ခွင်ကိုတိုးလို့ ဆိုဂျူတစ်ပုလင်းနှင့်ကြည့်နေခဲ့သည် ။



မြို့အပြင်၌ရှိသော ဤလူမသိသူမသိနေရာကို သူမ သဘောကျ၍ထင်ပါရဲ့ ခနခနအရောက်လာတက်၏ ။ ယခုလိုမျိုး မဟုတ်မဟတ် အရက်တစ်ပုလင်းနှင့်ပေါ့ ။ တကယ်ဆို ဝိုင်တစ်ပုလင်းလောက် သူမ၀ယ်လာပါတော့လား ။



" မရှိရင် မသောက်နဲ့တော့လေ "




" မားကို စိတ်ဆိုးနေတာလား "



မေးခွန်းတေွအဆုံးမှာပဲ အမူးသမားဟာ ကိုယ်ရှိရာအရပ်ဆီ တွယ်ကပ်တက်လို့ ပေါင်တန်တေွပေါ် ခွထိုင်လာရဲ့ ။ ကားအတွင်းက လေထုဟာ သူမ အငေွ့အသက်တေွ ပိုလို့လွှမ်းခြုံသွားသလိုပဲ ။ သူမ လက်​ေချာင်းတေွက ဂုတ်ပေါ်၀ဲနေတဲ့ ကိုယ့်ဆံစအဖျားတေွကို လုံး​ေချလို့ ။



" ဟင့်အင်း "



သူမ ခါးထက် လက်​ေချာင်းတို့ ချိတ်တွယ်မိသည် ။ သူမ အပြုံးတို့ကိုမြင်ရလျှင် ကိုယ် ဘယ်အရာမဆို မေ့​ေဖျာက်ပစ်လိုက်ဖို့ရာ အသင့် ။



" တကယ်တော့ ဦးကလေ . . . "



" အင်း "



" ကလေးနဲ့ မတေွ့ခင်ကတည်းက တွဲခဲ့ကြတာပါ ပြီးတော့ ကလေးနဲ့ မတေွ့ခင်ကတည်း ပြတ်ပြီးသား "



ကြည့် ! သူမနဲ့ ပတ်သတ်လျှင် ကိုယ့်ခံစားချက်တို့က နောက်ကျပါသည်ဆို ။ ကိုယ်ဟာ အခုမှ သ၀န်တိုဖို့ကြံရုံသာရှိသေး ဇာတ်လမ်းဟာ ပြီးသွားပြီတဲ့လား ။ ဒါဆို အခုထိဘာလို့ အဆက်အသွယ်လုပ်နေလဲလို့ ကိုယ်အတွန့်တက်ချင်မိပေမယ့် နောက်ထပ်ရန်ပွဲတစ်ခုကို မလိုလားတာမို ဘာမျှပြန်မပြောဖြစ် ။



ကိုယ့် ပါးပြင်ကို အုပ်ကိုင်လာတဲ့ သူမလက်​ေချာင်းတို့ကြား ငြိမ်၀ပ်စွာနေမိရင်း သူမမျက်၀န်းတို့၌သာ အကြည့်တို့ပို့သထားမိသည် ။



" မား ဘဝက ကလေး တစ်ယောက်တည်းပဲ "



ကိုယ် ယုံချင်သည် ။ အရာရာကို ပြတ်သားစွာစွန့်ပစ်တက်တဲ့ သူမက ကိုယ့်အား ယခုအချိန်ထိ လိုအပ်နေခြင်းမှာ ချစ်ခြင်းတရားသာဟု ကိုယ် သတ်မှတ်ချင်သည် ။



" ကလေး ရဲ့ ဟောဒီ မျက်၀န်းဝိုင်းဝိုင်းလေးလည်း ချစ်တယ် "



" ဒီ နှုတ်ခမ်းဖူးဖူးလေးလည်း ချစ်တယ် "



" နဖူးပြင်ပေါ်က ဒီဆံစလေးတေွကိုရော "



အစိတ်အပိုင်းတစ်ခုချင်းကို ထိတေွ့တဲ့ သူမလက်​ေချာင်းေတွ ။ ဆိုဂျူနံ့တေွ မွှန်ထွန်နေသည့်တိုင် သူမစကားလုံးတို့က နားထောင်လို့ကောင်းသည် ။ ကိုယ့်ရင်ခွင်ဆီ မှီချရင်း ကိုယ့်လည်တိုင်၌ ၀င်သက်ထွက်သက်တည်စေသူက မျက်ခွံတို့ အတိအကျမှိတ်ဆက်၍ အနားယူလေပြီ ။



၀ါရွှေသယောင်နှင့် ဖြူသော့သော့နိုင်သော သူမဆံနွယ်တို့အား လက်​ေချာင်းတစ်ဖက်နှင့် မြတ်နိုးစွာ ပွတ်သပ်ရင်း နှာဖျားတို့နစ်၀င်သည်အထိ မွှေးကြူမိသည် ။



" ကျွန်မလည်း ချစ်တယ် . . . ကျွန်မက မားရဲ့ အရာအားလုံးကို ချစ်တာ "








********************

ရင်ခွင်နန်း သခင်Where stories live. Discover now