Ep (4)

1.8K 193 36
                                    





ယနေ့က ကံဆိုးသည်ဟု ပြောရမည် ။ သူမနှင့် မနက်စာ စားနေစဥ်ကပင် စားပွဲပေါ်တင်ထားသည့် သူမဖုန်းက ဦးဆိုသည့် အမည်နာမနှင့်ထိုးမြည်လာသည်မို့ မားက မနက်စာပင်ဆက်မစား ။ အလုပ်ကိစ္စဟူ၍ ကိုယ့်အား ထမင်းစားပွဲ၌ အထီးကျန်ကျန် ပစ်ထားခဲ့၏ ။


သူမ​ ပြောတော့ အဆက်ဟောင်းဟူသည် ။ ဘယ်အချိန်က တေွ့ ၊ ဘယ်အချိန်က ပြတ်၍ ဘယ်အချိန်အထိပင် ဆက်သွယ်နေကြဦးမည်မသိ ။ ကိုယ်ရှိခဲ့သည့် ၅ နှစ်တာအတွင်းမှာလား ။ ကိုယ်မသိခဲ့သည့် ၅ နှစ်အလွန်ကတည်းကလား ။


ပြသာနာမတက်ချင်၍ ဘာမှမပြောဖြစ်သော်ငြား ကိုယ့်ရင်၌ စူးသည့်ဒဏ်ရာ ကိုယ်သာသိသည် ။ ကြာလျှင် ကိုယ်ပဲ ရူးရချည် ။


အတေွးညစ်ညစ်နှင့် ေကျာင်းလာဖြစ်တော့ စိတ်နှင့် လူနှင့်မကပ်သည်မို့ ကိုယ့်အမှားလား ၊ သူ့အမှားလားပင် မသဲကွဲနိုင်ေအာင် ပရော်ဖက်ဆာ တစ်ယောက်၏ကားက ကိုယ့်ဆီတိုး၀င်လာရင်း မကြီးကျယ်လှသော ယာဥ်တိုက်မှု အသေးစားဖြစ်ပွား၏ ။


ထိတ်လန့်မှုတစ်ချို့နှင့် ကားပါကင်၌လှဲကျသွားရပြီး ​ကွန်ကရစ်တို့နှင့်ထိကာပွန်းပဲ့သွားရသည့် လက်ဖုဝါးက ေသွးစတို့စိမ့်ထွက်လာလေသည် ။ ေကျာင်းသား ၊ ေကျာင်းသူတစ်ချို့က စူးစမ်စွာကြည့်သွားကြသော်ငြား ကိုယ့်ကိစ္စမဟုတ်သည်မို့ မည်သူမျှလာမကူညီ ။


ကိုယ်သည်က သူငယ်ချင်းမရှိသည်လည်း ပါမည်ပေါ့ ။


" ေကျာင်းသူ အဆင်ပြေရဲ့လားဟင် "


ရွှေအိုရောင် ဆံနွယ်တေွကို ပုခုံးအလွန်ထိ လင်းလတ်စွာ ဖြန့်ခင်းထားပြီး နှာရိုးပေါ်၌ ငေွရောင်မျက်မှန်တစ်လတ်နှင့် သူမက နူးညံ့စွာကြင်နာတက်ပုံ ။


" ဟုတ်ကဲ့ . . အဆင်ပြေပါတယ် လက်ကိုနည်းနည်းပဲ ထိခိုက်သွားတာပါ "


ကိုယ့်လက်ဖုဝါးကို ဖြန့်ခင်းပြမိတော့ ေသွးစို့သည့် ဒဏ်ရာအား ထိုဖရော်ဖက်ဆာက မှင်သေစွာကြည့်သည် ။ ဘောင်ခတ်ထားသည့် သူမ မျက်ဝန်းဝိုင်းဝိုင်းတွင် ဤဒဏ်ရာသည် ကြီးကျယ်နေလေသလား ။


" ဟင် . . . ေသွးတေွပါလား ? ပရော်ဖက်ဆာ ! မကြည့်နဲ့နော် မျက်နှာလွှဲနေ "


ရုတ်တစ်ရက် ကြား၀င်လာသော ခက်စူးစူးအသံကြောင့်မော့ကြည့်မိတော့ အညိုရောင်ဆံနွယ်များကို ခပ်မြင့်မြင့်ထုံးဖွဲ့ထားပြီး အဝါရောင်ဂါဝန်တစ်ထည်ကို ရင်သားအနည်းငယ်လစ်ဟကာ ဝတ်ထားသည့် မေးရိုးသွယ်သွယ်နှင့်မိန်းကလေးတစ်ယောက် ။


" Park . . Park Chaeyoung ssi "


အနှီး ပရော်ဖက်ဆာက တအံ့တဩဆိုသည် ။ ဪ . . အသိတေွကို ။ ကိုယ့်ကို ဆေးပေးခန်းလောက်ဖြစ်ဖြစ် လိုက်ပို့ကောင်းပါရဲ့ ။


" ဟင်း ~ ~ မဖြစ်သေးပါဘူး ပရော်ဖက်ဆာရယ် ဒီမှာနေလို့ မဖြစ်ပါဘူး တစ်ခြားနေရာသွားသွားကြရ ​ေအာင် "


" ဒါ . . ဒါပေမယ် . . . "


