ကျားရဲမလေးလို သူမရဲ့မျက်လုံးတွေက စူးရှနေပေမဲ့ သူကတော့ အရမ်းလှတယ်လို့ပဲမြင်တယ်

ဒါကြောင့်ပဲ သူမကိုထပ်နမ်းမိပြန်တာပေါ့

သူမရဲ့နှုတ်ခမ်းလေးကို သူခပ်ဖြေးဖြေးချင်းစုပ်ယူမျိုချတယ် သူမရဲ့‌အောက်နှုတ်ခမ်းလေးကို ကိုက်ကာ အပေါ်နှုတ်ခမ်းလေးကိုတော့ တပြွတ်ပြွတ်မြည်အောင်ဆွဲစုပ်ပစ်လိုက်တယ်

သူမရုန်းနေပေမဲ့လဲ သူကလဲ ဂိုဏ်းရာဇာတစ်ယောက်ပေမို့ လုံလောက်တဲ့သက်လုံနဲ့ကိုယ်ခံအားကရှိနေတုန်းပဲ

သူ ဆေးရုံနှစ်ခေါက် ရောက်ဖူးတယ်

နှစ်ခေါက်လုံးက သူမကြောင့်ပဲ

သူ့မှာလဲ သီးခံနိုင်စွမ်းကအကန့်အသတ်ရှိတယ်

အခုတော့ သူမရဲ့ကိုယ်ကိုသူပိုင်သွားပြီမို့ သူမရဲ့နှလုံးသား သူမရဲ့အချစ်ကိုပဲ ရယူဖို့ရာကျန်တော့တယ်

သူမသာ သူ့ကိုအမြန်ဆုံးပြန်ချစ်လာရင် ......

စိတ်ကူးယဉ်နေဆဲ သူ့ပေါင်ကြားကိုသူမရဲ့ဒူးခေါင်းရောက်လာခဲ့လေတယ်

မျက်လုံးပြူးသွားပြီး အလျှင်အမြန်ရှောင်လိုက်ပေမဲ့ တောင့်တထောင်ထနေတဲ့သူ့ညီ‌ငယ်လေးဟာ သူမလေးရဲ့ဒူးနဲ့မိတ်ဆက်မိသွားတော့တယ်

"ဒုတ်"

"အားးးးး"

ချက်ချင်း ကြမ်း‌ပြင်ပေါ် ခွေကျသွားတော့တယ်

"မှတ်ပြီလား ‌ငါ့ကိုစော်ကားချင်ဦး တခါထဲသေသွားလိုက် နင့်မျက်နှာကိုငါမကြည့်ချင်တော့ဘူး ငါ့မျက်စိရှေ့ပေါ်လာရဲပေါ်လာကြည့် သတ်...ပစ်....မယ် "

ချွေိးတပြိုက်ပြိုက်ကျလောက်အောင် အောင့်မျက်နှာကျင်နေရတာမို့ သူမ ထွက်သွားတာကိုလဲ သူမတားနိုင်တော့

သူနောက်ဆုံးအသိက သူမရဲ့ထွက်သွားတဲ့ကျောပြင်ပဲ

.......

"မင်္ဂလာပါ ကျွန်မတို့ထပ်ဆုံပြန်ပြီနော်"

သူမ ကော်ဖီခွက်လေးရဲ့နှုတ်ခမ်းကိုလက်လေးနဲ့သပ်ကာရစ်ခွေနေတုန်းမှာ ချိုကြည်တဲ့အသံတခုက သူမရှေ့ကထွက်ပေါ်လာခဲ့တယ်

(Complete)the rebirth of the movie queen as the bloodthirsty queen(oc.nl)Tahanan ng mga kuwento. Tumuklas ngayon