ရှောင်းကျန့် ပုံမှန်အတိုင်းသာ အလုပ်ဆက်လုပ်နေခဲ့ပြီး
အတွေးမများဖို့လည်း သူ့ကိုသူအထပ်ထပ်သတိပေးရသည်
ပြီးဆုံးခဲ့တဲ့ အချိန်တုန်းကလိုမျိုး သူ့စိတ်သူ မနှိပ်စက်မိစေရန်ဖြစ်သည်

......

အားလျန်နဲ့ အားချန်ကလည်း သူတို့သခင်လေးကို ဆက်တိုက်စောင့်ကြည့်နေခဲ့ပြီး မျက်နှာဘယ်နှခါမဲ့တာကအစ
ဘယ်နှခါမျက်မှောင်ကြုတ်ခဲ့တယ်အထိ
သူတို့ရဲ့ Wang CEOကြီးထံ တင်ပြခဲ့ကြသည်

.......

ဒီနေ့ရှောင်းကျန့် အိမ်ပြန်ရောက်ချိန်မှာတော့
ဧည့်ခန်းထဲမှ စားပွဲခုံမှာ သံပုရာရည် တစ်ခွက် တွေ့လိုက်တာမို့
မျက်နှာမဲ့လိုက်ပြီး ဧည့်ခန်းကို ကျော်ကာ အပေါ်ထပ်တက်လာခဲ့တယ်
ဘယ်သူလုပ်ထားမှန်းသိနေခဲ့လို့လေ

သတင်းကြီးကြီးတစ်ခုကို သံပုရာရည် တစ်ခွက်နဲ့ လျှောချလိုက်ချင်တာနေမှာပေါ့

ရှောင်းကျန့် သူ့အခန်းထဲ ရောက်တော့ ကုတင်ဘေးက ခုံပေါ်မှာ သံပုရာရည် နောက်တစ်ခွက် ထပ်တွေ့ပြန်သည်
ဒီဝမ်ရိပေါ် ဘာကြံနေပါလိမ့်
သူ့မယားငယ်မက အဆိပ်ကြွေးဖို့ အကြံပေးလိုက်တာလား မသိ

ရှောင်းကျန့် ရေချိုးပြီးနောက် ဟိုတစ်ယောက်ရှုပ်ထားတဲ့ သံပုရာရည်ခွက်အားသိမ်းကာ
မီးဖိုချောင်ထဲ ဝင်လာခဲ့သည်
သူညစာ စားဖို့ တအားနောက်ကျနေပြီ

ဒီနေ့တော့ ဟင်းတောင်ချက်ချင်စိတ်မရှိတာမို့
ခေါက်ဆွဲပြုတ်ရန်
counter အထက်က cabinetမှာ ရှာနေပေမယ့် မတွေ့
ဟုတ်သားပဲ ဒီအိမ်မှာ သူခေါက်ဆွဲမဝယ်ထားမိဘူး
ဝမ်ရိပေါ်ကလည်း အဲ့လိုတွေမစားတာမို့ မရှိ

"ဘာရှာနေတာလဲ ရှောင်း "

လက်နှစ်ဖက်မှာ အထုပ်အပြည့်နဲ့ မီးဖိုချောင်ထဲ ဝင်လာတဲ့ ဝမ်ရိပေါ်

ရှောင်းကျန့်လည်း မသိချင်ယောင်ဆောင်ကာ လှည့်ထွက်လာဖို့ပြင်ပေမယ့် ဗိုက်ကလက်မခံ
တဂွီဂွီအော်ကာ ဆာလောင်ကြောင်းပြနေသည်

"ခုချိန်ထိ ဘာမှမစားရသေးဘူးလား
ကျန်းမာရေး ထိခိုက်မယ်လေကွာ "

Unforgivable [completed]Where stories live. Discover now