ပရော်ဖက်ဆာ၏ စကားပင်မဆုံး ထိုမိန်းကလေးက ပရော်ဖက်ဆာကို လက်မှဆွဲ၍ အတင်းခေါ်သွားလေသည် ။ တကယ်ဆို ဒဏ်ရာလည်းရပြီး မြေပြင်မှာလှဲနေရတာက ကိုယ်မဟုတ်ဘူးလား ။ အစကတည်းက ညစ်နေသည့်စိတ်က ယနေ့အဖို့တော့ ပြန်မဖြူနိုင်အောင် စွန်းထင်းသွားပြီမို့ သက်ပြင်းချလို့သာ ကိုယ့်အားကို ကိုး၍ ထရပ်မိသည် ။


ဆေးမရှိလျှင်တောင် ရေနှင့်ပဲဖြစ်ဖြစ်ဆေးကြောရန်အတွက် သန့်စင်ခန်းအတွင်း၀င်လိုက်တော့ ကြည်စင်သောမှန်ပြင်တွင် မိ်တ်ကပ်တစ်ချို့ပြန်ပြင်ရန်လာကြသည့် ေကျာင်းသူများထံမှ မား မကောင်းကြောင်း အစွန်းအစများ ။


" တစ်နှစ်တာရဲ့ အကောင်းဆုံးအမျိုးသမီးလုပ်ငန်းရှင် Park Chaeyoung တဲ့လေ အဟက် ! ယောက်ျားတကာနဲ့ အိပ်ပြီးတက်လာတဲ့ မိန်းမကလည်း ဂုဏ်ဆောင်ဖြစ်တာပဲလား "


ကိုယ့် လက်နှစ်ဖက်ကို ကျစ်ကျစ်ပါေအာင်ဆုတ်လိုက်မိသည် ။ သူမသိက္ခာကို ကိုယ်သည်သာ ထိပါးချင်ထိပါးမည် ။ အခြားသူများက ​ေ၀ဖန်သည်ကို တော့ဖြင့် သေးသေးမျှ လက်မခံနိုင် ။


" သူ့ အမေ ကလည်း ငေွအလွဲသုံးစားလုပ်မှုနဲ့ထောင်ကျပြီး အဲ့ဒီထောင်ထဲမှာပဲ ဆုံးသွားတာတဲ့လေ "


" ဟယ် ! ဟုတ်လား "


" အင်း . . ဘာတဲ့ ? Y.O.U ရဲ့ ဒု ဉက္ကဌဆိုလား ငါ့ ဖေဖေ ပြောပြတာ "


" ဘယ်သူက သားအမိမှန်းမသိမှာဆိုးလို့ အကျင့်စာရိတ္တပျက်ပြားတာချင်းကအစ တူနေရတာတဲ့လဲနော် "


" ဟဲ့ ! ! . . နင်တို့ပြောလို့ ပြီးပြီလား "


အနောက်မှ သူတို့ ပုခုံးတစ်ချို့ကိုဝင်တိုက်လို့ စကားဝိုင်းအားဖျက်လေတော့ ဘာလဲဟူသည့် မိုက်ကြည့်များက ကိုယ့်ထံကျရောက်လာကြသည် ။ စီနီယာအတန်းနှင့် ရန်ဖြစ်လည်း အရမ်းကြီးတော့ ပြသာနာကြီးမသွားလောက်ဘူး မဟုတ်လား ။



၃ ယောက် ၁ ယောက်ဆိုတော့ အရေအတွက်အရတော့ အနည်းငယ် မမျှတသည့်ရန်ပွဲ ။ အင်း . . ဒါပေမယ့်လည်း ကိုယ်က လူသတ်ချင်စိတ်တေွ အရမ်းပေါ်နေပြီ ။




********************




ခပ်စပ်စပ်နာကျင်မှုတစ်ချို့နှင့် ပါးတစ်ခြမ်းက ယခုထိတိုင်ရဲနေသေးသည် ။ အဆိုးဆုံးကတော့ နှုတ်ခမ်းထောင့်က ေသွးစို့သည့် ဒဏ်ရာ ။ ဂုတ်ပေါ်တွင် နက်မေှာင်ဖြောင့်စင်းစွာ ဝဲနေတက်သည် ဆံနွယ်တို့က လူမြင်မကောင်းဖွာလန်လို့ ။


စိတ်အရှိန်နှင့်သာ သွားရန်စမိပေမယ့် တကယ်တော့ ပြန်ခံလာရသူဟာ ကိုယ် ။ နားမခံသာေအာင် ပါမောက္ခအခန်းမှာ အဆူခံလိုက်ရသည်က အဖက်တင်သေး ။ သူမ ကြောင့် ။ တကယ်ဆို သူမဟာလေ ကောင်းကျိုးကိုမပေး ။


သက်ပြင်းတစ်ချက်ချလို့သာ ကားစက်နိှုးလိုက်ရင်း ေကျာင်းဝန်းအတွင်းမှ ဖြေးညှင်းစွာထွက်လာမိသည် ။ မြင်ကွင်းမှားသည်ပင် ထင်ရလောက်ေအာင် ေကျာင်းရေှ့မှာ ရပ်နေသူက မား ။


မရိုးတန်းလဲလှည်သော သူမကားတေွကြား အခုတလောသူမစီးနေသည့် အနီရောင် Audi R8 ကို မှီရပ်ရင်း အနက်ရောင်မျက်မှန်တစ်လတ်ကို မျက်၀န်းတို့ထံကာကွယ်ထားသည့် သူမက လှပထူထည်းသည့် ဆံနွယ်တို့အား ပုခုံးတစ်ဖက်ဆီ သိမ်းချကာ ေကျာ့ရှင်းသည့် လည်တိုင်သွယ်သွယ်နှင့်ကောင်းကင်ဘုံမှ ပြုတ်ကျလာသည့် နတ်သမီးတစ်ပါးအလား ။


