Chapter(368) - မျိုးစိတ်အသစ်

Začít od začátku
                                    

ယန်ထျန်းဟန်က သူ့နှုတ်ခမ်းလေးကို တွန့်ကွေးလိုက်ပြီး သူ့ဘာသာ တွေးမိသည်။

ခင်ဗျားပဲ အလောင်းရုပ်သေး တစ်ခုလုပ်ဖို့ဆိုပြီး ကုအဆိပ်ကို ပို့ပေးခဲ့ပြိးတော့ အခုမှ ဘာမှမသိသလို လာပြီး ဟန်ဆောင်နေတယ်

ဟွိုင်ယွီက ဆက်ပြောနေသည်။

"ဘာလဲ? အခုချိန်ထိ မသေမချာ ဖြစ်နေသေးတာလား?"

ယန်ထျန်းဟန်က ကမန်းကတန်း ခေါင်းခါပြသည်။

"မဟုတ်ပါဘူး မဟုတ်ဘူး"

လင်ရွှမ်းဇီသည် 'မင်းက ငါ့ကိုလိမ်တယ် ငါကမင်းကိုလိမ်တယ်' ဟူ၍ အပြန်ပြန်အလှန်လှန် လုပ်နေကြကာ အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် အရူးလုပ်နိုင်တယ်လို့ တွေးနေကြသည့် နှစ်ယောက်သားအား ကြည့်နေမိသည်။ မနေနိုင်စွာပင် ဒါက နည်းနည်းတော့ ရယ်စရာကောင်းတယ်ဆိုတာ တွေ့သွားရ၏။

ဟွိုင်ယွီက အေးစက်စက်ပြောလာပြန်သည်။

"အကယ်၍ မင်းသာ အဲ့ဒီယင်အလောင်းရုပ်သေးရဲ့ အကူအညီနဲ့တောင် မာကျောတဲ့ခန္တာ ဒုတိယအဆင့ိကု မတက်နိုင်ဘူးဆိုရင် မင်းကိုယ်မင်း တို့ဖူးနဲ့ ရိုက်သတ်လိုက်တာ အကောင်းဆုံးပဲ"

ယန်ထျန်းဟန်က လျှာလေးကိုထုတ်၍ မဟာအကြီးအကဲ ဟွိုင်ယွီအား ကြည့်လိုက်ပြီး တုံးအချင်ယောင်ဆောင်နေတာအား ရပ်တန့်လိုက်သည်။

"ကျွန်တော်သိပါတယ်"

လင်ရွှမ်းဇီက ကြားဖြတ်ဝင်ပြောလိုက်သည်။

"အဲ့ဒီလိုဆိုမှတော့ ကျွန်တော် အားဟန်ရဲ့ လေ့ကျင့်မှုကို ထပ်ပြီး မနှောင့်ယှက်တော့ပါဘူး။ ရက်နှစ်ဆယ်ကြာပြီးမှ အားဟန်ကို ပြန်လာခေါ်ပါ့မယ်"

မဟာအကြီးအကဲ ဟွိုင်ယွီက လက်ကို ခါယမ်းပြသည်။

"သွား သွား"

လင်ရွှမ်းဇီသည် ယန်ထျန်းဟန်ရဲ့ မခွဲနိုင်မခွာရက် အကြည့်လေး အောက်မှာတင် ကျိုးပျက်ဓားတောင်ထွတ်ဆီမှ ပြန်လာလိုက်သည်။ သူက တောင်ခြေသို့ တိုက်ရိုက် ပျံသန်းသွားခဲ့ပြီး ယန်ထျန်းဟန်သူ့ကို ကြိုပေးလိုက်သည့် သိုလှောင်အိတ်ထား ထုတ်ယူလိုက်၏။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းKde žijí příběhy. Začni objevovat