Part 8

1.4K 97 0
                                    

Unicode
A  flower That sleeps like the world
Part 8
Yizhan Fanfic

ရှောင်းကျန့်ငြင်းဆန်မည်ဟုထင်ထားသော်လည်းတကယ်တမ်းတွင်....

”ဝမ့်သဘောပါ ကိုယ်ဘာမှမဆန့်ကျင်ပါဘူး....”

”မင်းကို ကိုယ်လက်ထပ်ထားတာတရားဝင်သဘောမျိုးပါ...ဒါပေမယ့်မင်းထိခိုက်နစ်နာအောင်ဘာမှမလုပ်ဖူးဆိုတာယုံ...ပြီးတော့...မင်းအတွက်လိုအပ်တဲ့အခါကွာရှင်းပေးမယ်လို့ကတိပေးတယ်....”

ရှောင်းကျန့်ကနားမလည်စွာမော့ကြည့်မိသည်...

”ကိုယ်ဆိုလိုတာကမိဘတွေက ကိုယ့်ကိုဥပေက္ခာပြုထားမှာသေချာတယ်...ဘာမှမျှော်လင့်စရာမရှိတဲ့ယောက်ျားတစ်ယောက်ကို မင်းကွာရှင်းချင်တဲ့အခါကွာရှင်းနိုင်တယ်....”

”ဝမ့်ဆီကဘယ်လိုအရာမျိုးကိုမှ ကိုယ်မျှော်လင့် မထားပါဘူး...ရယူချင်စိတ်လည်းမရှိပါဘူး...အားလုံးဝမ်စိတ်တိုင်းကျစီစဥ်ပါ..ဘာဘဲဖြစ်ဖြစ်ကိုယ်ကျေနပ်စွာလက်ခံပါ့မယ်..._”

”ကဲ...ဒါဆိုမင်းအဝတ်အစားလဲတော့ကွာ...ကိုယ့်သူငယ်ချင်းတွေတရားရုံးမှာစောင့်နေလောက်ပြီ...”

ရှောင်းကျန့်ခေါင်းငြိမ့်ကာအခန်းထဲဝင်သွားလေသည်....
တက္ကစီလေးနဲ့ တရားရုံးကိုထွက်ခဲ့တော့လည်းရှောင်းကျန့်ကနှုတ်ဆိတ်ငြိမ်သက်လျက်....

သူငယ်ချင်းတွေကအသိသက်သေအဖြစ်လက်မှတ်ထိုးပွဲလေးပြီးစီးတော့ ယွိပင်းကမဂ်လာဦးနေ့လည်စာကိုစားသောက်ဆိုင်ကြီးတစ်ခုမှာလိုက်ကျွေးသည်....

တရားသူကြီးရှေ့မှောက်မှာကျိန်တွယ်သစ္စာဆိုရသောစကားတွေ ကတိပြုရသောဝန်ခံချက်တွေကိုနှစ်ဦးစလုံး ခေါင်းညိတ်လိုက်နာခဲ့ကြသကဲ့သို့ အခုလည်းဟောက်ရွှမ်းနဲ့ယွိပင်းစီစဥ်သမျှ ဝမ်ရိပေါ်နှင့်ရှောင်းကျန့်ကနာခံကြရသည်.....

”ကဲ...မဂ်လာသတို့သားတွေအဖြစ်...မင်းတို့တစ်ယောက်ပန်းကန်ထဲတစ်ယောက်ဟင်းတွေခပ်ထည့်ပေးကြ....”

သူရှောင်းကျန့်ပန်းကန်ထဲကိုကြက်အသည်းတုံးလေးထည့်ပေးလိုက်သည်....ရှောင်းကျန့်ကခေါင်းလေးငုံ့ရှက်ရွံ့နေသည်....

A Flower That Sleeps Like The World   {Complete}Όπου ζουν οι ιστορίες. Ανακάλυψε τώρα