ဒါပေါ့ သူမတုန်းကလဲ အမှန်တရားကိုရင်ဆိုင်ဖို့ဆယ်နှစ်ကျော်တောင်ပုန်းရှောင်နေခဲ့ရတာပဲ

အခုတော့ သူမပုန်းဖို့အချိန်ကုန်သွားခဲ့ပြီ

လက်စားချေရမဲ့အချိန်ပဲ

"အခုသိပြီလား ငါဘာလို့ မြို့တော်Aမှာပေါ်လာရသလဲဆိုတာ"

"နင် .... နင်မလုပ်ရဘူး"

"ဘာလို့လဲ သူ့လို မချစ်တတ်တဲ့သူက နင့်လိုပမွှားလေးကို တကယ်ဂရုစိုက်တယ်လို့ထင်နေတာတော့မဟုတ်ဘူးမလား"

အင်းလို့ဖြေရင် နင်ရူးနေတာပဲဖြစ်ရမယ်

"အင်း သူငါ့ကိုတကယ်ဂရုစိုက်တယ်"

"............"

သူမ ဆွံ့အသွားတယ်

ကယ်တင်မရတော့ဘူးပဲ

မြေခွေးကိုသူတော်စင်ထင်နေတဲ့ဝက်ကိုဘယ်လိုပြောလို့ရပါ့မလဲ

အဲ့မြေခွေးက မင်းဝလာအောင်‌ေ‌ကျွးတယ် မင်းကိုတခြားကောင်တွေစားသွားမှာစိုးလို့ကာကွယ်ပေးတယ်

အဲ့ဒါနဲ့ပဲ မင်းက အဲ့မြေခွေးကိုအကောင်းမြင်နေတယ်ပေါ့

အဲ့မြေခွေးမင်းကိုကျွေးမွေးကာကွယ်ပေးတာမင်းအသားပေါလာတဲ့အချိန် အချိန်မရွေးစားပစ်ဖို့ဆိုတာကို တကယ်မသိတာလား

ကောင်းပြီ ငါလက်မြောက်လိုက်ပြီ

မင်းကကယ်တင်လို့မရဘူး

"လမင်းနှင်းဆီ "

"ဟမ် ?"

"ကုန်ပစ္စည်းတံဆိပ်လေ "

"အဲ့ဒါဘာလို့ငါ့ကိုလာပြောပြနေတာလဲ "

"........."

ကျန်းသခင်ကြီးကတကယ်သတိရှိတာပဲ

ဆယ်နှစ်ကျော်ကြာသွားတာတောင် ကျနး်ရှင်းရှင်းက တကယ့်ကျန်းမိသားစုရဲ့အိမ်ကသတ်ထားပြီးသားလူတွေရဲ့အရိုးနဲ့ဆောက်ထားတယ်ဆိုတာမသိသေးဘူးတဲ့

ဒါမှမဟုတ် မသိချင်တာများလား

"ရှင်းရှင်း "

သူမမော့ကြည့်လိုက်တော့ တောင့်ဖြောင့်ကာချောမောတဲ့ ‌ကိုယ်ဟန်သိမ်မွေ့တဲ့ယောကျာ်းတစ်ယောက်က ကျန်းရှင်းရှင်းဆီရောက်လာခဲ့တယ်

(Complete)the rebirth of the movie queen as the bloodthirsty queen(oc.nl)On viuen les histories. Descobreix ara