Part.8(Unicode+Zawgyi)

Start from the beginning
                                    

အမြင်များ မှားသလားလို့ သေချာအောင်ပြန်ကြည့်လိုက်တော့ တကယ် ..ဇော်ပါဘဲ.....
ဇော့်ကို တခြားတစ်ယောက်နဲ့ အတူ တွဲမြင်လိုက်ရတော့ လူက ဘယ်လိုမှ ဂနာမငြိမ်နိုင်တော့ဘူး...
မေးခွန်းပေါင်းများစွာနဲ့ အတွေးတွေကလဲ တစ်ဖက်ကို အစွန်းရောက်သွားတော့ ရင်ထဲမှာ နေလို့မရအောင်ကို မွန်းကြပ်လာခဲ့ရတယ် ....
တစ်ယောက်ထဲ မတတ်နိုင်တဲ့အဆုံး ဖြူ့ကို လှမ်းခော်လိုက်ပြီး အကြောင်းစုံ ရင်ဖွင့်မိတော့သည် ။

" နင်ဒီလိုတွေ အတွေးများနေမဲ့ အစား ဇော့်ကို မေးကြည့်လိုက်ပါ့လား...မတော်လို့ ရည်စားဆိုလဲ...."

" ဖြူစုတ်...ဖြူနာ...လွဲပါစေတော် ပါးစပ်ပုတ်ကြီးနဲ့...
စကားတောင် ဆယ်ခွန်းပြည့်အောက် မပြောတဲ့ ဇော့်ကို ဘယ်ဘယ်လို စကားစပြီး သွားမေးရမှာလဲ.."

" ဟဲ့....နင့်ပုံစံအတိုင်းဘဲ သိချင်တာကို တိုက်ရိုက်မေးလိုက်ပေါ့..."

နန္ဒီဆိုတာ blue diamond company ကြီး တစ်ခုလုံးရဲ့ CEOတစ်ယောက်ပါ...
အလုပ်လုပ်ရင် တိကျတယ် ဆိုတာထက်ကို တိကျလွန်းတယ်....
ဘယ်သူ့ကိုမှ မငဲ့ဘဲ အရာရာကို ပြတ်ပြတ်သားသား ဆုံးဖြတ်တတ်တယ်...
ဒီလို တိကျပြတ်သားလွန်းတဲ့ နန္ဒီတစ်ယောက် အခုလို တွေဝေနေတဲ့ ပုံစံကိုကြည့်ရင်း ကျွန်မမှာ ရယ်ချင်လာမိသည် ....

" ဟားဟား...နန္ဒီမရယ်....
ဘာတွေဒီလောက် တွေဝေနေရတာလဲ....
ငါအခုမြင်နေရတာ blue diamond company ကြီးရဲ့ CEOနန္ဒီမှ ဟုတ်ရဲ့လားဟယ် ....
နင့်ရဲ့ အခုပုံစံကို ဓာတ်ပုံရိုက်ထားပြီး နင့်ဝန်ထမ်းတွေကို ပြရမယ်.....
CEOကြီးမှာလဲ ဒီလိုတွေဝေတတ်တဲ့ အချိန်ရှိပါသေးတယ်လို့...ဟားဟား....."

" ဖြူစုတ်...ငါ့ကိုဆို ပြောမယ်ဆိုတာ ကြီးဘဲ.....
တွေဝေနေတာ မဟုတ်ပါဘူးဟ...ညနေ ဇော်နဲ့ တွေ့ပြီး မေးရအောင် စဉ်းစားနေတာ..."

" အော်....စဉ်းစားနေတာလား...စဉ်းစား....စဉ်းစား..
အခုတော့ ငါ့ကို နေ့လည်စာ လိုက်ကျွေးပါလား...
နင့်အတွက်နဲ့ ငါ့အလုပ်တွေ ပစ်ထားခဲ့ပြီး လာခဲ့ရတာနော်..."

အမြဲ ဂုန်းဆင်းဖို့ဘဲ ချောင်းနေတဲ့ ဖြူ့ကို မျက်စောင်း တစ်ချက် ထိုးလိုက်ကာ...

 My Sunshine Where stories live. Discover now