"ငါ့ဘဝကြီးမှာလေ အဖေဆိုတာ ရှိနေရက်နဲ့ အဖေတစ်ယောက်စီက ဘာမေတ္တာတစ်ခုမှ မရခဲ့တဲ့ ငါ့ခံစားချက်ကို မင်းစဥ်းစားကြည့်ပေးလား''

"ဒီလူကတော့ရော သူ့သားဖြစ်တဲ့ငါ့ဘက်ကို တစ်ချက်လေးကြည့်ပေးခဲ့ဖူးလား ငွေပုံထဲမှာဘဲ ထိုးထည့်ခဲ့တာကွ! မိဘမေတ္တာဆိုလို့ ငါ့အမေစီကဘဲ ရခဲ့တဲ့ငါ့အတွက်ကရော သူကြည့်ပေးခဲ့ဖူးလား!''

"ငါသိပါတယ် မင်းစစ်ရယ်....ငါသိပ်သိတာပေါ့ကွာ မင်းရဲ့ခံစားချက်တွေကို ငါလဲခံစားနေရတာပါကွာ''

"ငါ့အပေါ်မှာ ဘာမှမကြည့်ပေးခဲ့တဲ့သူ့ကို ငါ့သိပ်မုန်းချင်တာပေါ့ စိုင်းရ အရမ်းလဲ နာကျည်းပစ်လိုက်ချင်တာ၊ ဒါပေမဲ့ မင်းသိလား ငါအဲ့လို မလုပ်နိုင်ခဲ့ဘူး ငါ့အဖေဆိုတဲ့အသိနဲ့ တစ်ခါလောက်ဖြစ်ဖြစ် သူ့စီက မေတ္တာအမှုန်အမွှားလေးတစ်ခုလောက်ဆိုရင်ကို ငါလိုချင်ခဲ့တာ''

"သူကလေ သူ့ရဲ့မယားငယ်တွေအတွက်ဘဲ ကြည့်တာကွ၊ ငါ့အမေကိုလဲ သူမချစ်ဘူး ငါ့ကိုလဲ သူမချစ်ဘူး ငါတို့သားအမိနှစ်ယောက်လုံးကို သူလုံးဝမချစ်ခဲ့ မကြင်နာပေးခဲ့ဘူး!''

"ငါမမုန်းသင့်ဘူးလား စိုင်း ၊ ငါအဖေ့ကို မနာကျည်းသင့်ဘူးလားစိုင်းရ ဟမ်!''

မျက်ရည်တွေက ထိန်းမရစွာ ပါးပြင်ထက်ကနေ စီးကျလာသည် ။ သူဟာလည်း မင်းစစ်လိုဘဲ မေတ္တာငတ်နေတဲ့ ကလေးတစ်ယောက်ပါလေ ။ မိဘတွေစီက သားသမီးတိုင်းလိုချင်ကြတဲ့ အရာတစ်ခုကလည်း မင်းစစ်ပြောသလို မေတ္တာတွေပါဘဲ ။

ပတ်ဝန်းကျင်က သူတို့ကို ပြည့်စုံတဲ့ ဘဝမှာနေနေရတယ်လို့သာထင်ကြလိမ့်မည် ။ လက်တွေ့မှာတော့ သူတို့တွေဟာ မေတ္တာမဲ့နေရတဲ့ လူကြမ်းကြီးတွေဖြစ်သည် ။ မမျှော်လင့်ပါဘူးလို့ ပါးစပ်ကသာပြောနေမိလိမ့်မည် သို့သော်လည်း လိုချင်မိကြတာပါဘဲ ရခဲ့မယ်ဆိုရင်ပေါ့ ။

သူရင်ခွင်ထဲတိုးဝင်ငိုရှိုက်နေတဲ့ မင်းစစ်က သူ့အတွက်တော့ သူငယ်ချင်းတစ်ယောက်ထက်ပိုစွာ ညီအကိုအရင်းခြားတစ်ယောက်လိုကို ခင်တွယ်ရပါသည် ။ သူ့သူငယ်ချင်း၏ ခံစားချက်တွေကိုလည်း သူအသိဆုံးပင် အန်ကယ်နဲ့ သူ့ကို ပြန်အဆင်ပြေစေချင်တာကလည်း သူ့စိတ်ရင်းအမှန်သာဖြစ်၏ ။

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) Where stories live. Discover now