"နောက်နေ့ မသက်သာရင် ဆက်သွယ်လို့ရအောင် ကျနော့် ဖုန်းနံပါတ်လေး ယူထားမလား "


ရှောင်းကျန့်က ထိုသို့ပြောတော့ ဖုန်းထုတ်ပေးလာသည်မို့ နံပါတ်တစ်ခု ရိုက်ထည့်ပေးလိုက်သည်

"ဒါဆို ကျေးဇူးအများကြီး တင်ပါတယ်ဗျ ကျနော့ကို သွားခွင့်ပြုပါအုံး တစ်ခုခု အဆင်မပြေရင် ဆက်သွယ်လိုက်ပါ "

ရှောင်းကျန််သည် အရင်လှည့်ထွက်လာပြီး
Taxiငှားကာ အိမ်သို့ပြန်ခဲ့သည်
ဒီနေ့တော့ အကြောင်းအရာ အမျိုးမျိုးကြောင့် သူအရမ်းပင်ပန်းနေခဲ့ပြီ ဖြစ်သည်


.........

ပြန်ရောက်ထဲက ညာလက်အား တယုတယကြည့်ကြည့်ကာ ပြုံးဖြီးနေသောသူငယ်ချင်းအား လွတ်သွားပြီဟု ဖန်အာ မှတ်ချက်ပြုလိုက်သည်
ဒဏ်ရာရထားသည်ဟု ပြောပြလာသော်လည်း
ထိုလက်အား ကြည့်ကြည့်ကာ ပြုံးနေသည်မှာ သာမန်မဆန်တဲ့ ဖြစ်ရပ်
အကြောင်းအရင်းကတော့ သူ့ကောကောကိုယ်တိုင်ဆေးလိမ်းပေးလိုက်လို့ပါတဲ့
ချစ်တတ်လွန်းသူကြီး တစ်ခါတည်း ကားတိုက်မသေခဲ့တာတော်သေး

"လီယိုရာ ပျော်တာလည်းပျော်ပေါ့
ဆေးခန်းလေးလည်းပြအုံး
တော်ကြာ အဆစ်လွဲတာတို့ ကျိုးတာတို့ အအရိုးအက်တာတို့ ဖြစ်နေအုံးမယ် "

"သိပါတယ် ဖန်အာလေးရ
မနက်ဖြန်ကျ သွားမှာပေါ့
ခုကကောရဲ့ လက်နုနုလေးတွေနဲ့ ထိထားတာဟ တစ်ခြားသူတွေထပ်ထိတာမခံချင်ပါဘူး "

"အေးပါကွာ သေမယ့်ဒဏ်ရာမျိုးမဟုတ်လို့တော်သေး
မနက်ဖြန်ဆိုလည်း မနက်ဖြန်ပေါ့
ငါလိုက်ပို့ပေးမယ် "

"ရတယ် ကောကောက လိုက်ပို့ပေးမယ်တဲ့"

"ဖြစ်ပါ့မလား လီယို မင်းအစ်ကိုသိရင် ပြသနာတက်မယ်နော် "

"အဆင်မပြေလည်းသွားမှာပဲ
ကောကောနဲ့ပဲဟာ
ဝမ်ကောကိစ္စလည်းမပူပါနဲ့
ငါအပြင်သွားတိုင်း mask တပ်တယ်ဆိုသိရက်နဲ့ "

"လုပ်ချင်တာသာလုပ် အဆင်ပြေရင်ပြီးတာပဲ"


🐰Xiao Paing🐰

🐇Zawgyi🐇

cafe ဆိုင်တစ်ခုမှာ တစ်ကုပ်ကုပ်နဲ့
တစ်ဆိုင်လုံး အလုပ်ကို သိမ်းကျုံးလုပ်နေတဲ့ ကောင်လေးတစ်ယောက်ရှိတယ်
customer တစ်ယောက်စ နှစ်ယောက်စသာ ရှိတဲ့ ဆိုင်လေးအတွင်းမှာ
ထိုကောင်လေးကို  လင်းချန်ကြည့်ရင်း
စိတ်မောလာတယ်
ဒီwaiterအကိုကြီး မျက်နှာ မကောင်းဖြစ်နေတာ သူ့ပယောဂလည်း မကင်းသည်မို့
ပိုလို့ပင် မနေတတ်ဖြစ်ရကာ
ဝမ်းနည်းနေတာ တင်းခံထားပုံရတဲ့
ထိုအကိုကြီးအား မကြည့်ရက်နိုင်တဲ့
လင်းချန်ကပဲ
အလုပ်စောဆင်းခွင့် ပေးလိုက်တော့မယ်

Unforgivable [completed]Donde viven las historias. Descúbrelo ahora