Part 9

1.5K 105 2
                                    

Unicode
A flower that sleeps like the world
Part 9
Yizhan Fanfic

ရှောင်းကျန့်ညနေထဲကဝမ် ပြန်အလာကိုမျှော်နေမိသည်.....ဒါပေမယ့်မိုးချုပ်သည်အထိပြန်မလာခဲ့ပါ.....

ရှောင်းကျန့်တစ်ယောက်ထဲမနေရဲတော့တာမို့တံခါးကိုထပိတ်လိုက်သည်....
ည၈နာရီအထိပြန်မရောက်သေးတဲ့ဝမ်ရိပေါ်ကြောင့်ရှောင်းကျန့်စိုးရိမ်စိတ်တွေလှုပ်ခတ်စပြုလာသည်....

အတွေးတွေနှင့်စိုးထိတ်စပြုနေတုန်းမှာဘဲမိုးကဝေါခနဲရွာချလာသည်...နောက်လျှပ်စစ်မီးကပါဖြတ်သွားတော့သည်....

”ရှောင်းကျန့်....ရှောင်းကျန့်....”

ရှောင်းကျန့်တစ်ယော​က်တည်းမိုးထဲလေထဲမှောင်မှောင်ထဲဝမ့်ရဲ့အသံကိုကြားလိုက်ရတာကြောင့်မီးခြစ် ခြစ်ပြီးဖယောင်းတိုင်မီးကိုထွန်းလိုက်သည်...ပြီးမှပိတ်ထားသောတံခါးကိုအမြန်ပြေးဖွင့်ရသည်....

”လာ...လာပြီဝမ်....”

”မီးပျက်နေတာလား...တက္ကစီငှားရတာခက်လို့နောက်ကျသွားတာ....”

ရေစိုအဝတ်တွေကိုလဲဖို့ရှောင်းကျန့်ကပုဆိုးနဲ့အကျ်ီကိုယူပေးလိုက်သည်....အဝတ်အစားလဲပြီးတော့ရှောင်းကျန့်ကသဘတ်လှမ်းပေးလိုက်သည်....

”ခေါင်းကရေတွေသုတ်လိုက်ဦးဝမ် ဖျားနေဦးမယ်....”

”ရတယ်...ရော့မင်းစားဖို့ဒံပေါက်ဝယ်လာတာရေမစိုအောင်ကြွပ်ကြွပ်အိတ်နဲ့ထုပ်လာတာစားလိုက်တော့....”

ရှောင်းကျန့် ဝမ့်လက်ထဲမှကမ်းပေးလာတဲ့ဒံပေါက်ထုပ်ကိုလှမ်းယူလိုက်ပြီးစေတနာဖြင့်တူတူစားဖို့ပြောမိသည်....

”ဟို...ဝမ်တူတူစားကြမလားကိုယ်ပန်းကန်ထဲခွဲထည့်လိုက်မယ်လေ...”

”ကိုယ်စားခဲ့ပြီးပြီ...မင်းဘာသာမင်းဘဲစားလိုက်တော့....”

ပြောရင်းအိမ်ခန်းတံခါးကိုသူကသွားပိတ်သည်....
ပြီးတော့ဘာစကားမှထပ်မဆိုတော့ဘဲသူ့အတွက်ပြင်ပေးထားသောအိပ်ယာထက်မှာဝင်လဲဲပြီးအိပ်သွားတော့သည်....

ဝမိအိပ်သွားတော့မှရှောင်းကျန့်ကြမ်းပြင်ပေါ်အသာထိုင်လို့သက်ပြင်းချမိသည်...သူတကယ်လန့်သွားမိတာ...ဝမ်သာသူ့ကိုပစ်သွားခဲ့ရင်...ဝမ်သာဒီကိုပြန်မလာခဲ့ရင်ဆိုတဲ့အတွေးကသူ့အတွေးထဲစိုးမိုးနေခဲ့တယ်....

A Flower That Sleeps Like The World   {Complete}حيث تعيش القصص. اكتشف الآن