Chapter(367) - ကြည့်ဖို့တောင် ကြောက်စရာကောင်းလွန်းတယ်

Start from the beginning
                                    

သိပ်မကြာခင်မှာပဲ ဖုန်ကျင်းယွီနဲ့ လင်းချီကုတို့က သူတို့ရဲ့ လုယက်ထားမှုများဖြင့် ပြန်လာကြ၏။

သူတို့တွေ အမဲလိုက် တောင်ကုန်းမှာ ရှိနေတဲ့ အချိန်တွင် လင်းချီကုက နတ်ဆိုးသားရဲများစွာကို အမဲလိုက်ခဲ့ပြီး ထိုအကောင်သေများမှ ကျန်ရှိသည့် ယန်ချီနှင့် ကျင့်ကြံဆင့်များအား သူ့ခန္တာကိုယ်အတွင်းသို့ စုပ်ယူခဲ့သည်။ ထို့ကြောင့် သူ့ယန်ချီက ပိုမိုလေးလံလာပြီး တစ်ချိန်တည်းမှာပင် သူ့ကျင့်ကြံဆင်သည်လည်း အလွန်တိုးတက်လာခဲ့သည်ပင်။

အရေးအကြီးဆုံးကတော့ တစ်ခါတုန်းက ခြေလက်များ မထိန်းနိုင်စွာ ယိမ်းယိုင်နေခဲ့သည့် လင်းချီကုက အခုအခါမှာ လုံးဝကို လိုက်လျောညီထွေစွာ နေနိုင်နေပြီဖြစ်သည်။ စကားမပြောတတ်သေးတာနဲ့ နက်မှောင်နေသော မျက်ဝန်းတစ်စုံကြောင့်သာ မဟုတ်ဘူးဆိုရင် သူက သာမာန်လူတစ်ယောက်လိုပင် နေလို့ ရနိုင်နေပြီဖြစ်သည်။

ယန်ထျန်းဟန်က သတိပြုမိသွားတာကြောင့် အလွန်စိတ်လှုပ်ရှားနေမိ၏။

ဖုန်ကျင်းယွီက လင်ရွှမ်းဇီအား နတ်ဆိုးသားရဲ အကောင်သေး မြောက်မြားစွာနှင့် သူတို့ရဲ့ အမြူတေကို ပေးလာသည်။

"ငါတော့ ဒီတောင်ကုန်းကို ရိုးအီနေပြီ။ ဒီမှာ ရှိသမျှက အဆင့်နိမ့်သားရဲတွေကြီးပဲ ပြီးတော့ သားရဲအမြူတေကလည်း အရမ်းသေးတာပဲ ရှိတယ်။ အဲ့ဒါက သွားကြားတောင် မညပ်ဘူး။ ဒီလို အရာမျိးကို စားလည်း ငါ့အတွက် အသုံးမဝင်ဘူး အဲ့ဒါကြောင့် မင်းသုံးလို့ရအောင်ပဲ ယူလိုက်တော့"

လင်ရွှမ်းဇီကတော့ တစ်နေ့နေ့မှာ ထို နတ်ဆိုးသားရဲများနဲ့ သူတို့ရဲ့ အမြူတေကို သုံးကာ မှော်လက်နက် တစ်ခုလောက် ဖန်တီးဖို့အတွက် ယူထားလိုက်သည်။ဖုန်ကျင်းယွီက ထိုအရာများအား အထင်သေးသော်လည်း လူသားကျင့်ကြံသူများအတွက်တော့ ကောင်းမွန်သော အရာဖြစ်သည်။

နတ်ဆိုးသားရဲတိုင်းက အမြူတေ ဖြစ်ထွန်းနိုင်တာ မဟုတ်ဘူး။

ယန်ထျန်းဟန်က တွေးတွေးဆဆဖြင့် ပြောလာ၏။

"ကြည့်ရတာ အကယ်၍ မင်း တစ်ခုခု လိုချင်တယ် ဆိုရင် အထူးလေ့ကျင့်ရေး နေရာမျိုး သွားသင့်တယ်ထင်တယ်"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now