"ဒီနေ့တော့ ဗြောင်နဲ့လျောက်လည်ချင်လို့တစ်နေကုန်အလုပ်တွေရွေ့ထားတယ် ဘာလုပ်ချင်လဲ""မနက်ကပြောတဲ့ဟာ မြင်းစီးမယ်"
"ကိုယ်တော်နဲ့စီးမှာလား တူတူ"
"မဟုတ်ဘူး တစ်ယောက်ထဲစီးချင်တာသင်ပေး"
"စိတ်မချပါဘူးဗြောင်ရာ စီးချင်ရင်ကိုယ်တော်နဲ့တူတူစီး"
စိတ်အလိုမကျတာကြောင့် နှုတ်ခမ်းလုံးလုံးလေးကထော်ကနဲ.
"အဲ့တာဆိုဘာမှမလုပ်တော့ဘူး ကိုယ့်ဟာကိုညီလာခံကို ကြွချီတော်မူလိုက်"
"ဟောဗျာ ကိုယ်တော့်အချစ်လေးကစိတ်ကောက်တာလား"
"ကြွချီတော်မမူလို့ဘယ်လိုကြွချင်တာလဲ ဒီရှေ့နားလေးမှာဘောလုံးလေးလို ကွေးကွေးလေးအိပ်နေလေ။ ညီလာခံထဲရောက်အောင် ကန်ပေးလိုက်မယ်ကြွရသက်သာတာပေါ့"
"ဟားဟားဟား...အဲ့တာဆိုမြင်းကိုမြဲမြဲကိုင်ထားရမှာနော် ဒဏ်ရာမဖြစ်အောင်နေရမယ် အဲ့တာဆိုသင်ပေးမယ် "
"အင်းနေမယ် သင်ပေး"
လုပ်ချင်တာလုပ်ရတော့ပျော်သွားတဲ့မျက်နှာလေးက လူတိုင်းငေးကနဲဖြစ်သွားရအောင်ကိုလှသည်။ငေးကြည့်နေမိတဲ့ချန်းယောလ်ကိုယ်တိုင်ပင်မသိလိုက် ပါးချ်ုင့်နက်နက်က ဘယ်ဘက်ပါးပေါ်ထင်းကနဲပေါ်ထွက်လာသည်။
"ပါးချိုင့်ပါတယ်ဆိုတိုင်း အားနေပြုံးမနေနဲ့ "
ပါးချိုင့်နက်နက်တွေသဘောကျတတ်တဲ့ဘတ်ဟျွန်းက ချန်းယောလ်ရဲ့ပါးချိုငိ့တွေကိုငေးနေရင် အရာရာသတိလက်လွတ်ကိုဖြစ်ကုန်တာ
"ဟောဗျာ ဟူတ်ပါပြီ မြင်းသွားရွေးရအောင်လာ"
မင်းကြီးဝတ်ရုံတော်ကိုချွတ်ပြီး ပေါ့ပေါ့ပါးပါး လေ့ကျင့်ရေးဝတ်စုံအနီကိုသာ ချန်းယောလ်ကဝတ်ထားသည်။ နဖူးစည်းအနီရင့်ရောင်က မျက်နှာဖြူဖြူပေါ် ထင်းကနဲ ။ ရိုးရိုးရှင်းရှင်းရွှေရောင်နဂါးကလဲ နဖူးစည်းအလယ်ဝယ်ခန့်ခန့်ညားညား
"ဘာလို့အဲ့လောက်ရှိုးထုတ်လာတာလဲ ပဲကိုများတယ် တအား.."
"ကိုယ်တော်ကဘာဝတ်ဝတ်ကို ခန့်ညားနေတာလေဗြောင် အဲ့လိုပြီးပြည့်စုံတဲ့သူကိုယောက်ျားတော်ထားရတာဘယ်လောက်တောင်ကံကောင်းလိုက်သလဲ"
YOU ARE READING
Imaginary Sphere
Fanfictionရာစုနှစ်သက္ကရာဇ်တွေနှစ်ပေါင်းများစွာဝေးကွာသွားခဲ့ကြပေမဲ့လည်း ကိုယ်ဒီနေရာလေးမှာပဲစောင့်နေခဲ့တယ်