တိုတောင်းလွန်းသည့် အနက်ရောင် dress က သူမ ​ပေါင်တန်အလှအား ပံ့ပိုးပေးရင်း ၊ တဖန်သူမစီးထားသည့် ခြေတန်သွယ်သွယ်ရှိ ပြောင်လတ်သောအနက်ရောင် လည်သာ Knee-high boots က ဒူးအထက်နားအထိသော သူမ နို့နှစ်ရောင်အရေပြားကို ပြန်ဖုံးကာပေးလို့ ။ နေရောင်ခြည်သည်က လူသားအားလုံးအပေါ် ဖြာကျပေးသည့် မေတ္တာတရားကြီးမားသော နေမင်းမဟုတ်တော့သယောင် သူမ ပတ်၀န်းကျင်၌သာ မျက်စိကျိန်းမတက် ထည်ဝါလွန်းနေသည် ။



ကိုယ့်ကားအား သူမနှင့် လမ်းတစ်ဖက်ခြားတွင် ရပ်လိုက်မိသည် ။ ကားမှန်ချကာ သူမအားလှမ်းကြည့်တော့ သေချာပေါက် ကိုယ်ရှိရာအရပ်ကို မျက်နှာမူထားသည့် သူမက ကိုယ့်အား အသိအမှတ်ပြုအပြုံးလေးတစ်ခုပင် ဖော်မပြ ။ သူမ မျက်၀န်းတေွဟာ ကိုယ့်ကို ကြည့်မနေဘူးလား ။


နေကာမျက်မှန်တပ်ထားသည်မို့ ကိုယ် တိကျစွာ မဝေခွဲတက်သော်ငြား ကိုယ့်အား သူမကြည့်နေသည်ဟုတော့ စိတ်ထဲ၌ ထင်မိသည် ။ ဒီလိုသာ အမှန်ဆို . . သူမက ကိုယ့်ကို တေွ့ဖို့လာခဲ့တာ မဟုတ်ဘူးပေါ့ ။


" ဟေ့ ! ! ! ရှာလိုက်ရတာ အခုမှပဲ တေွ့တော့တယ် "


ကားတံခါးနားကို တိုးကပ်လို့ ရုတ်တစ်ရက် ဘွားခနဲ့ပေါ်လာသူက မနက်ခင်း အခင်းဖြစ်ပွားရာမှာ မရောင်ရာဆီလူး ပရော်ဖက်ဆာကို ဆွဲခေါ်သွားသည့် တစ်ယောက် ။


" ဟယ် . . ကြည့်ပါဦး မနက်က ပရော်ဖက်ဆာ့ကိုပဲ စိတ်ပူနေတာနဲ့ သေချာမကြည့်လိုက်မိဘူး တော်တော်လေး လူရုပ်မပေါက်တော့ေအာင် စုတ်ပျက်သွားတာပဲနော် "


သူမ စကားကြားမှာ ကိုယ့်လည်တိုင်ထက် ဒီမျက်နှာကြီး တပ်ထားရတာတောင် ရှက်ဖို့ကောင်းလာသလိုလို ။


" မဖြစ်ပါဘူး . . ဆေးခန်းလောက်တော့ သွားမှဖြစ်မယ် လိုက်ပို့ပေးမယ် "


လိုက်ပို့ပေးမည်ဆိုသည့် အမိက တစ်ဖက်က တံခါးကို ဆွဲဖွင့်ရင်း ကိုယ့်ကားပေါ် ေဆွ့ခနဲ့တက်လာ၏ ။ ဒီလိုကြီး သူများကားပေါ်တက်စီးတာက လိုက်ပို့တာတဲ့လားနော် ။


Passenger set က သူမကို ကြည့်ရင်း မပိတ်ရသေးသည့် ကားမှန်မှ မား ကို တစ်ချက်လှမ်းကြည့်မိသည် ။ မျက်၀န်းတို့အား မမြင်ရသော်ငြား မြင်နေခွင့်ရသည့် မျက်ခုံးသွယ်သွယ်လေးက တွန့်ချိုးလို့ ။ ဪ . . သူမ ကြည့်နေသည်ပဲ ။ ဒီသူစိမ်း မိန်းကလေးကို ပြန်ဆင်းခိုင်းမှပါ ။


ရှုပ်ရှုပ်ယှက်ယှက်တေွ သူမ မှ မကြိုက်တာ ။


" ဟာ . . မ ! ! ကျွန်တော့်ကို လာစောင့်နေတာလား "


" အင်း . . ဟုတ်တယ် ဒီနေ့ မင်းကားက ဆိုင်ရောက်နေတယ်မဟုတ်လား "


ခနကအထိ ယောင်လို့တောင် ကေွးညွှတ်မလာတဲ့ သူမ နှုတ်ခမ်းပါးတေွက ဘောလုံးတစ်ဖက်ကို လက်မှာကိုင်လာတဲ့ အနီရောင် ဘတ်စကစ်ဘော အကျ် ီနှင့် အမျိုးသားအားမြင်ချိန်မှာတော့ သွားစွယ်များပေါ်သည်အထိ လင်းလတ်စွာ ပွင့်ဟလာကြသည် ။ ထို အမျိုးသားကို ကိုယ်သိပါရဲ့ ။


