Chapter(378) - ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ် အခင်းအကျင်း

Start from the beginning
                                    

လင်ရွှမ်းဇီသည်လည်း မအံ့သြခဲ့။

"ဖြစ်နိုင်တယ်ပဲ ထားဦး, ကျွန်တော်ရထားတဲ့ အချက်အလက်တွေက လျှိုမိသားစုခေါင်းဆောင် ရထားတာနဲ့ မလွှဲမရှောင်သာအောင် အဆင့်တစ်ခုထဲ မဟုတ်လောက်ဘူးလေ။လျှိုမိသားစုခေါင်းဆောင်က နယ်မြေကြီးကိုးခုက လာတဲ့တစ်သီးတစ်သန့် မိသားစုခေါင်းဆောင် ဖြစ်နေတဲ့ဟာ။ ခင်ဗျားက အတွေ့အကြုံလည်း များသလို အသိပညာလည်း များတယ်။ နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်နဲ့ ပတ်သတ်ရင်လည်း သေချာပေါက် ကျွန်တော်တို့ထက် ပိုပြီး နားလည်နိုင်စွမ်းများတယ်။ ဘာလို့များ အသုံးဝင်တဲ့ အချက်အလက်တွေ မမျှဝေရမှာလဲ, အဲ့ဒါဆို အသက်ရှင်သန်နိုင်မယ့် အခွင့်အလမ်းက ပိုများလာမှာပဲလေ"

လင်ရွှမ်းဇီက ကျိုးနွံသင့်တဲ့ အခါမျိုးမှာ တစ်ခြားသူများထက် ပိုပြီး ခေါင်းငုံ့နိုငသည်။ ထို့ကြောင့်လည်း သူက လျှိုမုံချန်အား လေးလေးစားစား ဆက်ဆံပြီး သူ့အား နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲ လိုက်ဖို့ လက်ခံခဲ့ခြင်းပင်။ သူ့ရဲ့ တွေးခေါ်ပုံက ချင်းကျူနဲ့ အတူတူပင် ဖြစ်၏။

နတ်ဆိုးသားရဲ အင်္သေချေ တောအုပ် အကြောင်း သတင်းရင်းမြစ်အဖြစ် လျှိုမုံချန်အား လိုအပ်နေသည်ပဲ။

ချင်းကျူ ခွဲခြမ်းစိတ်ဖြာခဲ့တဲ့အတိုင်း အတိအကျပင် လျှိုမုံချန်က တစ်သီးတစ်သန့် မိသားစု၏ ဂုဏ်သိက္ခာရှိသော အကြီးအကဲတစ်ဦးဖြစ်သော်လည်း နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်နဲ့ ပတ်သတ်သည့် ကိစ္စအတွက် တံခါးပိတ် တရားကျင့်ရာမှ စောစီးစွာ ထွက်လာခဲ့သည်။ အဲ့ဒါတင် မကသေးပဲ အချိန်တိုလေး အတွင်းမှာ ထပ်ခါထပ်ခါ ဝင်ထွက် လုပ်ခဲ့သေးသည်ပင်။ ဒါက အလွန်ကြီးမားတဲ့ ပြဿနာ ဖြစ်လိမ့်မည်။

လင်ရွှမ်းဇီနဲ့ သူ့အုပ်စုက နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် အထဲ မဝင်ခင်မှာ ရနိုင်သမျှ အချက်အလက်များကို စုဆောင်းတာက သဘာဝပင် ဖြစ်သည်။

ထိုအချိန်တွင် လျှိုမုံချန်၏ ပါဝင်ပတ်သက်မှုက အရေးကြီးလာသည်။

လျှိုမုံချန်က လင်ရွှမ်းဇီအား ခပ်ပေါ့ပေါ့ တစ်ချက် ကြည့်ပြီးနောက် ချင်းကျူအား ကြည့်လိုက်၏။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now