အရက်သောက်ပြီး အချိန်ဖြုန်းတဲ့ မင်းလို မိန်းမလိုက်စားသူနဲ့ ပြောစရာမရှိဘူး။

ရှီးခဲယွဲ့  ထုံးစံအတိုင်း သူ့ရဲ့အရေခြုံထားတဲ့ အပေါ် ယံ အပြုံးနဲ့ ပြုံးပြလိုက်ကာ ပြန်ပြောလိုက်သည်။

"တခြား ဘာကိစ္စမှမရှိရင် ကျွန်တော့လမ်းကို မပိတ် ထားပါနဲ့  သခင်လေးလော့။"

လော့ယန်ချွမ်း ခုနက သူ့ရဲ့ အမူအကျင့်ကို ဖယ်လိုက်ပြီး သူ့မျက်လုံးထဲတွင်  စူးရှသော အလင်းရောင်တစ်ခုဖြင့် လင်းလက်သွားသည်။

"သခင်လေးရှီးက လက်ထဲမှာ အလှကုန်ပရောဂျက် တစ်ခု ရှိလို့ ကျောင်းမိသားစုနဲ့ ပူပေါင်းချင်တာမဟုတ်ဘူးလား? အခုမစ္စစ်ကျောင်း က မင်းကို လူရှေ့သူရှေ့မှာ အဆက်ဖြတ်လိုက်ပြီဆိုတော့ မင်းဘာဆက်လုပ်မှာလဲ?"

"......"

ရှီးခဲယွဲ့ ပါးစပ်ထောင့်ရှိ အပြုံးသည် အေးခဲသွားပြီး တဖြည်းဖြည်း မဲ့သွားသည်။

ခုနကပဲ မစ္စကျောင်းက ဒေါသတွေ ထွက်နေတော့ မစရသေးတဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဒေါသတကြီးနဲ့ လူမြင်ကွင်းမှာ ပြောခဲ့သည်။ သူမရဲ့ ဒေါသကြောင့်ထွက်လာတဲ့ စကားများက ပေါ့ပြက်တော့  သာမာန်လူတွေက ဒါကို ဟာသလို့ယူဆကာ လုံးဝဂရုမစိုက်ကြပေ။

သို့သော် လော့ယန်ချွမ်းက သူ့ရဲ့တိတ်တဆိတ်ရည် ရွယ်ချက်များကို အဲ့ဒါကနေ အမှန်တကယ်ဆွဲထု တ်နိုင်မည်ဟု ရှီးခဲယွဲ့မထင်ထားခဲ့ပေ။

ရှီးခဲယွဲ့သူ့ကို စိုက်ကြည့်လိုက်သည်။

"လော့ယန်ချွန်း မင်းဘာပြောချင်နေတာလဲ?"

လော့ယန်ချွမ်းက သူ့ရဲ့ ပြောင်းလဲလာသော အမူအရာကို စိတ်ဝင်တစား ကြည့်နေ၏။

"သခင်လေးရှီး ၊ ကျောင်းအုပ်စုက မင်းနဲ့မပူးပေါင်းချင်မှတော့...

ခေတ္တရပ်လိုက်ပြီး သူ့လက်ထဲမှာ ဝိုင်ခွက်ကို မြှောက်လိုက်ကာ ဆက်ပြောလာသည်။

"မင်း ကိုယ်နဲ့ ပူးပေါင်းချင်လား"

"မင်းနဲ့ ပူးပေါင်းဖို့?"

ရှီးခဲယွဲ့ မလှုပ်မယှက်ဖြစ်နေသည်လည်း တကယ် တော့ သူက သူ့ရှေ့ကလူကို ပြန်အကဲဖြတ်နေ၏။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now