ဘတ်ဟျွန်းကအဆောင်ကိုပြန်ပြီး အကျီတွေကို
ပိုးပိတ်စနဲ့ထုပ်တယ်။ အသားခြောက်တချို့နဲ့ ထမင်းလုံးတွေရေဘူးတွေပါ ပါတယ်။ ဖိနပ်အပိုတစ်ရံကိုပါယူပြီး ကောက်ရိုးလွယ်အိတ်မှာချည်တယ်။ ခုနကထုပ်ထားတဲ့အစားအစာနဲ့ ပစ္စည်းတွေကို ကောက်ရိုးလွယ်အိတ်ထဲထည့်တယ်။ နောက်ဆုံးကျန်တဲ့တစ်ချက်ကမယ်တော်ကြီးဆီသူခွင့်တောင်းရမယ်ဆိုတာပါပဲ။"မယ်တော်ကြီး ကြင်ယာတော်လေး ဝင်ခွင့်တောင်းပါတယ်"
"ဝင်ခွင့်ပြုလိုက်ပါ"
ဆံထုံးကိုဖြေချထားပြီး အကျီအဖြူဝတ်ထားတဲ့မယ်တော်ကြီးက ခေါင်းမှာလဲပိတ်စဖြူဖြူကို စည်းထားသေးတယ်။ သူ့သားပုံစံကိုကြည့်ပြီး စိတ်မကောင်းလို့ နေမကောင်းဖြစ်နေပုံပဲ.
"ကျွန်တော်ကို နန်းပြင်ထွက်ခွင့်ပြုပါ မယ်မယ်"
"သားတော်က ဗြောင်လေးကို သိပ်ချစ်တာ"
မယ်တော်ကြီးက ပြောပြီးခေါင်းကိူတဖက်လှည့်ကာတရှုံ့ရှုံ့ငိုတော့သည်။
"သားတော်ကိုပြန်မချစ်နိုင်တော့ရင်တောင်
ထွက်မသွားပါနဲ့လားကွယ် သားငယ်လေးကဗြောင်လေးကိုတအားချစ်ရှာတာ ဟန်ဆောင်ပြီးဖြစ်ဖြစ်နေပေးရင်တောင်ဒီအမေအိုကြီးက ကျေးဇူးတင်လှပါပြီကွယ်""မင်းကြီးကိုကယ်တင်မဲ့နည်းလမ်းသွားရှာချင်လို့ပါ
ကျွန်တော် မင်းကြီးနားကထွက်သွားမှာမဟုတ်ပါဘူး
သာမန်ဆေးနည်းနဲ့ မင်းကြီးကိုမကယ်နိုင်ဘူးတဲ့""တစ်ယောက်ထဲ စိတ်မချဘူးကွယ်"
"ကျွန်တော်ဘေးကင်းကင်းနဲ့ပြန်လာခဲ့ပါမယ်။အတတ်နိုင်ဆုံးမြန်မြန်ပြန်ခဲ့ပါမယ်"
"မထိခိုက်စေနဲ့နော် ဗြောင်လေး မဟုတ်ရင်
သားငယ်က မယ်မယ့်ကိုအပြစ်တင်နေပါဦးမယ်""မှန်လှပါ ဒါဆိုကျွန်တော့်ကိုသွားခွင့်ပြုပါဦး"
မျက်စိရှေ့ကိုဖုံးလုလုဖြစ်နေတဲ့ဆံပင်တွေကိုနောက်ဘက်ကိုခပ်ကြမ်းကြမ်းသပ်တင်လိုက်တယ်။မင်းကြီးကိုနှုတ်ဆက်ဖို့သူသွားရဦးမယ်။
YOU ARE READING
Imaginary Sphere
Fanfictionရာစုနှစ်သက္ကရာဇ်တွေနှစ်ပေါင်းများစွာဝေးကွာသွားခဲ့ကြပေမဲ့လည်း ကိုယ်ဒီနေရာလေးမှာပဲစောင့်နေခဲ့တယ်