လက်သီးကိုတင်းတင်းဆုပ်ထားလို့လက်သည်းတွေကလက်ဝါးပြင်ထဲစိုက်ဝင်ကာသွေးထွက်လာခဲ့တယ်

"အားးးးးးးးးး"

အော်သံကြားလိုက်ရတယ် ဘေးကုတင်ကပဲနေမယ် နှစ်ယောက်ပြိုင်တူလျှပ်စစ်ဖြတ်ရတော့ သူမကမအော်ပေမဲ့ တခြားသူကသီးခံနိုင်တယ်လို့မဆိုလိုဘူးလေ

ဒါပေမဲ့ သူမလဲကိုယ်တိုင်နာကျင်မူ့ခံစားနေရတာကြောင့် တခြားကိုအာရုံမရောက်နိုင်တော့ပါဘူး

သူမတကိုယ်လုံး မြောက်တက်ပြီးကောက်ကွေးနေလေတော့ ကုတင်နဲ့သူမခါး‌တဗန်းဗန်းရိုက်မိတဲ့အသံကိုကျယ်လောင်စွာကြားနေရတယ်

နာကျင်မူ့ကစာမဖွဲ့နိုင်လောက်အောင် တသက်မှာတခါသာခံစားရဲလောက်တဲ့ကမ္ဘာနဲ့ချီတဲ့နာကျင်မူ့မျိုး

လျှပ်စစ်လှိုင်းတွေက သူမအသားတွေကိုထိုးဖောက် သူမရဲ့ခြင်ဆီတွေကိုသောက်နေတဲ့အလားပဲ

အကြောအမျှင်တခုချင်းဆီ ဆဲလ်တခုချင်းစီကနာကျင်လွန်းလို့တုန်ရီနေကြပြီး အဲ့လိုတုန်ရီနေတာကပဲ ပိုလို့နာကျင်စေတယ်

နှလုံးကအခုန်မြန်နေကာ မတန်တဆအလုပ်လုပ်ရ‌တာကြောင့်ပေါက်ကွဲလုနီးပါးဖြစ်နေပြီး သူမရဲ့အရေပြားတလက်မချင်းစီဟာ အထိမခံနိုင်လေတော့ ငါးဆပြင်းတဲ့အာရုံကြောဆေးထိုးထည့်တာခံလိုက်ရတာထက်အဆတရာလောက်ပိုနာပါတယ်

"Stop "

အဲ့ဒီအသံကို သူမနောက်ဆုံးကြားလိုက်ရတာပါပဲ

သူမအာရုံခံစားမူ့ဆုံးရှုံးသွားပြီး အရာအားလုံးအမှောင်ကျသွားတော့တယ်

သံကြိုးခတ်ထားတဲ့ခြေလက်တွေဟာ အသားတွေပဲ့ပြီးသွေးတွေရဲရဲနီနေကာ ဆေးရုံအိပ်ရာခင်းအဖြူပေါ်ပန်းဆွဲထားသလိုဖြစ်နေတာကိုတော့ မေ့မျောသွားတဲ့သူမ မသိနိုင်တော့ပါဘူး

သူမ ပြန်နိုးလာတော့ ဆေးရုံအခန်းထဲကို နေရောင်ခြည်အချို့ဖြာကျနေတယ်

အကြောသေနေသလို မလှုပ်နိုင် အားမရှိတဲ့သူမက အဲ့နေရောင်ခြည်တန်းလေးကိုပဲငေးနေရတော့တာပေါ့

(Complete)the rebirth of the movie queen as the bloodthirsty queen(oc.nl)Where stories live. Discover now