Part 10

1.5K 110 0
                                    

Unicode
A flower that sleeps like the world
Part 10
Yizhan Fanfic

”အအေးပတ်သွားတာပါဆေးမှန်မှန်သောက်ပြီးနွေးနွေးထွေးထွေးနေဖို့တော့လိုတယ်....အစားအသောက်ကိုတော့အစာမကြေတာတွေမစားပါနဲ့ပျော့ပျော့ဘဲကျွေးပါ...”

ဆရာဝန်မှာကြားသမျှကိုရှောင်းကျန့်နားထောင်ပြီးအိမ်ရှေ့ထိဆေးသေတ္တာဆွဲကာလိုက်ပို့ပေးရသည်....

ဦးချမ်း အတွက်လန်ချားခနှင့်ဆရာဝန်အားဆေးဖိုးရှင်းပြီးရှောင်းကျန့်အိမ်ထဲပြန်ဝင်ခဲ့သည်....

အိပ်ရာပေါ်ထထိုင်နေသောဝမ်က....

”မင်းဆေးဖိုးတွေ ရှင်းပေးလိုက်တာလား....”

”ဟုတ်...ဟုတ်ကဲ့ရှင်းပေးလိုက်ပြီဝမ်....”

”မင်းဘယ်လောက်ရှင်းပေးလိုက်တာလဲ...ကိုယ့်အကျ်ီအိတ်ထဲမှာငွေတစ်သိန်းရှိတယ်မင်းယူလိုက်....”

ရှောင်းကျန့်ခေါင်းငြိမ့်ပြီးလှည့်အထွက်....

”နေဦး...မင်းရဲ့ရတနာတွေကိုဘယ်လောက်နဲ့ထားတာလဲ....”

”ငါး...ငါးသောင်းပါဝမ်...”

”ကိုယ့်မှာရှိတဲ့ငွေနဲ့ပြန်ရွေးလိုက်ပါ....”

”ဟို...ကိုယ်...ကိုယ်...”

”ကိုယ့်စကားအတိုင်းလုပ်ပါရှောင်းကျန့်...မင်းလက်ထဲကဘယ်ပစ္စည်းကိုမှငါမထိပါးချင်ဘူး....မင်းအတွက်ငါအားလုံးတာဝန်ယူနိုင်တယ်....”

ဒါယောက်ျားတစ်ယောက်ရဲ့မာနတဲ့လား...မနေ့တုန်းကလည်းဒီအတွက်ဘဲသူပေါက်ကွဲသွားတာဖြစ်မည်....

”ဝမ် မြူစွမ်လေးသောက်မလားဟင်...ဆရာဝန်ကအစာပျော့ပျော့တွေဘဲစားဦးတဲ့...”

”အင်း...မင်းအဆင်ပြေမယ်ဆိုရင်ဆိုင်ကဝင်ဝယ်ခဲ့ပေးလေ....”

”ကောင်းပါပြီ...ဒီမနက်တော့ကိုယ်ဆိုင်ကဝင်ဝယ်ခဲ့ပေးမယ်...ဒါပေမယ့်ညနေနဲ့နောက်နေ့တွေအတွက်တော့ ဝမ့်အတွက် ကိုယ် ကိုယ်တိုင်ဘဲစီစဥ်ပေးပါရစေ....”

”မင်းအဆင်ပြေသလိုစီစဥ်လေ...”

”အဆင်ပြေပါတယ်အိမ်မှာဘဲချက်ပြုတ်စားသောက်နိုင်အောင် ကိုယ်လိုအပ်တာတွေအကုန်ဝယ်ခဲ့ပြီးပြီ....”

A Flower That Sleeps Like The World   {Complete}Where stories live. Discover now