Chapter(373) - လျှိုမိသားစုကလူ

Start from the beginning
                                    

ဒါက လူသိများတဲ့ အရာတစ်ခုဖြစ်ပြီး လူတွေက သူတို့ရဲ့ ဆက်ဆံရေးကို တွေးတောဖို့ လုံလောက်သည်လေ။

သို့သော်လည်း ပေ့ရှစ်ထျန်းနဲ့ ဝမ်ရိထုန်တို့ကြားက ဆက်ဆံရေးကိုတော့ ဘယ်သူမှ မသိကြပေ။ လင်ရွှမ်းဇီက သဲလွန်စ များစွာကို မြင်နိုင်ပြီး သူတို့ကြားမှာ တစ်ခုခု ဖြစ်ထားခဲ့သည်အား သိသော်လည်း တစ်ခြားသူများကိုတော့ ထိုသူတို့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စများအား လွတ်လွတ်လပ်လပ် ပြစ်တင်ပြောဆိုနေမည်မဟုတ်။

သွမ့်ယွီယွမ်ကတော့ သူ့ရဲ့ အတင်းအဖျင်းပြောချင်စိတ်အား တောင့်မခံနိုင်ပဲ လင်ရွှမ်းဇီအား မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။

"သူတို့နှစ်ယောက်က တကယ်ပဲ အတူတူ ရှိနေကြတာလား ဒါမှမဟုတ် ဒီအတိုင်း ရင်းနှီးတဲ့ ဆရာတူ ညီအစ်ကိုတွေ သက်သက်ပဲလား?"

လင်ရွှမ်းဇီက အပြုံးဖြင့် ပြန်ဖြေသည်။

"အဲ့ဒါက ပါဝင်နေတဲ့လူတွေကိုပဲ မေးရမှာ။ ဒါပေမဲ့ သူတို့နှစ်ယောက် အရမ်းရင်းရင်းနှီးနှီး နေတာကိုတော့ ငါမတွေ့ဖူးဘူး, သူတို့ကိုယ်ပိုင် အချိန်တွေမှာတော့ ဘယ်လိုလဲ ငါလည်း မသိဘူး။ အဲ့ဒါက မြင်နိုင်ဖို့ ခက်ခဲတယ်"

သွမ့်ယွီယွမ်က မျက်လုံးသာ လှန်တော့သည်။

"မင်း ဘာမှမပြောပဲသာ နေလိုက်ပါတော့"

သတိမထားမိစွာနဲ့ပဲ ခေါင်းစဉ်က တစ်ခြားအကြောင်းအရာကို ပြောင်းလဲသွားသည်။

တစ်နာရီလောက် အနားယူပြီးနောက်မှာ လူအုပ်က သူတို့ရဲ့ ရထားလုံးများဆီ ပြန်၍ အနောက်ဘက် တိုက်မကြီး၏ နယ်နိမိတ်ထဲ ဦးတည်ဝင်လိုက်ကြလေသည်။

သို့သေ်ာလည်း လျှိုကျောက်ယွဲ့က ကျန်းယွင်ရှီနဲ့ အတူတူ ထိုင်သည့် မူလ ရထားလုံးကနေ ပေ့ရှစ်ထျန်းရှိနေသည့် ရထားရှိရာသို့ ပြောင်းရွှေ့သွားခဲ့သည်။ ကျန်းယွင်ရှီသည်ပင် လျှိုကျောက်ယွဲ့၏ ကြောက်လန့်ခြင်း ကင်းမဲပြီး သေခြင်းတရားကို အံတုကာ အလှလေးများအား ပရောပရည် လုပ်ရဲသည့် သတ္တိကို လေးစားသွားမိလေသည်။

လမ်းတစ်လျှောက်လုံးမှာ ကျန်းယွင်ရှီသည့် လျှိုကျောက်ယွဲ့၏ မနားတမ်း ပေါက်ပေါက်ဖောက်နေသော စကားများအား လုံလုံလောက်လောက် နားထောင်ပြီးနေပြီ ဖြစ်တာကြောင့် ဒီတစ်ခေါက်တော့ နောက်ဆုံးမှာ ငြိမ်းချမ်းတိတ်ဆိတ်သွားရသည်။ သူ့ရင်ထဲမှာတော့ လျှိုကျောက်ယွဲ့အတွက် မသက်မသာ ဖြစ်မှုတစ်ချို့နဲ့ တွေးတောဆင်ခြင်မှု တစ်ချို့ကို ခံစားခဲ့ရသော်လည်း ၎င်းက တစ်သီးတစ်ခြား မိသားစုများကို မျက်နှာများစွာ ပျက်စေရသည့် လျှိုကျောက်ယွဲ့၏ အပြုအမူများကြောင့်သာ။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now