ဘတ်စကစ်ဘောအသင်းခေါင်းဆောင်လည်းဟုတ် ၊ လွှတ်တော် အမက်ရဲ့ သားလည်း ဖြစ်သည်မို့ မိန်းကလေးများအကြား အတော်ကလေးပင် လူပြောများသည့် စီနီယာ ။


ကျွန်မ ကျွတ်တစ်ချက် စုတ်သတ်ရင်း ကားမှန်ကို ပြန်တင်လိုက်သည် ။


" အိမ်လိုက်ပို့ပေးမယ် "


" မဟုတ်ဘူး . . ဆေးခန်းကို သွားရမှာ ပရော်ဖက်ဆာက တော်တော့်ကို အားနာနေရှာတာ အဲ့တာကြောင့် ငါကပဲ ကိုယ်စားကရုစိုက်ပေးလိုက်ပါမယ်လို့ ပြောထားတာ "


" ဒါက အဲ့ဒီပရော်ဖက်ဆာ့ကြောင့်ရတဲ့ ဒဏ်ရာတေွ မဟုတ်ပါဘူး ငါဘာသာ ရန်ဖြစ်ရင်း ရလာတာမို့ ကရုမစိုက်လည်း ရတယ် "


သူမက ကိုယ့်အား အံ့ဩရိပ်တို့ဖြင့် လှည့်ကြည့်လာတယ် ။ မား ကို အရွဲ့တိုက်၍သာ သူမအား ခေါ်လာမိပေမယ့် တကယ်တန်းအိမ်ပြန်လိုက်ပို့ပေးချင်စိတ် ရှိသလားဆိုတော့ကား မရှိ ။ အမြန်ဆုံး အခန်းတွင်းက အိပ်ရာမှာ ဖြစ်သလိုလှဲချရင်း အော်ဟစ်ပစ်လိုက်ချင်သည် ။


Park Chaeyoung ရေ ဘာလို့ ငါ့ကို ဒီလောက်တောင် နာကျင်နေစေရသလဲပေါ့ ။


" မဟုတ်မှ မနက်က သန့်စင်ခန်းထဲမှာ ရန်ဖြစ်ကြတယ်ဆိုတဲ့ အဖွဲ့က နင်တို့လား ? ဘာလိုဖြစ်ကြတာလဲဟင် "


" သူတို့က ငါချစ်ရတဲ့ သူကို မကောင်းကြောင်းပြောနေလို့ တကယ်ဆို သူက အရမ်းကြီး ဖြူစင်နေတာမျိုးတော့ မဟုတ်ပေမယ့် သူတို့ပါးစပ်တေွကနေ အတင်းပြောနေရလောက်ေအာင်လည်း မနိမ့်ကျဘူး အဲ့တာကြောင့် ငါက ကောင်းကောင်း ဆုံးမပေးလိုက်တာ "


" ငါ ကြားလိုက်တာတော့ စီနီယာ အမကြီး သုံးယောက်က ဂျူနီယာလေးကို ဝိုင်းဆုံးမကြတာဆိုလား "


" ကောလဟာလတေွပါ "


လည်တိုင်ကို တစ်ချက်ပွတ်သပ်ရင်း သူမကို ပေစောင်းစောင်းကြည့်လို့ ပြောဖြစ်သည် ။ ဘယ့်နှယ့်ကြောင်းများ ဒီရန်ပွဲဟာ ေကျာ်ကြားသွားရသလဲနော် ။ ကောင်းတဲ့ ကိစ္စလည်း မဟုတ် ။


" ဘယ်သူမို့လို့လဲဟင် အဲ့ဒီသူက ? ကိုယ့်ကိုကိုယ်တောင် ဒီလောက်အနာခံပြီး ရန်ဖြစ်လာတယ်ဆိုတော့ "


သူမပုံစံအား မြင်ယောင်ကြည့်မိတော့ ခနက ပြုံးရယ်နေသည့် မြင်ကွင်းက ဦးေနှာက်အတွင်းတိုးလာသည် ။


" ဒီတိုင်း သိပ်အကျင့်မကောင်းတဲ့ Park Chaeyoung ပါ "


" ဪ နင်က Park Chaeyoung ရဲ့ ဖန်လား သူတို့အတင်းပြောတာလည်း အပြစ်ပြောလို့ မရဘူးလေဟယ် အဲ့မင်းသမီးက အမြဲတမ်း ပါတီတက်ပြီး အရက်ပဲသောက်နေတာတဲ့ အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင် Lalisa နဲ့ လက်ထပ်ထားပေမယ့် ဟို Jennie Kim ဆိုတဲ့ တစ်ယောက်နဲ့လည်း ဘာလိုလိုဆိုလားပဲ တကယ်ဆို အဲ့ဒီ Jennie Kim ဆိုတာကလည်း jisoo နဲ့ လက်ထပ်ထားတာကို အင်း . . နင်ပြောသလို သိပ်အကျင့်မကောင်းဘူးပဲ "


" ဘာတေွလာပြောနေတာလဲ ? အဲ့ဒီ မင်းသမီး မဟုတ်ပါဘူး အခုဟာက စီးပွှားရေးလုပ်ငန်းရှင်တိုင်း စောင့်ကြည့်နေရတဲ့ တစ်ယောက် "


