Ep (12)

1.5K 157 38
                                    



သူက အဝါရောင်ထီးလေး ။

သူက ခဲသားရောင် မိုးကာ အကျ်ီလေး ။

ပြီးတော့ သူက မိုးစက်တွေ တွဲခိုနေခဲ့တဲ့ ဆံနွယ်လေး ။

ပြီးတော့ .  . ပြီးတော့ သူက မိုးစက်တွေကြား ရင်ခုန်သံမြန်စေခဲ့တဲ့ အမှတ်တရလေး ။

" ဘယ်ကို သွားမှာလဲဟင် .  . လမ်းမကြုံရင်တောင် အစ်မက တမင်လိုက်ပို့ပေးပါ့မယ် "

လမ်းမမှာ ချထားတဲ့ အဝါရောင်ထီး သက်သက်သာ ဆိုရင်တော့ Kim Jisoo ဆိုတဲ့ သူမဟာ တာဝန်ယူမှုမရှိသည့် လူတစ်ယောက်မှ ဤထီးအား လမ်းမထက်၌ စွန့်ပစ်မှုဟု ခေါင်းစဥ်တပ်ရင်း အပြစ်တင် ကျော်ထွက်သွားမည့် နေရာ ။ သို့ပေသည့် သူမ ကားကို အဝါရောင်ထီးငယ်ရှေ့၌ ငြိမ်ဝပ်သွားစေသည့်အရာဟာ ထိုထီးဘေးက ခဲသားရောင် မိုးကာအကျ်ီလေးသာ ။

တစ်ကိုယ်လုံး ရွဲရွဲစိုနေခဲ့တဲ့ မိုးရေတွေ ။ ချစ်ဖွယ်ကောင်းတဲ့ ခန္ဓာသေးသေးဟာ မိုးကားအကျ်ီမှာ နစ်မြှုပ်လို့ ။ ဆွဲဆောင်မှုရှိစွာ တလတ်လတ်တောက်ပနေသည့် မျက်ဝန်းလေးများက နဖူးထက်မှ bangs နှင့် အချိတ်အဆက်မိရင်း မိုးစက်တို့ပင် သူ့မျက်ဝန်းထက် တစ်ခါတစ်ခါ ကျဆင်းလို့ ။

လမ်းမထက်ကို တစ်ခါတစ်ခါ ဝေ့ကြည့်ပစ်တဲ့ အကြည့် ညို့ညို့တွေ ။ ပုံမှန်အနေအထားမှာတောင် အသည်းယားဖွယ် ပြည့်တင်းနေတဲ့ ပါးမို့မို့ ။ တင်းတင်းစေ့ထားချင်ပုံရတဲ့ မိုးစက်တင် နှုတ်ခမ်းသားလေးများဟာလည်း မသိမသာ တုန်ရီလို့ ။

အဲ့ဒီမိုးစိုစို ဝက်ဝံပေါက်လေးကို သူမ ဘယ်လို မသိချင်ယောင်ဆောင်ရက်ခဲ့မှာလဲ ။

" အင် .  .  . "

ကားမှန်ချထားတဲ့ ပြတင်းက မြင်နေရတဲ့ မျက်နှာသေးသေး ။ နှုတ်ခမ်းနှစ်လွှာဟာ တည်နေရာတစ်ခုကို ပြောကြားဖို့အတွက် ပွင့်ဟလာသော်ငြား သူမ အိတ်ကပ်အတွင်းမှ ဖုန်းမြည်သံဟာ အရင်ဆုံး ပေါ်ထွက်လာခဲ့သည် ။

" ဟယ်လို .  . ဖေဖေ "

" .  .  .  . "

" ရှင် ! ! ! မေမေ လဲကျသွားတယ် ?  သမီး အခုချက်ချင်း ဆေးရုံကို လာခဲ့ပါ့မယ် "

ရင်ခွင်နန်း သခင်Where stories live. Discover now