* * * *

"ကိုကို.....''

ကားပေါ်က ဆင်းဆင်းချင်း အော်ခေါ်လိုက်သည့် နာမည်က ကိုကို ။ ဆေးရုံမှာ သူ့အားမစောင့်ဘဲ ရုတ်တရက်ကြီး ပြန်ချသွားတဲ့ ကိုကိုက ကိုကိုအဖေ့ကြောင့် စိတ်ပင်ပန်းနေရျ်ပေဘဲလားတော့မသိပေ ။

ဧည့်ခန်းထဲတွင် မတ်တပ်ရပ်ပြီး လက်သီးများဆုပ်ရျ် စိတ်တိုနေသော ကိုကို့ကို ခြိန်းတွေ့လိုက်ပြီ ။ နေပါဦး ကိုကိုက ငိုနေခဲ့တာလား?

"မာန်ဝဏ္ဏခြိန်း!!!''

မင်းစစ်ကအသားများ တစ်စက်စက်တုန်ကာ ခြိန်းအားပြေးထိုးလိုက်တော့၏ ။

"ကိုကို့! ကိုယ့်ကိုဘာလို့ထိုးတာလဲ''

ထိုးအားပြင်းသော်လည်း ခြိန်းသည်ကာ မျက်နှာတစ်ချက်လည်ရုံလောက်သာ အထိနာသွားရသည် ။ နားမလည်နိုင်စွာ မေးလိုက်ပေမဲ့ ကိုကိုက သူ့အားအံကြိတ်ရျ်သာ ကြည့်နေခဲ့သည် ။

"ကိုကို ကျုပ်မေးနေတယ်လေ ဘာဖြစ်နေတာလဲလို့ ''

"ငါကဘာဖြစ်နေတာလဲ ဟက်လား! ငါဘာဖြစ်နေလဲဆိုတာ မင်းတကယ်မသိဘူးလား မာန်ဝဏ္ဏခြိန်း!!!''

"မသိဘူး ဘာဖြစ်နေတာလဲ ကိုယ့်ကိုပြော''

"အယုတ်တမာကောင်! မင်းငါ့အနားကို ရောက်လာတာ ဘာရည်ရွယ်ချက်နဲ့လဲ ဟမ်! ငါ့ကိုချစ်တယ်ပြောတာတွေကရော ဘာအတွက်လဲ!''

"ဘာရည်ရွယ်ချက်နဲ့မှ မဟုတ်ဘူးကိုကို ကိုယ်ကကိုကို့ကို.....''

"တော်စမ်းပါ! ငါမသိဘူးထင်နေလား မာန်ဝဏ္ဏခြိန်း! မင်းငါ့စီရောက်လာတာ ငါနဲ့ငါ့အဖေကို ဒုက္ခပေးချင်လို့မလား အဲ့တာကြောင့်ငါ့ကို မင်းလှည့်စားနေတာမလားကွ!''

"..........''

"စောက်ပါးစပ်က ဘာလို့အခုမှပိတ်နေတာလဲ ဟမ်! ငါ့အဖေအခုလိုဖြစ်တာ မင်းရဲ့အမေဆိုတဲ့ဟာမကြီးကြောင့်မလား!''

"မဟုတ်ဘူး!!!''

"မုန်းတယ် ငါ့မင်းကို အရမ်းမုန်းတယ် မာန်ဝဏ္ဏခြိန်းရဲ့ ငါ့အချစ်တွေကိုလှည့်စားခဲ့တဲ့မင်းကို ငါစောက်ရမ်းမုန်းတယ်!!!''

"မဟုတ်ဘူး မဟုတ်ဘူး မပြောနဲ့ ကျုပ်ကိုမုန်းတယ်လို့ ခင်ဗျားပါးစပ်ကပြောပိုင်ခွင့်မရှိဘူး မင်းစစ်ကုဋေ! ခင်ဗျားက ကျုပ်ကိုချစ်နေရမှာ မုန်းရမှာ မဟုတ်ဘူး!''

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) Where stories live. Discover now