" ဪ . . Haneul group ရဲ့ အမွေဆက်ခံသူလား ? ကြားရသလောက်တော့ သူက သူတော်သလောက်ထက် ပိုပြီ မာန်တက်နေတဲ့ လူမျိုးတဲ့ စေ့စပ်ထားတဲ့ ဆရာ၀န်လေးကလည်း သူ့ကို ငြင်းလိုက်တယ်ဆိုလား ကျွတ်စ် . . ကျွတ်စ် . . ဘယ်လောက်တောင် အကျင့်မကောင်းလို့ ဖြစ်မလဲနော် "


ကိုယ် သက်ပြင်းသာ ချမိတော့သည် ။ သွက်သွက်လတ်လတ်နှင့် တက်တက်ကြွကြွရှိလှသည်ကိုတော့ သူမ ပုံစံကြည့်ယုံဖြင့် သိသာခဲ့ပေမယ့် ဤမျှ စကားပေါနိုင်မည်ကိုတော့ ကြိုမတွက်ခဲ့မိရိုးအမှန် ။



" မိဘက ချမ်းသာလို့ အဆင့်အတန်းမြင့်နေတဲ့ မိန်းမမျိုးမဟုတ်ဘူး ငါ ပြောတဲ့ Park Chaeyoung က ပင်ကိုအရည်အချင်းတေွနဲ့ ထိပ်မှာရောက်နေတဲ့ အမျိုးသမီးမျိုး "


" စာရေးဆရာမ Park Chaeyoung ကို ပြောနေတာပဲ အင်း . . ဆရာမက တကယ့်ကိုလည်း ဖန်ဖြစ်လောက်စရာပါပဲလေ သူ့ ဝတ္ထုတေွက တကယ့်ကို အနုပညာေမြှာက်လွန်းတယ်မဟုတ်လား လက်တေွ့ဘ၀မှာလည်း ကိုယ့်ထက်ငယ်တဲ့ အမျိုးသမီးနဲ့ လက်ထက်ထားပြီး ချစ်စရာ သမီးလေးတစ်ယောက်နဲ့ တကယ့်ကို လူတိုင်း အားကျလောက်တဲ့ အိမ်ထောင်ရေးပဲနော် . . မနက်ကတောင်လေ ဆရာမရေးတဲ့ ဇာတ်ညွှန်း လူးသားနဲ့ Vampire တို့ရဲ့ . . . "


" ကဲ . . တော်ပါ တော်ပါတော့ ငါပြောချင်တဲ့ Park Chaeyoung ကလွဲရင် တစ်ကမ္ဘာလုံးက Park Chaeyoung တေွကို သိနေတော့တာပဲ "


သူမက Park Chaeyoung တေွများ လိုက်ပြီး စာရင်းပြုစုနေသလားနော် ။ ဒါမှမဟုတ် လွန်ကဲစွာပဲ ဗဟုသုတ စုံလွန်းသည်လား ။


" ဆရာမကို ပြောတာမဟုတ်ဘူးလား ? ဪ . . Chef ! ! Chef ! ! Chef ! ! ဟုတ်တယ်မလား ? SBS ရဲ့ အစီအစဥ်မှာတောင် ပါတယ်လေ သူ့လက်လေးတေွနဲ့ ဖန်တီးထားတဲ့ ဟင်းလျာအားလုံးက သိပ်ကို ပဉ္စလတ်ဆန်တာပဲတဲ့ ဒါပေမယ့် သူက အဲ့ပရိုဂရမ် ရဲ့ ပီဒီနဲ့ တိတ်တိတ်လေး လက်ထပ်ထားကြတယ်ဆိုလားပဲ မပွင့်လင်းတဲ့ အချစ်လမ်းကြောင်းတစ်ခုက ဖြောင့်ဖြူးပါ့မလားနော် ? တကယ်ကို စိတ်ပူမိတယ် "


လာပြန်ပြီလား ? နောက်ထပ် Park Chaeyoung တစ်ယောက် ။ ကြာလျှင် အမိှုက်ကောက်တဲ့ Park Chaeyoung တေွ ဘာတေွများ ပါလာဦးမလားပဲ ။


" ငါပြောတဲ့ Park Chaeyoung က ဒီကမ္ဘာမှာ အလှဆုံးနဲ့ ဆွဲဆောင်မှု အရှိဆုံး Park Chaeyoung "


" ဒီ ကမ္ဘာမှာ အလှဆုံးနဲ့ ဆွဲဆောင်မှု အရှိဆုံး Park Chaeyoung ဆိုရင်တော့ . . . ငါ ပဲလေ "


ကိုယ့် အံ့ဩလွန်း၍သာ သူမအားလှည့်ကြည့်မိသည် ။ စပ်စလူးခါနေတဲ့ သူမ ပုံစံကလေ ။ ရည်းစားတစ်ယောက်လောက်ရဖို့တောင် မလွယ်လှမှာကို ။ ရခဲ့ရင်လည်း အဲ့ဒီရည်းစားတော့ သနားပါရဲ့ ။


" နင့် နာမည်ကလည်း Park Chaeyoung လား ? မား နဲ့ နာမည်တူတေွကလည်း ပေါလိုက်တာနော် "


တစ်ကိုယ်တည်းသာ တိုးဖွဲ့ဖွဲ့ ရေရွတ်မိခြင်း ။ အဲ့ဒီလောက် Park Chaeyoung တေွ အများကြီးထဲကမှ ကိုယ်ချစ်မိသည်ဟာ အဘယ်ကြောင့်များ အကြင်နာတရားမရှိသည့် သူမ ဖြစ်နေရသလဲနော် ။


