"တီ တီ တီ"လက်ဖဝါးဖြူဖြူမှာ ရှုပ်ရှက်စွာ သွယ်တန်းထားသော အမျိုးအမည်စုံတဲ့ စက်တစ်ခုမှ မရပ်မနားအော်လာလေသည်။ ဒေါက်ဖိနပ်ချွန်ချွန်စီးထားတဲ့ မိန်းမပျိုက ယခုအခါမှာတော့ အလာတုန်းကလို ဟန်ပန်နဲ့ မော်ကြွားစွာမလျှောက်နိုင်တော့ပဲ အိန္ဒြေမဲ့စွာ ဆရာဝန်ကိုပြေးခေါ်ရတော့သည်။
နှလုံးခုန်နှုန်းနဲ့ သွယ်တန်းထားသောစက်က မူမမှန်တဲ့နှလုံးခုန်နှုန်းကြောင့် အသိပေးသံထွက်လာရတယ်ဟု သိလိုက်ရတော့ မျက်ရည်များပင်ဝဲတတ်လာရသည်။ ပုံမှန်ထက်လျော့သော နှလုံးခုန်နှုန်းကြောင့် ကုတင်ပေါ်ရှိပုံရိပ်လေးမှာ အောက်ဆီဂျင်စက်အကူအညီဖြင့် မနည်းပင်အသက်ကိုလုရှုနေသည်။
"ဒီပုံစံတိုင်း သွားရင် နှလုံးခုန်ရပ်သွားနိုင်တာမလို့
Electric shock ရိုက်ဖို့ပြင်ပါ"တိတ်ဆိတ်နေခဲ့တဲ့အခန်းက ယခုအခါမှာတော့ ဆရာဝန်များ သူနာပြုများဖြင့် ဆူညံကာ ရှုပ်ရှက်ခက်နေလေသည်။
"စမယ် ၁ ၂ ရိုက်"
"နောက်တစ်ချက် ၁ ၂ ရိုက်"
စက်နဲ့အတူ မြောက်တတ်လာတဲ့ခန္ဓာကိုယ်လေးမှာ ဖျော့တော့စွာ နှလုံးခုန်နှုန်းမှာ ရပ်လုနီးလေနေပြီ။
စက်ကအသိပေးတဲ့ ဆူညံသံနဲ့အတူ ဆရာဝန်များအသံကြောင့် ဘေးကရပ်နေတဲ့သူမ မှာမျက်ရည်များပင်စီးကျကာ လက််များကတဆတ်ဆတ် တုန်ရီနေသည်။ ဒီကလေးက လူလောက ထွက်သွားဖို့စောနေသေးတယ်မလား။ ခန္ဓာကိုယ်ကလှုပ်ရှားမလာပေမဲ့ပါးပေါ်မှာတော့ မျက်ရည်စီးကြောင်းက ခြောက်သွေ့လုပင်နေပြီ။"ဗြောင် ထတော့လေ"
"နှလုံးခုန်နှုန်း ပုံမှန်ဖြစ်သွားပါပြီ လူနာကိုသေချာကြည့်ဖို့တော့လိုပါသေးတယ်"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ရှင့်"
အပျိုကြီးကင်ဆယ်ယောင်းမှာ အခုမှမျက်ရည်တွေကို ရဲရဲသုတ်ရဲတော့သည်။ လက်အောက်ငယ်သားဆိုပေမဲ့ သူမက ဘတ်ဟျွန်းကိုမောင်အရင်းလေးလို ချစ်ခင်ရှာသည်။ ရုံးမှာလဲအမြဲလိုလို စနောက်နေကြဆိုတော့ အပျိုကြီးတစ်ကိုယ်တည်းသူမမှာ ဘတ်ဟျွန်းသေတော့မယ်ထင်လို့ မျက်ရည်တွေပါကျလာတဲ့အထိ။
YOU ARE READING
Imaginary Sphere
Fanfictionရာစုနှစ်သက္ကရာဇ်တွေနှစ်ပေါင်းများစွာဝေးကွာသွားခဲ့ကြပေမဲ့လည်း ကိုယ်ဒီနေရာလေးမှာပဲစောင့်နေခဲ့တယ်