ဒါပေမယ့် သူကမှားတဲ့သူ မဟုတ်ဘဲ ဘာလို့ထွက်ပြေးရမှာလဲ ဆိုတဲ့ အတွေးမျိုးကလည်း ရှိနေပြန်တယ်

ရှောင်းကျန့် တွေးရင်းခံရခက်လာတယ်
သူ့ကိုယ်သူ လမ်းဖြတ်ကူးနေမှန်းတောင် သတိမထားမိတော့အထိ အတွေးများနေခဲ့တာဖြစ်တာ

ရုတ်တရက် လာဆွဲတဲ့လူတစ်ယောက်နဲ့အတူ
ရှောင်းကျန့် လမ်းဘေးကို လဲကျသွားခဲ့တယ်
တစ်ပြိုင်နက်တည်းဆိုသလို သူတို့ဘေးက ဖြတ်မောင်းသွားတဲ့ကုန်တင်ကား တစ်စီး
ရှောင်းကျန့်ခုမှ အခြေအနေကို သဘောပေါက်တယ်
သူ accident ဖြစ်တော့မလို့ဘဲ
ဆွဲပေးလူကိုကျေးဇူးတင်ဖို့ကြည့်လိုက်တော့
တံတောင်နားကို ပွတ်သပ်နေတာမို့
ထိခိုက်သွားပုံရတာမို့ ရှောင်းကျန့်အရမ်းပဲ အားနာသွားရတယ်

"အရမ်းနာနေလား
ကျနော် သတိလက်လွတ်ဖြစ်သွားလို့ပါ
ကျေးဇူးလည်းတင်ပါတယ် ဒီက...."

အကိုလား ညီလို့ပြောရမလား မခွဲတတ်
ကျေးဇူးရှင်လေးက mask တပ်ထားသည်မို့
နာနေတဲ့လက်အား အခြေအနေကြည့်ရန်
တိုးကပ်လိုက်တော့
ထိုကျေးဇူးရှင်လေးရဲ့ မျက်ဝန်းများဟာ တစ်စုံတစ်ယောက်နဲ့ သိပ်တူလွန်းနေခဲ့တယ်
အရပ်ကအစ ခန္ဓာကိုယ်ပုံစံထိပါ ဆင်တူလွန်းနေတာမို့ ထိုလူများလားဆိုတဲ့ အတွေးမျိုး ဝင်မိပေမယ့်
လက်တွေ့ကျကျစဥ်းစမ်းမိတော့ ထိုလူသာဆို ဘာလို့ ဖုံးကွယ်နေမှာလဲ
မဖြစ်နိုင်ပေ
ရှောင်းကျန့်သည် သိပ်မတွေးတော့ဘဲ
ေရှ့ကလူအား ဆေးထပ်ပေးဖို့ပြောရလေသည်

"ဒီနားမှာ convenient storeရှိတယ်
ဆေးထည့်ပေးချင်လို့ရမလားဗျ
ကျွန်တော့ကြောင့်ဆိုတော့ စိတ်ပူလို့ပါ "

ကျေးဇူးရှင်ဆိုတဲ့ လူကတော့ ခေါင်းသာငြိမ့်ပြပြီး ရှောင်းကျန့် ခေါ်ရာနောက်လိုက်ပါလာတာမို့

ရှောင်းကျန့်လည်း ဒဏ်ကြေလိမ်းဆေးလေး
ဝယ်လိမ်းပေးလိုက်သည်

"ဟိုလေ ဆေးခန်း သွားချင်ရင်ပြောနော် "

ထိုလူက လက်ကာပြသည် ရတယွဆိုတဲ့သဘော
ပါးစပ်က ထုတ်ပြောရင်ရနေပါလျက်နဲ့ လက်ဟန်ခြေဟန်တွေနဲ့

Unforgivable [completed]Hikayelerin yaşadığı yer. Şimdi keşfedin