" ဝိုး ! . . နင့် မေမေ နာမည်ကလည်း Park Chaeyoung လား "


" နင့် ပါးစပ်ပိတ်ထားတော့ ! ! "




********************




" ပြန်လာတာ နောက်ကျတယ်နော် "



ဆိုဖာမှာ ထိုင်နေသည့် သူမက ကိုယ် ဧည့်ခန်းအတွင်း ဝင်လိုက်ချင်းမှာပဲ မက်တပ်ရပ်လို့ မေးလာသည် ။ သူမ အသံက လိုတာထက် ပိုတင်မားနေသည်ကိုလည်း ခံစားမိသလို မကြာခင် ရောက်ရှိလာကြတော့မည့် ကတောက်ကဆအပေါင်းကိုလည်း ကိုယ် ကြိုတင်မြင်သာပါရဲ့ ။


သူမကတော့ ကိုယ့်မျက်နှာက ဒဏ်ရာများကိုပင် မမြင်နိုင်လောက်ေအာင် ဒေါသထွက်နေပေမယ့် ။


" မားက စောသားပဲ ကျွန်မက မားလည်း နောက်ကျမယ်ထင်ထားတာ "


" တို့ကို လာမခနဲ့ နဲ့ ကလေး "


" အင်းပါ . . ကျွန်မကပဲ မား ခနဲ့သမျှ ခံရမှာလေ ဟုတ်တယ်မလား "


သူမက ဆံပင်တေွထဲ လက်​ေချာင်းထိုးဖွပစ်ပြီးမှ ကိုယ့်အနားအား အနီးဆုံးအထိ တိုးကပ်လာ၏ ။ သူမ ကိုယ်သင်းနံ့ကို မသိမသာ လိုက်အနံ့ခံနေမိပြီး လာဗင်ဒါရနံကို မည်သည့် ပြင်းရှသောရေမွှေးမျှ ရောယှက်မနေခြင်းအပေါ် ကိုယ် စိတ်သက်သာရာရမိသည်ကပင် အလိုလို ရံှုးနိမ့်နေပြီ ။



ဒါပေမယ့် သူမ နှုတ်ခမ်းနီတေွ ဘာလို့ အရောင်​ေဖျာ့နေသလဲနော် ။ ကိုယ် စိတ္တဇဆန်စွာပဲ ခေါက်ရိုးကျိုးနေတက်သည့် သူမ အကျ် ီမှ တွန့်ကြေရာ တစ်ချို့ကို ရှာနေမိသေး ။ သူမ အကျ် ီခါးတစ်ဝိှုက်က အခြားနေရာတေွလို သပ်သပ်ရပ်ရပ် ရှိမနေလှ ။


ကိုယ် ဘယ်လို ဖြေတေွးသင့်ပါလိမ့် ။ သူမက အမြဲလို အဖြေမဲ့နေတက်သည်ဆိုတော့ ။



" အဲ့ဒီတစ်ယောက်က ဘယ်သူလဲ ? အိမ်ပြန်လိုက်ပို့ပေးခဲ့တာလား အရင်က မတေွ့ဖူးပါဘူး "


" ကျွန်မလည်း မားကို အဲ့ဒီ မေးခွန်းလေးမေးချင်နေတာ "


သူမက ကိုယ့်လက်ကောက်ဝတ်ကို ခပ်တင်းတင်းဆုတ်ကိုင်လာသည် ။ သူမဆီက စူးစူးရဲရဲ အကြည့်များကို မြင်ရလျှင် ကိုယ်ရင်နာသည် ။ သူမကလွဲပြီး ဘယ်သူ့ကိုမှ လူထင်မနေတဲ့ ဒီနှလုံးသားကို အဲ့ဒီလို သံသယမျက်လုံးတေွနဲ့ ဘာဖြစ်လို့များ အခါခါ သေစေနေပါလိမ့် ။


ဪ . . Park Chaeyoung ရယ် ။ လူတိုင်းကို ရှင့်စိတ်နဲ့ နိှုင်းနေရင် သိပ်ရိုင်းသွားမှာပေါ့ ။



" တို့ အရင်မေးခဲ့တာ ထင်တယ်နော် ကလေး "


" အိမ်ပြန်လိုက်ပို့ပေးခဲ့တာလားဆိုရင်တော့ ဟုတ်တယ် ဘယ်သူလဲဆိုတာတော့ ကျွန်မကိုယ်တိုင်တောင် မသိဘူး "


" အဟက် ! ဖြစ်နိုင်တာကို ပြောစမ်းပါ ကလေးရဲ့ မင်းရဲ့ အရှုပ်ဇယားကို တို့က မျက်မြင်ကိုယ်တေွ့ တေွ့သွားလို့ စကားလုံးတေွက ရေှ့နောက် မညီတော့တာလား "


" အင်း . . ဟုတ်ပါ့နော် ကျွန်မက မားလောက် မကျွမ်းသေးလို့ ဖြစ်မယ် ခွင့်လွှတ်ပေးပါဦး "


ခပ်တင်းတင်းဆုတ်ကိုင်ထားခံရသည့် ကိုယ့်လက်များက ခနတွင်းချင်လွတ်လပ်သွားရသည် ။ သူမက ဆံနွယ်တစ်ချို့ကိုသပ်တင်ရင်း အလိုမကျစွာ မျက်နှာလွှဲသည်မို့ ကိုယ်ကတော့ ေလှာင်ပြုံးတို့ကိုသာ တပ်ဆင်ထားမိရဲ့ ။


