အပိုင်း 28 လုယက်ခြင်း

707 89 0
                                    

အပိုင်း 28 လုယက်ခြင်း

ချူးယွန်ကတော့ အလောတကြီးဖြစ်မနေပဲ အေးအေးဆေးဆေးပင် လျှောက်လှမ်းနေလို့ပါ။သားရဲချူပ်လှောင်ခြင်းခန်းမက အလွယ်တကူဖြတ်သန်းလို့ရတဲ့အရာမဟုတ်သည့်အတွက် သူက အချိန်တိုင်းလိုလို တိုက်ခိုက်နေဖို့မလိုအပ်ဘူးလေ။

ရည်ရွယ်ချက်ရှိရှိဖြစ်စေ၊ ရည်ရွယ်ချက်မရှ်ိပဲဖြစ်စေ ဇွန်ရင်းတစ်ယောက်ကတော့ သူ့အနောက်ကနေ ကပ်လျက်လိုက်ပါနေပါတယ်။

သူ့ရဲ့မျက်လုံးတွေက အေးစက်စက်နဲ့ကောက်ကျစ်ပုံရတဲ့အလင်းရောင်တွေ တောက်ပနေပြီး ချူးယွန်ကို ‌လှမ်းပြောလိုက်တယ်။
"ချူးယွန်၊ ဒီသားရဲချုပ်လှောင်ခြင်းခန်းမထဲမှာရှိနေသ၍ ဘာစည်းမျဉ်းစည်းကမ်းတွေမှမရှိဘူးနော်။
မင်းကိုငါသတ်ချင်ရင် ငါ့လက်တွေကို မှောက်တာလှန်တာ လုပ်ရသလိုပဲ အရမ်းလွယ်လွန်းတယ်"

" တော်တော် စကားများတဲ့ကောင်ပဲ၊
မင်းသိလား?
လူတွေကိုကိုက်နိုင်တဲ့ခွေးတွေက ဘယ်တော့မှ အသားလွတ်လိုက်ဟောင်မနေဘူးကွ "
ချူးယွန်က ပေါ့ပေါ့ပါးပါးပဲ ပြန်ပြောလိုက်တယ်။

အတွေ့အကြုံလေ့လာခြင်း အချိန်အတောအတွင်းမှာပဲ ဇွန်ရင်းက သူ့ကိုလက်စားချေဖို့ကြိုးစားလာလိမ့်မယ်ဆိုတာက သူ ကြိုတွက်ထားပြီးသားပါ။

"မင်းစောင့်ကြည့်နေပါ"
ဇွန်ရင်းက ဒေါသတကြီးနဲ့အံကြိတ်လိုက်သည်။
သူက ချူးယွန်ကို မကျေမနပ်နဲ့တစ်ခနမျှစိုက်ကြည့်နေလိုက်ပြီးနောက် ကြီးမားတဲ့နီညိုရောင်တံခါးကြီးတွေဆီကို တဟုန်ထိုး ပြေးတက်သွားတော့သည်။

အရှေ့ကိုရောက်နှင့်နေပြီဖြစ်တဲ့တပည့်တွေကလဲ သူတို့ကို ရိုင်းရိုင်းစိုင်းစိုင်းတွန်းဖယ်ပြီး ကျော်တက်သွားတာကြောင့်ဒေါသတကြီးနဲ့မကြည့်လိုက်ကြပေမယ့် တို့ကိုတွန်းထုတ်သွားသူက ဇွန်ရင်းဆိုတာကို မြင်လိုက်ရတဲ့အခါမှာတော့ သူတို့ခမျာ ဘာစကားမှမပြောဝံ့ကြတော့ပေ။

စူးဇီတစ်ယောက် တဖြည်းဖြည်းသွားနေတဲ့ ချူးယွန်ရဲ့နောက်ကျောကိုကြည့်လိုက်ပြီး သူနှုပ်ခမ်းထောင့်တွေက ရက်စက်ကြမ်းကြုတ်တော့မည့်ဟန်နဲ့ တွန့်ကွေးသွားကြပါတယ်။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၁ Uni&Zaw  ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၁Where stories live. Discover now