နာလိုက်တာ.. ချစ်ရတဲ့တစ်စုံတစ်ယောက်က ကိုယ့်ကိုမှတ်မိမနေတော့တာ ရင်တွေနာလိုက်တာ..။ နှစ်ပေါင်း၁၀၀ ကျော်စောင့်ခဲ့ရတဲ့အချိန်တုန်းက လီယောလ်ရင်ထဲကို သူဝင်ကြည့်ချင်ခဲ့ပါ၏။ ဘယ်လိုများ.. ဘယ်လိုများတောင့်ခံပြီး ပြန်လာမှာ မသေချာတော့တဲ့တစ်စုံတစ်ယောက်ကို ချစ်နေနိုင်ခဲ့တာလဲ?
လီယောလ်ရဲ့ကြင်ယာတော်ဗြောင်လို့ပဲ သူ့ကိုမှတ်မိနေစေချင်ခဲ့တာ။ ဖန်တီးထားခဲ့တဲ့ အမှတ်တရတွေက အလကားသက်သက်မှ မဟုတ်ပဲ။ အဲ့လောက်တော့ အတ္တကြီးခွင့်ပြုပါ ပါးချိုင့်လေးရယ်။
______"ဘတ်ဟျွန်းကို ကိုယ့်ရုံးခန်းထဲလွှတ်လိုက်ပါ"
"ဟုတ်ကဲ့ CEO"
ထိုကိစ္စတွေပြီးလို့ နှစ်ရက်ကြာတဲ့အထိ ဘတ်ဟျွန်းကရူံးမတတ်ပေ။ လာမဲ့လာတော့လဲ ဝန်ထမ်းကောင်မလေးတွေကြားဝင်ကာ သွားစွယ် ချွန်ချွန်လေးများ ပေါ်သည့်အထိအာပြဲအောင်အော်ရီနေလေသည်။
"ဘာတွေများ ဒီလောက်သဘောကျစရာ ပါနေလို့လဲ"
ရုံးခန်းကမှန်အကြည်တွေနဲ့ပဲ ကာထားတာကြောင့် အပြင်ကို တိုက်ရိုက်မြင်နေရသည်။ အပြင်မှမမြင်စေချင်ရင်လဲ ရီမုနဲ့အဖွင့်အပိတ်လုပ်လို့ရတဲ့ လိုက်ကာတွေကြောင့် အဆင်ပြေလေသည်။
ထိုစဉ် ဘတ်ဟျွန်းကိုပဲ ၂၄နာရီ မျကိလုံးကျွတ်ကျမတတ် ကြည့်နေတတ်သော လီအင်ဝူးသည် ဘတ်ဟျွန်းလက်ထဲ ဘူးလေးတစ်ဘူးထိုးပေးလိုက်၏။ ထိုနောက် ထိုအကောင်ကို သွား၃၂ချောင်းလုံးပေါ်အောင် ဖြီးပြနေတော့သည်။
လက်ချောင်းတွင်လဲ တစ်ခုခုစွပ်လိုက်သည်ကို သူလှမ်းမြင်နေရပါ၏။ သို့ရာတွင်ခပ်လှမ်းလှမ်းမှဖြစ်သဖြင့် ဘာမှန်းတော့ သေချာမမြင်ရပေ။"ခေါ်တယ်ဆိုလို့ပါ"
"မင်းလက်ကဘာလဲ"
"ဒါကျွန်တော့် ကိုယ်ရေးကိုယ်တာပါ CEOနဲ့ဆိုင်လောက်မယ် မထင်မိပါဘူး"
ထိုင်ခုံပေါ်မှ လိုက်ကာပိတ်သည့်ရီမုကို ဆွဲယူကာ ပိတါပစ်လိုက်ပြီး ဒေါသတကြီးဖြင့် ဘတ်ဟျွန်းလက်ကိုဆွဲကိုင်ပစ်လိုက်သည်။
"ဒီလက်စွပ်က ဘာလဲ"
"လက်စွပ်ဆိုမှတော့ ဘာဖြစ်ရမှာလဲ။ လက်စွပ်ပေါ့"
YOU ARE READING
Imaginary Sphere
Fanfictionရာစုနှစ်သက္ကရာဇ်တွေနှစ်ပေါင်းများစွာဝေးကွာသွားခဲ့ကြပေမဲ့လည်း ကိုယ်ဒီနေရာလေးမှာပဲစောင့်နေခဲ့တယ်
Ep 36(Z)
Start from the beginning