Part 3

1.6K 121 3
                                    

A Flower That Sleeps Like The World
Part 3
Yizhan Fanfic

”ရိပေါ်လေးမပါဘူးလား အစ်ကိုဝမ်...”

လေဆိပ်မှာဆုံဆုံချင်းယွီလန်ကမေးလာသဖြင့်သူခေါင်းကိုဘဲခါယမ်းပြလိုက်မိသည်....

”ယွီတို့ တစ်ဆိုင်ဆိုင်သွားပြီး အေးဆေးစကားပြောရအောင်...”

”ယွီ ဘာစားချင်လို့လဲ....”

”ကော်ဖီနဲ့တရုတ်အစားအစာရတဲ့ဆိုင်ထိုင်ရအောင်လေ....”

သူ့အခေါ်အဝေါ်တွေကလည်းအရင်လိုမပြောင်းလဲ.... ယွီ ဟုပဲခေါ်မိသည်...
အနေဝေးလို့သွေးအေးခဲ့ပြီထင်ထားသမျှအခုတော့မဟုတ်ပါလား.....

အစားအသောက်တို့စုံလင်သည့်ဆိုင်လေးတစ်ခုသို့ရောက်ခဲ့ကြသည်....ကော်ဖီနှင့်ခေါက်ဆွဲနှစ်ပွဲစီကို ယွီကမှာသည်....

”ယွီစားချင်တာမှာ ဒီဆိုင်လေးကအစားအသောက်ကောင်းတယ်....”

နှစ်ဦးစလုံးအရေးကြီးသောကိစ္စကိုမေ့ထားမိကြသည်....ကွာရှင်းစာချုပ်ကိစ္စအတွက်ရှေ့နေတွေနှင့်ဒီနေ့ နေ့လယ်မှာသူစီစဥ်ထားသည်.....

ဖုန်းထဲကခွင့်တောင်းညှိနှိုင်းတုန်းကဒီကိစ္စကိုဖုန်းထဲမှာမပြောချင်သေးပါဟူ၍ပြန်လာသည်အထိစောင့်နေခြင်း.....

သူကကော်ဖီခွက်ကိုမော့သောက်နေချိန်မှာဘဲယွီက ပူနွေးနွေးခေါက်ဆွဲကိုစားနေသည်....

ထိုအခိုက်မှာဘဲသူ့ခါးကြားမှဖုန်းလေးထမြည်သည်.....

”ခဏလေးနော် ယွီ...”

ယွီလန်ကို ခွင့်တောင်းပြီးဆိုင်အပြင်ဘက်ကိုသူထွက်ခဲ့သည်....

”ဟယ်လို...ဒယ်ဒီလား...”

”ဟုတ်တယ်သား..ပြောလေ...”

”အခုအနားမှာ မာမီရှိနေသလားဒယ်ဒီ....”

”သားမာမီကော်ဖီသောက်နေတယ်...ဒယ်ဒီအခုဆိုင်အပြင်ထွက်ပြီးသားနဲ့ဖုန်းပြောနေတာ...သားဘာပြောမလို့လဲ...”

”ဒယ်ဒီ့ကိုသားတောင်းပန်ပါတယ်...သားယောက်ျားခိုးသွားပြီ....”

A Flower That Sleeps Like The World   {Complete}Where stories live. Discover now