" အာ . . ကျွန်မ မေ့သွားတယ် မား က ခွင့်မလွှတ်တက်ဘူးပဲ ပြသနာရှာပဲ ရှာတက်တာ "


" အဲ့ဒီကားက မင်းတင်ခ​ေါ်ချင်တဲ့ မိန်းမတိုင်းအတွက် စီးတော်ယာဥ်ဖြစ်ဖို့ ၀ယ်ပေးထားတာမဟုတ်ဘူး ! ! တစ်ခြားသူတေွလို ဘတ်စ်ကားပေါ် တိုးကြိတ်စီးနေရမယ့် အဖြစ်မျိုးကို မမြင်ရက်လို့ ဝယ်ပေးထားတာ "



ဪ . . သူမကပဲ ကရုတစိုက် ကြင်နာတက်သူကြီးပေါ့လေ ။ အဲ့ဒီလို အတုအယောင်တေွထက် ကျွန်မရေှ့မှာ ယောက်ျားတကာနဲ့တွဲပြီး ပေါ်လာတက်တာတေွပဲ ဆင်ခြင်စမ်းပါဦး ။ အမြဲတမ်း ဒုတိယနေရာမှာရပ်ပြီး သူမကိုပဲ ငေးကြည့်နေမိတယ်ဆိုတာက ကိုယ်ဟာ တစ်ခြားယောက်ျားသားေတွနဲ့ ပြိုင်ဖက်ဖြစ်ချင်လွန်းလို့များ ထင်နေလေသလား ။


သူမဘေးမှာ ပြီးပြည့်စုံနေတဲ့ ယောက်ျားတစ်ယောက်ကို မြင်ရတိုင်း ကိုယ့်စိတ်ထဲမှာ သိမ်ငယ်မှုတေွ နဲ့ ကြောက်ရွံ့စိတ်တေွက ဘယ်လောက်တောင် တုန်လှုပ်စွာ ရစ်ခေွစီးဆင်းနေကြပါလိမ့် ။


" မင်းရဲ့ passenger set မှာ တစ်ခြားဘယ်မိန်းမ ၊ ဘယ်ယောက်ျားပဲ ဖြစ်ဖြစ် ၀င်ထိုင်နေရင် အဲ့ဒါ တို့အချစ်ကို စော်ကားတယ်လို့ပဲ မြင်တယ် "



စိတ်ခြောက်ခြားဖွယ် ခြိမ်းခြောက်စကား၌ ကိုယ် ခြောက်ကပ်ကပ်သာ ရယ်မိတော့သည် ။ ကိုယ့်အချစ်သည်ကတော့ဖြင့် သူမ လျစ်လျူရှု့မှုများေအာက် အခါခါ အစော်ကားခံရ၍ မည်သို့မျှပင် မမြင်နိုင်တော့ ။


သောက်ရေးမပါသည့် အချည်အန​ှောင်ခံ နှလုံးသားနှင့် ကိုယ်က စုံလုံးကန်းသမား ။



" ရှင်သာ ကျွန်မကို တကယ်ချစ်တယ်ဆိုရင် Park Chaeyoung ရယ် ကျွန်မ မျက်နှာက ဒဏ်ရာတေွကို အရင်မေးသင့်တာပေါ့ ရှင့်သိက္ခာအတွက် ရင်းခဲ့ရတဲ့ ဒီဒဏ်ရာတေွကို နည်းနည်းလေးဖြစ်တော့ ပိုကရုစိုက်ခဲ့သင့်တာပေါ့ "


ပေါက်ခနဲ့ စီးကျလာတဲ့ မျက်ရည်စီးကြောင်းကို လက်​ေချာင်းတစ်ချို့နဲ့ အလျင်အမြန်ပဲ ဖယ်ရှားလိုက်သည် ။ မိန်းမ တစ်ယောက်ရေှ့မှာ ငိုယိုပြနေရလောက်အောင်ထိတော့ ကိုယ်လည်း အဖန်ဖန်ထပ်နေသည့် အရှုံးများကြား ထပ်တစ်ခါ ရံှုးမပြချင်တော့ ။


တစ်သတ်တာအတွက် အနိုင်ရယ်လို့မရှိခဲ့လျှင်တောင် နာကျင်ရပါသည်ဆိုတာကို ဖုံးကွယ်လို့ ေလှာင်ပြုံးတစ်ချို့နှင့်သာ သိက္ခာဆယ်ချင်သည် ။ သူမ ရေှ့၌ တရာဝင် ဒူးထောက်မထားလို ။ ကိုယ့် သိက္ခာကို ရစရာမရှိေအာင်ချနင်းတက်သည်က သူမ တစ်ဖက်ကမ်းခပ် တက်မြောက်သည်မို့ ။


ရက်စက်ခြင်းများအတွင်း ေလှာင်ပိတ်ထားစေကာမူ ရုန်းမထွက်နိုင်ပါဟု သူမ အတွက် သေချာခြင်းတစ်ချို့မပေးလိုက်ချင် ။ မဟုတ်လျှင်တောင် သူမက လည်လွန်းလို့ ။ ကိုယ် အနားရှိနေခြင်းအပေါ် သူမအတွက် သောကစိတ်ကလေးတစ်ခုမျှ ခံဆောင်မနေလျှင် သူမ ကိုယ့်အား အရေးအရာပင်ပြုမည်မဟုတ်တော့ ။


