Chapter(378) - ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ် အခင်းအကျင်း

Start from the beginning
                                    

"မင်းက ငါ့မှာ နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်နဲ့ ပတ်သတ်ပြီး နက်ရှိုင်းတဲ့ အသိပညာတွေ ရှိနေတယ် ဆိုတာကို သေချာနေတယ် ဆိုမှတော့ ချင်းကျူရဲ့ ဂုဏ်သတင်းကို မျက်နှာထောက်သောအားဖြင့် တစ်ချို့ အချက်အလက်တွေတော့ ပြောပြပေးလို့ရတယ်"

ချင်းကျူသည် မနေနိုင်စွာပင် မျက်လုံးလှန်မိပြီး သူ့မျက်နှာက အထင်အမြင်သေးမှုများ ရှိနေသည်။

လျှိုမုံချန်သည်လည်း သိပ်ပြီး အာရုံထဲ ထည့်မထားပေ။

"နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ရဲ့ အနောက်ဘက်မှာ ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ် အခင်းအကျင်း တစ်ခု ရှိနေတယ်။ အဲ့ဒီ ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ် အခင်းအကျင်းက ဘယ်သူ့ကို စည်းတံဆိပ် ခတ်ထားတာလဲ ဆိုတာကို မသိပေမယ့်လည်း နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲမှာ ပေါ်လာတဲ့ အတားအဆီးနဲ့ မကောင်းဆိုးဝါးကြီး ပေါ်လာတဲ့ကိစ္စက ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ် အခင်းအကျင်းကို ပြေလျော့လာအောင် လုပ်တာနဲ့ လုံးဝ ခွဲမရတဲ့ ဆက်ဆံရေးတစ်ခု ရှိလိမ့်မယ်"

လျှိုမုံချန်က စကားဆက်သည်။

"အကယ်၍ ငါသာ ကိုယ်တိုင်ကိုယ်ကျ မမြင်ခဲ့ရဘူးဆိုရင် အနောက်ဘက်တိုက်မကြီးမှာ ဒီလို အရမ်းကြီးမားတဲ့ ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ် အခင်းအကျင်း တစ်ခု ရှိနေတယ်ဆိုတာကို သိမှာမဟုတ်ဘူး"

လျှိုမုံချန်က ခပ်ဖွဖွ မျက်မှောင်ကြုတ်လိုက်ပြီး ကြည့်ရတာ အတိတ်မှတ်ဉာဏ်များအား အမှတ်ရသွားပုံပင်။

"ငါအရင်တုန်းက ကြီးမြတ်တဲ့ အခင်းအကျင်းရဲ့ ကြောက်မက်ဖွယ် ကောင်းမှုကို ကိုယ်တိုင်ကိုယ်ကျ တစ်ကြိမ်လောက် ခံစားဖူးတယ်။ အဲ့ဒါကြောင့် မှားစရာ အကြောင်းမရှိဘူး"

ချင်းကျူက လျှိုမုံချန်အား ကြည့်နေပြီး စကားဆက်ဖို့ စောင့်နေ၏။

လျှိုမုံချန်သည်လည်း မရပ်တန့်သွားပေ။

"ငါငယ်ငယ်တုန်းက မိသားစုထဲက အကြီးအကဲတွေနဲ့ စကားများ ဝိုင်းဒိုင်းကြဲခဲ့ပြီး အတွေ့အကြုံ တစ်ချို့ ရဖို့အတွက် နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲကို တစ်ယောက်တည်း ဝင်ခဲ့တယ်။ သတိလက်လွတ်နဲ့ သစ်တောရဲ့ အနက်ရှိုင်းဆုံးထဲထိ ရောက်သွားခဲ့ပြီး......"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now