၈..အကြောက်အရွံ့ကင်းခြင်း

Start from the beginning
                                    

အမှန်ပင် ဤဒုတိယဇာတ်ကောင်က အဓိကဇာတ်ကောင်ကိုလွှမ်းမိုးထားသူဖြစ်သည်။အဓိကဇာတ်ဆောင်ရဲ့နေရာကိုလည်း အောင်မြင်စွာ လုယူနိုင်ခဲ့သည်။

အသုံးမဝင်တဲ့အဓိကဇာတ်ဆောင်နဲ့နှိုင်းယှဉ်ပါက ဖရန့်ဇုံအတွင်းနေရတဲ့ဒုတိယဇာတ်ဆောင်ကပြီးပြည့်စုံပြီးယုံကြည်အားကိုးရတဲ့လူတစ်ယောက်ပင်။

ထူးကဲပြီးမြင့်မြတ်တယ်၊ရဲရင့်ပြီးသူရဲကောင်းဆန်တယ်၊ထက်မြက်ပြီးသစ္စာရှိတယ်..စသဖြင့်ဂုဏ်ပုဒ်များစွာနဲ့ထိုက်တန်တဲ့သူ။

ဝတ္ထုထဲတွင် သူသည်အိမ်ရှေ့စံမင်းသားအား တစ်သက်လုံးကူညီထောက်ပံ့ပေးခဲ့သည်။ထိုသို့သော ဖြောင့်မတ်ပြီးတည်ကြည်တဲ့လက္ခဏာက စာဖတ်သူများ၏နှလုံးသားကိုခိုးယူသွားခဲ့သည်။

"ရှင်ကယုလန်မှာရှိသင့်တာမဟုတ်ဘူးလား? နန်းတော်ကနောက်နှစ်ရက် သုံးရက်နေရင်ရှင်ပြန်လာဖို့မျှော်လင့်နေတယ်လို့ကြားတယ်.."

ခေါင်းဆောင်ဟောက်က သူမရဲ့အဖိုးတန်လက်ချောင်းတွေကိုစိုက်ကြည့်နေတာသူမသတိထားမိသွားသည်။သူ့အကြည့်က ထိုလက်ချောင်းတွေကိုဖြတ်ပစ်ဖို့မစောင့်နိုင်တော့ဘူးဆိုတဲ့ပုံစံမျိုးပင်။ဒီဗီလိန်မလေး..ဝိညဉ်ထွက်သွားပါပြီလို့..ಥ_ಥ

'ဘုရားရေ!ဒီလူငယ်လေးက ဘာလို့ဒီလောက်တောင်ကြောက်ဖို့ကောင်းနေတာလဲလို့?'ထို့နောက် သူမလက်ကိုဆုပ်ကိုင်ထားတဲ့အဓိကဇာတ်ဆောင်လက်ထဲမှတုံ့ဆိုင်းစွာဆွဲထုတ်လိုက်၏။

လက်ရှိမှာတော့ ဟောက်ရန်၏အသက်က၁၆နှစ်ဖြစ်သည်။

ဤရုပ်ရည်ချောမောတဲ့လူငယ်လေးက အချည်းနှီးသောမျှော်လင့်ချက်တစ်ခုတည်းဖြင့်စစ်မြေပြင်သို့စိတ်လိုလက်ရဝင်ရောက်လာခဲ့သည်။အမွေဆက်ခံသူ တော်ဝင်သွေးအိမ်ရှေ့စံမင်းသားကတစ်နေ့နေ့တွင် နဂါးပလ္လင်ပေါ်သို့ထိုင်လိမ့်မှာဖြစ်သည်;အိမ်ရှေ့စံမင်းသား၏ကံကြမ္မာကိုဖြည့်ဆည်းပေးပြီးအင်ပါယာတစ်ခုလုံးကိုလည်းအမြင့်ဆုံးအထွတ်အထိပ်သို့ရောက်အောင်ဦးဆောင်ပေးခဲ့သည်။

ထို့အပြင် ဟောက်ရန်သည် စစ်ပွဲဧကရီ၏ဘေးကင်းဇုံလည်းဖြစ်လာခဲ့သည်။ဒီလူက ကျောက်ကျန်းအတွက်အမြဲရှိနေခဲ့သည်;မူရင်းဝတ္ထုထဲတွင်အဓိကဇာတ်ဆောင်မင်းသမီးကိုအကြိမ်ပေါင်းများစွာကယ်တင်ခဲ့သော်လည်း သူသေဆုံးသွားသည့်တိုင်အောင်သူမကိုချစ်ကြောင်းဝန်မခံခဲ့ပေ။

Villainess Series 2 ;အဓိကဇာတ်ဆောင်အားငြင်းပယ်ခြင်းWhere stories live. Discover now