5.5K 389 28
                                    

人鱼陷落🧜‍♂️
ရန်ယွီရှန့်လော့



UNICODE





ထိပ်တန်းလျှို့ဝှက်အမှုတွဲ : သက်ရှိမြွေတွင်း


လူရွယ်Alphaမှာ leatherဆိုဖာကိုမှီလို့ထိုင်နေ၏။ ကိုယ်ထက်က အနက်ရောင်တီရှပ်လက်တိုမှာဆို ပျင်းရိပျင်းတွဲထိုင်နေလေသည့်ပုံစံကြောင့် တွန့်ကြေကုန်သည်ကိုလည်းမှုမနေ။ ကော်ဖီရေနွေးဖျော်စပ်ရာအခန်းရဲ့ နံရံထက်ရှိ နှစ်အတော်ကြာနေပြီဖြစ်သည့် ကလေးတွေရေးခြစ်ဆွဲထားသည့်ပုံအား ငေးတိငေးမောကြည့်လျက်ရှိသည်။

"ဘော့စ် ကျွန်တော်ဒီမှာအလုပ်လုပ်တဲ့ သုံးနှစ်လုံးလုံး နှစ်တိုင်းခွင့်တစ်ခါမှမယူရသေးဘူး ပင်ပန်းလှပြီ ၊ ဒီလတော့ တာဝန်တွေထပ်မပေးနဲ့တော့ ကျွန်တော်ကျွန်းပေါ်သွား အပန်းဖြေချင်လို့။"

ပိုင်ချူနျန်က အနေအထားပြောင်းထိုင်ရင်း ဗီရိုရှေ့ရပ်ကာကော်ဖီရွေးနေသည့်Omegaထံ စျေးဆစ်လိုက်သည်။

"ဟင်?"

ကော်ဖီရေနွေးဖျော်စပ်ရာအခန်းတစ်ခုလုံး အီတလီကော်ဖီရနံ့က မွှေးပျံ့ကြိုင်လှိုင်လို့လာသည်။ Omegaမှာ ကိုယ်ကိုမတ်လိုက်၏ ၊ မီးခိုးရောင်ဆံနွယ်တို့ကြားက အောက်ကျနေသည့်ယုန်နားရွက်ရှည်နှစ်ခုမှာ ထောင်လာပြီးနောက်ပြန်ကျလို့သွား၏။ အနောက်တိုင်းဝတ်စုံပြည့်ဆင်မြန်းထားလေသည့် သွယ်လျလျကိုယ်ခန္ဓာထက် ကလေးမွေးထားဖူးတယ်ဆိုသည့် အရိပ်အယောင်နည်းနည်းမျှပင် မတွေ့ရ။

"ဆေးပြင်းလိပ်က လူကြီးတွေသောက်တာ အဲ့မကောင်းတဲ့အကျင့်တွေကိုလျှော့။"

ယန်ယိက သူ့ကိုတစ်ချက်လှမ်းကြည့်လာပြီးနောက် ပြန်လှည့်ပြီးဆက်ကော်ဖီနှပ်ရင်း လေပြေအေးဆိုလာသည်။

တစ်ချက်ကလေးအကြည့်ခံလိုက်ရတာပေမယ့် ပိုင်ချူနျန်တစ်ယောက် ရုတ်ချည်းအဆင်မြင့်pheromoneတစ်မျိုးရဲ့ ပြင်းထန်တဲ့ဖိနှိပ်ချုပ်ချယ်မှုကို ခံစားလိုက်ရသည်။ မတတ်သာစွာဖြင့်ဘဲ သူသည်ကိုယ်ကိုမတ်မတ်ထိုင်ကာ ပြာခွက်ထဲစီးကရက်ထိပ်ကိုဖိချေမီးသတ်လိုက်ရတော့၏။

ရန်ယွီရှန့်လော့ (ဘာသာပြန်)Where stories live. Discover now