သူမ နှလုံးသားအတွင်း ကိုယ် ပြေးမဝင်နိုင်လျှင်တောင် သူမ စိတ်အစဥ်မှာတော့ ဝံ့ကြွားစွာ တစ်နေရာ သိမ်းထားချင်ပါဘိ ။


" ကျွန်မမှာ မှန်ကြည့်ရင်း စဥ်းစားလိုက်ရတာ သိလား ရှင်သာ ဒီဒဏ်ရာတေွကို စိုးရိမ်တကြီးမေးခဲ့ရင် ဘယ်လိုများ စိတ်သက်သာရာရ အောင် ဖြေပေးရမလဲ ဆိုပြီးတော့လေ ဒါပေမယ့် ကျွန်မ သိပ်ကံကောင်းသွားတယ် ရှင်က အဖက်တောင် မလုပ်ဘူး "



" အဲ့ဒါက တို့ရဲ့ ဒုတိယမေးခွန်းဖြစ်ခဲ့တာ မင်းက အကန်တေွချည်း လွှတ်ဖြေနေကို . . တို့က မေးခွန်းတောင် မေးခွင့်မသာခဲ့ဘူး "


သူမက အနီးမှာရှိနေတဲ့ ဆိုဖာဆီ ပြန်ထိုင်ချသည် ။ အမြဲလို ​ေကျာခိုင်းတက်သည့် သူမဖြစ်သော်ငြား သူမ ေကျာပြင်ကိုငေးရခြင်းက မရိုးနိုင်ေအာင် ရင်နာစရာ ။ တောင်းပန်စကားလေး တစ်ခွန်းနှင့် ကိုယ်ဟာ လွယ်လွယ် ေကျနပ်တက်သည့်တိုင် သူမကတော့ ငြီးေငွ့ခြင်းမရှိ ေချာ့မော့တက်သူ မဟုတ် ။


ကိုယ့် အမှားတဲ့လားနော် ။ ကိုယ်ဟာ ချစ်ရသူကို သဝန်တိုပိုင်ခွင့်တောင် မရှိလောက်ေအာင် ကိုယ့်နေရာဟာ သူမ နှလုံးသားမှာ ေမှးမှိန်နေပြီလား ။


ဪ . . အစကတည်းက တောက်ပခဲ့ပါတယ်လို့လည်း သူမ မပြောခဲ့ပါလေ ။



" နောက်ဆုံးတော့ ကျွန်မကပဲ မှားတာမို့လား ? တောင်းပန်ပါတယ် "


" တို့ကို ခွင့်မလွှတ်တက်ဘူးလို့ မင်းပြောခဲ့တယ်မဟုတ်လား ဘာလို့တောင်းပန်နေသေးလဲ "


သူမကို ေကျာခိုင်းလို့ ေလှကားပေါ်လှမ်းလက်စခြေလှမ်းတေွ တစ်ခနရပ်တန့်သွားမိပေမယ့် သက်ပြင်းချလို့သာ ေလှကားအထစ်ပေါင်းများစွာကို မနားတမ်း ပြေးတက်မိသည် ။ ခြေဖုဝါးေအာက်တွင် ငြိမ်ဝပ်စွာ ကျန်ခဲ့ရပြီး လိုရာအရပ်တစ်ခုအတွက် အမြဲလို ချခင်းကာအနင်းေချခံရသည့် ဤေလှကားများကို ကိုယ်မုန်းလာသည် ။



ကိုယ်သည် သက်မဲ့သစ္စည်းတို့သဏ္ဍာန် ထိုသို့မဖြစ်လိုပါ ။


သက်ဝင်ကြွယွသည့် တစ်စိမ့်စိမ့်မြတ်နိုးဖွယ်ကောင်းသော ပန်ချီးကားတစ်ချပ်နှယ် နားလည်မှု ၊ ေနွးေထွးမှုတို့ဖြင့် ကြင်နာနုပျိုစွာ အသက်သွင်းထားသော ချစ်ခြင်းတရားကိုသာ ကိုယ်ငံ့လင့်သည် ။ သူမဟာ ဒီလောက်လေးတောင် ဖြည့်ဆည်းမပေးချင်ဘူးလား ။


အခန်းတံခါးကို ဆွဲဖွင့်ရင်း မွှေ့ယာအိအိထက် ဖြစ်သလိုလှဲချမိတော့ အပြတ်ပြတ်သော နာကျင်မှုအပိုင်းအစများက မျက်ဝန်းအိမ်မှ ပြိုဆင်းလာကြသည် ။ ကိုယ်ဟာ ဘယ်အချိန်အထိများ ဖြတ်တောက်မရသည့် အချစ်တစ်ခုကြောင့် နာကျင်မှုကို ဖက်တွယ်ထားရဦးမည် မသိ ။


တကယ်တော့ဖြင့် အချစ်ဟာ လိပ်ပြာလေးတေွလည်း ဝဲပျံမနေခဲ့ပါေချ ။ နှလုံးသားအား ဓားနှင့်မွှန်းပြီး ေနွးေနွးပူသော ေသွးတို့အား အန်မထုတ်နိုင်စွာ မျိုချရသည့် မတက်နိုင်ခြင်းမျိုး ။





*******************




စပ်စလူး နတ်ပူးနေတဲ့ Park Chaeyoungရေကိုယ့် Fic နဲ့ ကိုယ် နေပါဟဲ့ သူများအတွဲတေွ ရန်ဖြစ်ကုန်ပြီ 😂






ရင်ခွင်နန်း သခင်Where stories live. Discover now