Chapter(371) - သဲလွန်စ မကျန်အောင် ပျောက်ကွယ်သွားသည်

Start from the beginning
                                    

လင်ရွှမ်းဇီက သာမာန်ကာလျှံကာ တုံ့ပြန်သည်။

"အချိန်ရောက်လာရင် သူ့ကံကြမ္မာ ဘယ်လိုဖြစ်မလဲ ဆိုတာ ကြည့်ကြတာပေါ့"

ယန်ထျန်းဟန်သည်လည်း ထုန်လဲ့အား သူ့မျက်လုံးထဲ သိပ်မထည့်ထားပေ။ ထို့နောက်သူက ထပ်မေးလာသည်။

"အခု နက်ရှိုင်းကောင်းကင်ဂိုဏ်းက လူတွေ ဘာတွေပြောနေကြတယ်တဲ့လဲ?"

လင်ရွှမ်းဇီက ယန်ထျန်းဟန်အား တစ်ချက်ကြည့်လိုက်ကာ

"အဲ့ဒါက နတ်ဆိုးအတတ် ကျင့်ကြံသူရဲ့ လုပ်ရပ်လို့ ပြောနေကြတယ်"

ယန်ထျန်းဟန်, "......"

ယန်ထျန်းဟန်က လင်ရွှမ်းဇီအား အပြစ်ရှိစိတ်လေးနဲ့ အကြည့်တစ်ချက် ပေးပြီးနောက်မှာ လျင်မြန်လှသည့် အရှိန်အဟုန်ဖြင့် သူ့ကြက်ခြေထောက်လေးအား တစ်ကျွတ်ကျွတ်ဖြင့် ဆက်ကိုက်ဝါးနေတော့သည်။

လင်ရွှမ်းဇီက ပြုံးသည်။

"အားဟန်လေး, အဲ့ဒီအချိန်တုန်းက ငါသိချင်ခဲ့မိတယ် ; ဒီကမ္ဘာပေါ်မှာ ဘယ်သူကများ ငါ့အတွက် ရပ်တည်ပေးပြီး တုချီယင်းကို ဖယ်ရှားပေးလိုက်တာများလဲပေါ့? အဲ့ဒါက မင်းဖြစ်နေမယ်လို့ မထင်ခဲ့မိဘူး"

ယန်ထျန်းဟန်က သူ့ကြက်ခြေထောက်ကို လွှတ်ပစ်လိုက်၏။

"အစ်ကိုကြီး, ကျွန်တော့်ရဲ့ ရက်စက်မှုအတွက် စိတ်ပျက်စရာကောင်းတယ် မထင်ဘူးလား?"

"မင်းရဲ့ လုပ်ရက်တွေက ဘယ်လောက်ပဲ ရက်စက်ပါစေ ငါ့ထက်ပိုပြီးတော့များ ရက်စက်ပါဦးမလား?"

လင်ရွှမ်းဇီက ဒီကိစ္စအား စိတ်ထဲမထည့်ထားတဲ့အပြင် အနည်းငယ်လေးတောင် စိတ်မပူပေ။

"သူ့ရဲ့ အပြစ်ကြွေးက သေဆုံးခြင်းနဲ့တောင် ပြောင်အောင် မလုပ်နိုင်ဘူး။ ငါက ဒီအတိုင်း ငါ့လက်ကို မညစ်ပတ်စေချင်ခဲ့လို့ပါ"

ထိုအချိန်မှသာ ယန်ထျန်းဟန်က စိတ်သက်သာရာ ရသွားမိသည်။ လင်ရွှမ်းဇီသာ သူလူသတ်တာကို မရွံမုန်းသ၍ သူတစ်ခြား ဘာကိုမှ ဂရုမစိုက်ဘူး။

ယန်ထျန်းဟန်သည် အစောကတည်းက ရှုပ်ယှက်ခတ်နေသည့် အထင်အမြင် လွဲမှားနေမှုကနေ ရုန်းထွက်လာနိုင်ပြီး သူ့လမ်းကြောင်း၏ အမှားကို မြင်ရပြီးသားပင်။ 'ဖြောင့်မတ်တဲ့လမ်းကြောင်း' ဖြစ်ဖြစ် 'နတ်ဆိုးလမ်းကြောင်း' ဖြစ်ဖြစ် အရေးမကြီးကြောင်း သူနားလည်သွားပြီဖြစ်သည်။ သူ့အသက်ကို ကာကွယ်နိုင်ပြီး သန်မာလာအောင် ကျင့်ကြံနိုင်သ၍ ဘယ်အရာမဆို ကောင်းမွန်လှသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now