အပိုင်း 94 မြေအောက်လမ်း

517 56 0
                                    

အပိုင်း 94 မြေအောက်လမ်း

သူတို့နှစ်ယောက် ရင်းနှီးစွာနဲ့ စကားတွေပါတွေ အေးဆေးပြောဆိုနေခဲ့ကြတယ်။ဒါပေမယ့် သူ့ကိုကြည့်ရတာတော့ ကျန်တဲ့ သူ့ရဲ့ ဂိုဏ်းတူညီအကိုတွေအတွက် စိုးရိမ်နေပါတယ်။

ကျောက်စိမ်းအင်ပါယာကျွန်းပေါ်ရှိ နေရာတိုင်းက အန္တရာယ်တွေနဲ့ ပြည့်နှက်နေပါတယ်။သူတို့ အသက်ရှင်သန်ခြင်ရင် သတိမပြတ်ထားနေမှရလိမ့်မယ်။

သူတို့နှစ်ယောက်က ရင်းနှီးစွာနဲ့စကားစမည်ပြောနေခဲ့ကျပေမယ့် ကျောက်စိမ်းအင်ပါယာကျွန်းဆိုတာက တပည့်ပေါင်းများစွာ လေ့ကျင့်ဖို့အတွက် နေရာကောင်းတစ်ခုပါ။

တစ်ယောက်နဲ့တစ်ယောက် အများကြီးသိထားခြင်းမရှ်ိသေးပဲနဲ့ အတူတူကြာမြင့်စွာနေဖို့က မသင့်တော်ပါ။ဘာလို့လဲဆို တစ်ဖက်လူမှာ ဘယ်လိုအကြံအစည်မျိုးတွေရှိမရှ်ိ မသိနိုင်ဘူးလေ။

ဟဲဖန် မတ်တပ်ရပ်ပြီး နှုတ်ဆက်လိုက်တယ်။
"ညီအကိုချူးယွန် ငါ့ရဲ့ဂိုဏ်းတူညီငယ်တွေကို အမြန်လိုက်ရှာရဦးမှာမို့ ညီအစ်ကိုနဲ့အဖော်ပြုမပေးနိုင်တော့ဘူး၊ ဒီနေရာမှာပဲ လမ်းခွဲကြတာပေါ့ ၊ နောက်တစ်ချိန် အချိန်ရရင်တော့ ညီအကိုချူးယွန်ဆီကိုလာပြီးတော့ လည်ပတ်ပါဦးမယ်"

"ဟားဟားဟား... ကိစ္စမရှိဘူး အချိန်မရွေးကြိုဆိုနေပါတယ်"
ချူးယွန် လက်နှစ်ဖက်ဆုပ်လိုက်တယ်။

ဟဲဖန်ထွက်သွားတာကိုကြည့်ရင်း ချူးယွန် အပျက်အဆီးပုံတွေကြား ရတနာရှာဖွေရေးလုပ်ငန်းကို စတင်ခဲ့တယ်။ချူးယွန် နေရာအနှံ့ ဟိုအခန်းထဲဝင် ဒီအခန်းကပြန်ထွက်နဲ့ ပိုက်စိပ်တိုက် ရှာဖွေရေးလုပ်ငန်းကြီး စတင်ခဲ့ပြီလေ။

သူ့အနေနဲ့ အချည်နှီးတော့ ဖြစ်မနေခဲ့ပါဘူး၊ အတော်လေး ရိတ်သိမ်းနိုင်ခဲ့တယ်လေ။တစ်နေရာမှာ သူရှာဖွေရေးပြုလုပ်ရင်းနဲ့ တချို့အစိတ်ပိုင်းလေးတွေပျက်ဆီးနေတဲ့ သိုးသားရေစာလိပ်လေးတစ်ခုကို ရရှိခဲ့ပါတယ်။

နီးနီးကပ်ကပ်ကြည့်ရင်တော့ ဒါက သိုင်းနည်းစနစ်တစ်ခုဆိုတာ တွေ့နိုင်တယ်။ဒါက အရမ်းအဆင့်မြင့်တာတော့မဟုတ်ပါဘူး။မပြည့်စုံတဲ့ နည်းစနစ်ကို ကြည့်ပြီး ချူးယွန် ရယ်မောလိုက်တယ်။စကားလုံးဆယ်လုံးရှိရင် ကိုးလုံးက မထင်မရှားဖြစ်နေပြီး ဘယ်သူမှ ကျင့်ကြံလို့ရမှာ မဟုတ်ဘူး။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၁ Uni&Zaw  ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၁Where stories live. Discover now