၉..အားနည်းခြင်း

Magsimula sa umpisa
                                    

'အဲဒါကြောင့် ငါ့ကိုသတ်တာပေါ့,ဒီကလေကချေကောင်တော့!'

"ဟောက်ရန်"

ကိုင်ရဲ့အသံက သေစေလောက်တဲ့တိုက်ခိုက်မှုမျိုးနဲ့ကြုံခဲ့ရတဲ့အသံမျိုးနဲ့မတူဘဲ သူမတို့ကိုကလိထိုးနေသလိုပင်"မင်းက မင်း..မင်းသမီးအပေါ်ရိုင်းပြမိပြီ"

ကြောင်ကလေးကကုတင်ပေါ်ကနေထထိုင်ဖို့ကြိုးစားပေမယ့်;ရှုံ့မဲ့သွားတဲ့မျက်နှာလေးနဲ့အတူနှုတ်ခမ်းစူလျက် ခေါင်းအုံးပေါ်သို့ပြန်ကျသွားသည်။

ဒုတိယ‌ဇာတ်ဆောင်ဟောက်ရန်ရဲ့မျက်လုံးများက သူမဆီကနေ ကြောင်ကလေးဆီသို့ရောက်သွားပြီး သူ့ရဲ့သွေးစွန်းအကြည့်များကိုလျှပ်စီးကဲ့သို့အလျင်အမြန်ဖုံးကွယ်လိုက်တော့သည်။

"အရှင့်သား,ကျွန်တော်မျိုးကိုအပြစ်ပေးတော်မူပါ၊ကျွန်တော်မျိုးသေသင့်တဲ့အပြစ်ကိုကျူးလွန်မိပါတယ်"

ဟောက်ရန်ရဲ့အပြောင်းအလဲကိုမြင်လိုက်ရပြီးနောက် သူမကတော့သူ့အပေါ်အံ့အားသင့်မှုအပြည့်နီးပါးဖြစ်ခဲ့ရသည်။

"ဒီကိစ္စက.. မင်းသမီးဆီကပဲခွင့်လွှတ်ဖို့တောင်းပါ"ဒီစကားတွေကိုကြားလိုက်ရတော့‌ဟောက်ရန်ဖြစ်သွားတဲ့ရွံမုန်းစရာကောင်းတဲ့ခံစားချက်ကိုသူမ တွေးကြည့်လို့တောင်ရသည်။

သူမခဏလောက်စဉ်းစားကြည့်တော့ ထိုက်ဇိ၏ပုံမှန်မဟုတ်တဲ့လုပ်ရပ်များအကြောင်းကသတင်းထွက်လာပြီး ဧကရီမိဖုရားခေါင်ကြီးနားသို့ရောက်ရှိသွားပါကဒုက္ခဖြစ်လိမ့်မည်။

ကလေးက ဘယ်လိုလုပ်လူသတ်သမားဖြစ်နိုင်မလဲ?အဲဒီလိုအရည်အချင်းမျိုးက...

ဒီကိစ္စကဇာတ်ညွှန်းကိုလည်းထိခိုက်နိုင်မယ်၊ထို့နောက် နောက်လာမည့်ကိစ္စတွေကိုကြိုတွေးရင်း ခေါင်းကိုက်လာတာကြောင့်မျက်ခုံးနှစ်ခုကြားလက်ဖြင့်ဖိညှစ်လိုက်၏။

"ယုလန်ကို ပြန်သွားတော့"

"မြို့စားကိုလည်းပြောလိုက် စိတ်ပူစရာမလိုဘူးလို့" ခဏရပ်ပြီးနောက် "ရှင်မြင်တဲ့အတိုင်းပဲ အရှင့်သားဘေးကင်းတယ်၊ပြီးတော့ ကျွန်မကိုယ်တိုင်အရှင့်သားကိုစောင့်ရှောက်မယ်"

Villainess Series 2 ;အဓိကဇာတ်ဆောင်အားငြင်းပယ်ခြင်းTahanan ng mga kuwento. Tumuklas ngayon