"ဒီစာချုပ်ကို မင်းအဖေနိုးလာရင် ပေးလိုက်ပါ''

"ကျုပ်အဖေကို ခင်ဗျားဘာတွေထပ်လုပ်အုံးမလို့လဲ''

"ငါလုပ်တာတွေရဲ့ အကြောင်းအရင်းက မင်းအဖေအရင်လုပ်ခဲ့တာတွေဘဲလေ ငါတို့ချည်းအပြစ်ဖြစ်နေတာ မဟုတ်ဘူး ''

"ခင်ဗျားဘာပြောတာလဲ!''

"ဒီစာရွက်က မင်းအဖေနဲ့ငါ့ရဲ့ ကွာရှင်းစာချုပ်ဘဲ သူဒါကိုရရင် ဝမ်းသာနေမယ်လို့တော့ ထင်ပါတယ် ''

"ခင်ဗျားက တကယ်ဘဲ ကျုပ်အဖေကို ကွာရှင်းချင်သွားပြီလား ဟက်! ဘာလဲ ကျုပ်အဖေရဲ့ စည်းစိမ်တွေကုန်တော့မှာမလို့ ခွာမယ်ဆိုတဲ့သဘောလား ဒေါ်ထိပ်ထားစံ!''

"ဒီမှာ မင်းစစ်ကုဋေ အရာရာကိုမင်းစိတ်နဲ့နှိုင်းပြီးနေရင်တော့ ရိုင်းကုန်တာပေါ့ ၊ တကယ်ဆို နစ်နာခဲ့ရတာ ငါတို့ပါ မာန်ဝဏ္ဏခြိန်းက သူ့အဖေတစ်ယောက်လုံးကို ဆုံးရှုံးခဲ့ရတာ မင်းတောင်သိပ်မုန်းနေတဲ့ မင်းအဖေအခုလိုဖြစ်နေရုံလေးနဲ့တင် ဒီလောက်ဖြစ်နေတာ မာန်ကသူ့အဖေကို သိပ်ချစ်လွန်းတဲ့ကောင်လေးပါ သူ့ဘက်ကို နည်းနည်းလောက် မင်းတွေးကြည့်စမ်းပါအုံး!''

"ခင်ဗျားဘာတွေ လာပြောနေတာလဲ ဘာမှနားမလည်ဘူး''

"မင်းအဖေက မာန့်အဖေကို ကားနဲ့တိုက်သတ်ခဲ့တာဘဲ ၊ ဒီအပြစ်ကိုလဲ ဥပဒေအတိုင်းမလိုက်နာဘဲ ငွေနဲ့အမှုပိတ်အောင် လုပ်ခဲ့တာ! မင်းပြောကြည့် မာန်က ခွင့်လွတ်ပေးပြီး လွတ်ထားလိုက်သင့်လား!''

မင်းစစ် ဘာစကားမှမပြောနိုင်လောက်အောင် စိတ်မောသွားရသည် ။ သူ့အဖေက ဘယ်တုန်းကများ ဒီလိုလုပ်ခဲ့ရတာလည်း မတော်တဆဖြစ်တာဆိုရင်တောင် အပြစ်ကိုခံယူသင့်သည် ။ ခြိန်းဘယ်လိုခံစားခဲ့ရမလည်း အဖေ့ကိုနားကျည်တာလည်း ဖြစ်သင့်ပါသည် ။ အဖေကိုယ်တိုင်က အပြစ်လုပ်ခဲ့တဲ့လူဘဲကို ။

ဒါဆိုသူကကော သူ့မှာလည်းအပြစ်ရှိနေခဲ့လို့လား ၊ ဒါမှာမဟုတ် အဖေ့ကိုမုန်းလို့ သူ့ကိုပါ ချဥ်းကပ်ခဲ့တဲ့သဘောဘဲထင်သည် ။ ခြိန်းသူ့ကို အစကတည်းက တကယ်မချစ်ခဲ့ဘူးဘဲ ။

အဖေ့ကြောင့် သူပါအပြစ်ရှိတယ်ဆိုရင်လည်း ငါတစ်ခြားနည်းနဲ့ ခံယူပါရစေလား ခြိန်းရယ် ၊ ငါ့နှလုံးသားကိုတော့ မလှည့်စားပါနဲ့....

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) Where stories live. Discover now