၇..နှစ်သိမ့်ပေးခြင်း

Start from the beginning
                                    

ဒီလိုဖြစ်လာမှာကိုငါသိတယ်၊အမှန်တရားက ငါ.. အဲဒါကိုတားဆီးဖို့ဘာမှမလုပ်ခဲ့တာပဲ၊ ဧကရီမိဖုရားခေါင်ကြီးလိုပဲ ငါလည်းအပြစ်ရှိခဲ့ပါတယ်။

"မင်းသမီး..မင်းသမီးရဲ့ဆံညှပ်၊ကျွန်တော် မင်းသမီးရဲ့အကြိုက်ဆုံးပစ္စည်းကို သူတို့ကိုထိခွင့်မပေးနိုင်ဘူး၊ကျွန်တော်ကာ..ကာကွယ်ပေးချင်တယ်"

သူ ခေါင်းငုံ့သွားတော့ သူမသူ့အကြည့်နောက်လိုက်ကြည့်မိသွားသည်။ထို့နောက် သူ့ရဲ့ဖျော့တော့နေတဲ့လက်ထဲ၌လိပ်ပြာဆံညှပ်လေးအားဆုပ်ကိုင်ထားသည်ကိုတွေ့လိုက်ရသည်။

"ဒါကိုကာကွယ်ချင်လို့ ကျွန်တော့်မှာရှိသမျှ ခွန်အားတွေအကုန်သုံးခဲ့တာ"ကြေကွဲနေတဲ့ အပြုံးတစ်ခုကသူ့ပါးစပ်ပေါ်တွင်ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။

'ဒီကလေး..'

'မဟုတ်မှ...'

ဆံညှပ်တစ်ခုတည်းကြောင့်နဲ့ အပြောင်းအလဲတွေဖြစ်သွားတာလဲ?ခဏ၊တစ်ကယ်ကြီးလား? မူရင်းဝတ္ထုမှာ ဒီလိုမျိုးမရှိသလို ဆံညှပ်ကိစ္စလည်းမပါပါဘူး။

ဒီတော့.. ဆံညှပ်အတွက်သာမဟုတ်ရင်.. ဆိုလိုတာက ဒီညအလောင်းတွေလည်းရှိမှာမဟုတ်ဘူးပေါ့။

ကိုင်မော့ကြည့်လိုက်တော့ ရုတ်တရက်သူမအေးခဲသွားသည်။

အဲဒီမျက်လုံးပြာတွေ..

ဧကရီထောင်က ဧကရာဇ်ဒူကျင်းအား ဦးထုပ်စိမ်းဆောင်းပေးသည်ဟုကောလဟာလများ ထွက်ပေါ်နေသည်။အဲ့ဒီရှားရှားပါးပါးအပြာရောင်မျက်လုံးများဖြင့်မွေးဖွားလာတာကြောင့် အိမ်ရှေ့စံမင်းသားဒူကိုင်က နတ်ဘုရားများ၏ ကျိန်ဆဲခြင်းကိုခံခဲ့ရသည်ဟုဆိုကြသည်။

အဲ့ဒီမျှော်လင့်နေတဲ့မျက်၀န်းတွေ...

ငါဒီကိုရောက်လာတာ နင့်ကိုကယ်ဖို့မဟုတ်ဘူး၊ ဇာတ်ကွက်ကိုစစ်ဆေးကြည့်ဖို့ရောက်လာရုံတင်။

'ဒါ့ကြောင့် အဲ့ဒီမျက်လုံးတွေနဲ့ငါ့ကိုမကြည့်ပါနဲ့'ငါ့ကိုစောင့်နေသလိုမျိုးလည်း...မကြည့်နဲ့။ ဒီဗီလိန်မက နင့်ရဲ့ကယ်တင်ရှင်မဟုတ်ဘူး။

"ကိုင်"

ထပ်ပြီးတော့..အဲ့ဒီမျှော်လင့်ချက်အပြည့်နဲ့အကြည့်တွေ...သည်းမခံနိုင်တော့ဘူး!

Villainess Series 2 ;အဓိကဇာတ်ဆောင်အားငြင်းပယ်ခြင်းWhere stories live. Discover now