လီအင်ဝူးသည် ဘတ်ဟျွန်းနှင့် ထိုအမျိုးသမီးကြားရပ်ကာ ဘတ်ဟျွန်းကိုသူ့ကျောဖြင့်ကွယ်လာ၏။ ရုံးမှအမျိုးသမီးများ သည်းသည်းလှုပ်ခြင်းခံနေရတဲ့ မန်နေဂျာက ကော်ဖီခန်းထဲထိ သူများကိစ္စကိုဝင်စွက်ဖက်နေသည်။ သူကော်ဖီသောက်ချင်ရင် လက်အောက်ငယ်သားတစ်ယောက်ကို ခိုင်းလို့ရသည်မဟုတ်ပါလား။

"အရင်က သာမန်အောက်ခြေဝန်ထမ်းလေးက ချက်ချင်းကြီးဆိုသလို CEOရဲ့အတွင်းရေးမှူးအထိရာထူးတတ်သွားတာ သာမန်မှဟုတ်ရဲ့လား။ ဘဝမမေ့စေဖို့ကော်ဖီဖျော်ခိုင်းတာပါ တို့က။ အင်ဝူးရဲ့ရုပ်ချောချောလေးက စိတ်ဆိုးနေရင်တောင် တောက်ပနေတုန်းနော်"

ဘတ်ဟျွန်းကရုပ်တည်နဲ့ကြည့်နေရာမှ ရှေ့ကိုပြန်ထွက်လာပြီး ရယ်လေသည်။

"အလုပ်ကြိုးစားလုပ်ခဲ့လို့ ရာထူးတတ််တာပေါ့ဗျ။ ခင်ဗျားလို နှစ်ချို့နေပေမဲ့ရာထူးမတတ်တဲ့သူတွေက ယောက်ျားတစ်ကာကို လိုက်ငမ်းနေလို့ CEO ကရထူးမတိုးပေးတာနေမယ်။
အလုပ်လုပ်ရမဲ့အစား ဘယ်ယောက်ျားကို ဘယ်လိုကြည့်လိုက်မယ် ။ နှုတ်ခမ်းနီလေးကိုဘာလေးဆိုးလိုက်မယ်ဆိုတဲ့
ယောက်ျားတကာကိုမြူစွယ်မဲ့ Strategy တွေဆွဲနေလို့လေ။
HR strategy တွေဆွဲရမဲ့အစား"

"မင်း မင်း.."
ကော်ဖီဖျော်ရန်ထည့်ထားသော ရေနွေးပူပူသည် ထိုအမျိုးသမီးလက်နဲ့ တိုက်ချမိသလိုဖြစ်ပြီး ဘတ်ဟျွန်းလက်ဖဝါးကို လာစင်လေသည်။

"အ့"

"ဘာတွေဖြစ်နေကြတာလဲ အဲ့တာ"

မျက်ခုံးတန်းကြီးကို စုကုပ်ကာ ချန်းယောလ်သည် ဘတ်ဟျွန်းလက်ကို စူးစိုက်ကြည့်လာ၏။ ရေနွေးစင်သည်မှာ အနည်းငယ်ဖြစ်သော်လဲ ဘတ်ဟျွန်းသည် အသံလေးကိုတိုးဖျော့ပစ်လိုက်ရင်း မျက်ရည်လေးများဝဲကာမော့လိုက်ကြည့်၏။
သူ့ကိုမမှတ်မိသောယောက်ျားကို မြူစွမ်တိုက်ရမည်။

"ပူ..တယ် ဟင့်.."

"တောက်.!. ..HR teamခေါင်းဆောင် ဒီအမှားအတွက် report 10စောင်ရေးပြီး ရုံးခန်းထဲလာခဲ့ပါ"

ဘတ်ဟျွန်းလက်ကိုဆွဲကာ ချန်းယောလ်သည် ခြေလှမ်းကျဲကြီးများနှင့်ပွေ့ချီတော့မတတ် သူ့ရုံးခန်းကိုခေါ်လာ၏။ ထို့နောက် ဖိုင်များတင်ထားသောစင်ကိုမွှေနှောက်ကာ ဆေးဘူးကိုရှာသည်။ ဘတ်ဟျွန်းနေ့တစ်ဝက်လောက်ရှင်းထားခဲ့ရသော စင်မှာ လေဆင်နှာမောင်းမွှေထားသလို ကြွက်ကိုက်ထားသလို ပြန်လည်ရှုပ်ပွသွားပြီဖြစ်သည်။

Imaginary SphereWhere stories live. Discover now