"ခင်ဗျားကို ဖေဖေက ချစ်ပါတယ် ''

"အဟက်! ဘာလဲ ညီမလေးတစ်ယောက်လိုတဲ့လား ၊ သူကိုယ်တိုင်ကလဲ ငါ့ကိုအဲ့လိုနဲ့ဘဲ စည်းတွေခြားပစ်ခဲ့တာ ငါ့ကိုရှေ့တိုးခွင့်လေးတောင် မပေးခဲ့ဖူး''

တစ်ပေါက်ပေါက် စီးကျနေသော မျက်ရည်လုံးတွေက သူမ၏ပေါင်ပေါ်တွင် စိုစွတ်လို့နေသည် ။ စည်းခြားခံလိုက်ရတဲ့ လူတစ်ယောက်က ဘာများ မျှော်လင့်နိုင်မှာမို့လို့လည်း ၊ ချစ်သူကို ပိုင်ဆိုင်ခွင့်ရဖို့ သူ(မ)ပေးဆပ်ခဲ့ရတဲ့ တန်ကြေးက အိမ်ထောင်ရေးဆိုတဲ့ အပေါ်ယံတော်စပ်မှုတစ်ခုသာ ရခဲ့ပြီး သူ့နှလုံးသားကတော့ သူမအပေါ်မှာ အေးစက်နိုင်လွန်းသည် ။

"ဟန်စိုးထွဋ် ဆိုတဲ့ကောင်ကဘာတွေများ အဲ့လောက်ကောင်းနေလို့လဲ''

"ဟန်စိုးထွဋ်? ဟန်စိုးထွဋ်တာက ကျုပ်အဖေလား?''

"အဖေတဲ့လား? နင်ပြောတဲ့အဖေဆိုတဲ့ကောင်က အခုသူ့မိသားစုနဲ့သူ သာယာနေလောက်ပြီ!!! နင်စောက်မှတ်မရှိဘူးလား အဲ့လူက နင့်အဖေကို စော်ကားချင်တိုင်းစော်ကားပြီးမှ ပစ်ထားခဲ့တာ အဲ့တာကို အခုထိစောက်မှတ်မရှိကြဘူး နင်ရော! နင်အဖေ ရှင်းသန့်မောင်ရော!''

ခြိန်းမျက်နှာမှာ အတော်လေး တည်တံ့နေခဲ့သည် ။ သူမပြောသော စော်ကားတယ်ဆိုတာက သူ့ညီမလေးကိုယ်ဝန်ရှိလာရသည့် အကြောင်းအရင်းများလားလို့ သူထင်နေမိ၏ ။

"ဒါကျုပ်နဲ့ သူ့ကြားကအပိုင်းပါ ခင်ဗျားနဲ့မဆိုင်ဘူး''

"အဟင်း! ဆိုင်တာပေါ့...နင်ကငါ့သားဘဲ မာန်ဝဏ္ဏခြိန်း''

"အင်း....ခင်ဗျားကလဲ ကျုပ်ရဲ့အမေပါဘဲ''

" နင် နင်ငါ့ကိုအမေလို့ ခေါ်လိုက်တာလား''

ခြိန်းက နွေးထွေးသောအပြုံးနှင့် သူမအားပြုံးပြလိုက်သည် ။ တစ်ချိန်က သူထင်ခဲ့မိသော နှလုံးသားမရှိတဲ့ အမေဟူရျ် ထင်မြင်ချက်ဟာ မှားယွင်းနေတာပင် ၊ တကယ်ဆို ကျောင်းမသွားခင် ဖေဖေပေးဖို့မရှိတဲ့ ကျောင်းမုန့်ဖိုးကိုပင် သူမအပြောမချိုစွာ ပေးခဲ့ဖူးသည် ။ ညီမငယ်၏ နောက်ဆုံးအချိန်လိုအပ်တဲ့ပိုက်ဆံကိုလည်း ဖေဖေလက်ထဲသူမထည့်ပေးခဲ့ဖူး၏ ။

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) Where stories live. Discover now