အကိုက ရှင်းကိုကြည့်မရဘူး အမြဲပြောပေမဲ့ ရှင်းစီကိုတော့ အမြဲတမ်းလာနေတတ်သေးတယ် ။ ရှင်းယူလာတဲ့ ထမင်းနဲ့ဟင်းတွေကိုလည်း အကိုကဘဲအမြဲယူစားသွားတာ ။ မင်းလက်ရာက အရမ်းကောင်းတယ်တဲ့လေ ။

ဒီလိုနဲ့အရမ်းရင်းနှီးလာကြတဲ့ ရှင်းတို့က သူများတွေမနာလိုကောင်းလောက်အောင် အကိုကရှင်းကို သိပ်ဂရုစိုက်တတ်ပါသည် ။ တစ်ဇွတ်ထိုးလုပ်တတ်ပေမဲ့ ရှင်းကိုတော့ သိပ်ဂရုစိုက်တတ်ပါသည် ။

"ရှင်း....''

"အကို ဘာဖြစ်လာတာလဲ ချွေးတွေနဲ့"

"ကိုယ်မင်းကို တစ်ကျောင်းလုံး လိုက်ရှာနေတာ မင်းဘယ်တွေသွားနေတာလဲ''

"ဘယ်မှမသွားပါဘူး ကိုဟန်ရယ် ရှင်းဒီမှာဘဲလာထိုင်နေတာပါ''

"မင်းဟိုကောင်နဲ့ စကားပြောခဲ့သေးတယ်မလား ရှင်း!''

"ဘယ်သူနဲ့ပြောလို့လဲ ကိုဟန်ရယ်''

"ဟိုကောင် ကျော်ထွန်းနဲ့လေ!''

ဟိုဟန့်ရဲ့ မျက်ဝန်းတွေက မနာလိုမှုတွေ အပြည့်ပါနေပြီး ရှင်းကိုလည်း ဒေါသကြီးစွာ စိုက်ကြည့်နေတော့သည် ။ ရှင်းနည်းနည်းတော့ ကြောက်မိတယ် ကိုဟန်က ရှင်းကိုတစ်ခြားသူတွေနဲ့ စကားပြောတာလုံးဝမကြိုက် ရှင်းဘက် မရောဘူးပြောတာတောင် ကိုဟန်က ယုံကြည်တာမဟုတ် ။

"သူက အရင်နေ့ကလေ ကျောင်းပျက်ထားလို့ ရှင်းစီကစာလာကူးတာပါ''

"ဘာဖြစ်ဖြစ် မင်းကိုသူနဲ့ ပတ်သတ်တာ ကိုယ်လုံးဝမကြိုက်ဖူး ပြောထားတယ်မလား ရှင်း!''

"ရှင်းနောက်မပတ်သတ်မိအောင် ရှောင်ပါ့မယ် ကိုဟန်...ရှင်းကို စိတ်မဆိုးပါနဲ့ နော်''

"ကိုယ်မင်းကို စိတ်ဆိုးနေရအောင် ကိုယ်ကကလေးမဟုတ်ဘူး ကိုယ်မကြိုက်တာတွေ မလုပ်မိစေနဲ့ ရှင်း!''

ပိုင်စိုးပိုင်နှင် ဆန်လိုက်တဲ့ လူကြီး ။ ရှင်းကဘာမို့လို့ လိုက်ချုပ်ခြယ်ချင်နေရတာလည်း မသိဘူး ။ အဲ့လိုတွေချုပ်ခြယ်ခံနေရတာကိုဘဲ ရှင်းကိုယ်တိုင်က ကျေနပ်မိတော့လည်း ခက်ချေပြီ ။

....................

"ကိုရှင်း....''

"ဟာ....မိုး ကိုရှင်းစီလာတာလား''

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) Where stories live. Discover now